Monday 5 August 2013

သူ့လက်ရာများ

နာမည်ချင်းတူပေမဲ့ လူချင်းမတူတာတွေရှိသလို လူချင်းတူပေမဲ့ ကံချင်းမတူတာတွေလည်း ရှိတတ်ပါတယ်။ ထို့အထဲမှာမှ ကျမ အိမ်ဦးနတ်ကို ပိုင်ဆိုင်ထားရတာ ကျမ အတွက်အဖိုးမဖြတ်နိုင်သော အရာတစ်ခုပါဘဲ။ ကျမအပေါ်သိပ်ချစ်ပြီး ကလေးလိုအလိုလိုက်တတ်တဲ့  အိမ်ဦးနတ်ကို ပိုင်ဆိုင်ထားရတာ ကျမ အတွက်ကျေနပ်စရာပါ။ နေ့စဉ်ကျေးဇူးတင်စကားဆိုပြီး တစ်နေ့တိုးလို့ တစ်နေ့တိုးချစ်ခဲ့ကြရပါတယ်။ဘာ ပကာသနမှ မရှိတဲ့ ကျမတို့လင်မယားဘဝမှာ တစ်ဦးပေါ်တစ်ဦး မေတ္တာတွေ စေတနာတွေ အကြင်နာတွေနဲ့ သာယာတဲ့ဘဝလေးကို ရှင်သန်ခွင့်ပြုနေပါတယ်။

ကျမစားချင်တာလေးတွေ သူချက်ကျွေးတယ်။သူ့လက်ရာလေးတွေပေါ့။ 
မရမ်းသီးငပိထောင်း

 မှို+ကန်စွန်းကြော်

ပုဇွန်ခြောက်+ငရုတ်သီးကြော်

သရက်သီးငပိချက်

 ပဲပြားသုပ်

ဟင်းထုပ်စားချင်တာ ငှက်ပျောဖက်မရှိလို့
ခုလို ပေါင်းအိုးလေးနဲ့ပေါင်းစားလိုက်တယ်။
ဟင်းထုပ်ကို ဒီအိုးနဲ့ပေါင်းပေးတယ်။

ဒီသီချင်းလေးက ကျမတို့ဇနီးမောင်နှံ၂ယောက်အတွက်
သီချင်းလေးပါ။
တေးဆို - အငဲ  ရဲ့   (အိမ်) သီချင်းလေးပါ
 
စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

မေတ္တာဖြင့်
အလွမ်းမြို့လေး
5-8-2013

5 comments:

Anonymous said...

<3 <3 <3 <3 peace of mind! :)

လရိပ်အိမ် said...

ဟွန့် ဗိုက်ဆာနေသောအချိန်မှာမှ လာကြည့်ရတယ်လို့ ။

blackroze said...

မကြီးလွမ်းရေ
ဟင်းတွေကိုသရေကျ
မကြီးနဲ့ မကြီးလွမ်းချစ်ချစ်တို့
ထာဝရ ပျော်ရွှင်ပါစေ ဆုတောင်းလျှက်..

ကိုယ်တော်စာပေ said...

မင်္ဂလာပါ အစ်မတော်
ကုယ်တောလာလည်သွားတယ်နော်
ကိုယ်တော်ဆီလာလည်ပေါ့
www.kotawsarpay.com
pannainda.ashin@gmail.com
09400538953
ကိုယ်တော်စာပေ

စံပယ်ချို said...

ပုံတွေကြည့်ပြီးထမင်းဆာလာပြီအလွမ်းရေ