Monday 19 August 2013

ကျမရဲ့ ကံကောင်းခြင်း..



ကျမဘဝ သိပ်ကံကောင်းခဲ့တယ်။ငွေကြေးမချမ်းသာပါဘူး။ပြည့်စုံသူလည်း မဟုတ်ပါဘူး။ဒါပေမဲ့ သူများတွေ ကြုံတွေရတဲ့ ဒုက္ခတွေတိုင်းကျမ ကင်းဝေးခဲ့တယ်။တစ်နေ့နေ့တော့ ကြုံရမှာပါလေ။ ဒါပေမဲ့ ပြီးခဲ့ တာတွေ    ပြန်တွေး မိတိုင်းကျမ (ကံကောင်းခဲ့တယ်)လို့ပြောလို့ရသလို (ကျေးဇူးတော်) လို့လည်းပြော လို့ရပါတယ်။

ကျမလည်း ကရင်ပြည်နယ်ဆိုတဲ့လူတွေပြောတဲ့ အမဲရောင်နယ်မြေ ဆိုလားဘာလား အဲဒီကကြီးပြင်း လာသူပါဘဲ။ ဒါပေမဲ့ လူတွေပြောတဲ့ စစ်သားတွေ မုဒိမ်းကျင့်တယ်ဆိုတာလည်း မခံဖူးသလို တိုက်ပွဲနဲ့လည်း

မကြုံဖူးပါဘူး။စစ်တပ်အပြောင်းအရွှေ့တွေနဲ့တော့ ခဏခဏ ဆုံဖူးပေမဲ့ ကျမ တို့တွေကမိတ်ဆွေတွေဖြစ်ခဲ့
 ကြပါတယ်။အဲတာကလည်း ကျမအတွက် (ကံကောင်းခြင်း)နဲ့ ကျေးဇူးတော်ပါဘဲ။

ပြီးတော့ ရပ်ကွက်အလိုက် ဆိုးဝါးစွာ ရှို့မီးလောင်တာရယ် ရေကြီးတာတွေ ဘဝတွေ ပျက်သုန်းစေတဲ့ မုန်တိုင်းနဲ့လည်း ကျမ ဒီအသက်ရွယ်ထိ တစ်ခါမှ မကြုံဖူးသေးပါဘူး။အဲတာကလည်း ကျမ အတွက် (ကံကောင်းခြင်း ) နဲ့ ကျေးဇူးတော်ပါဘဲ။


နောက်ပြီး ရောဂါဆိုးတွေဆိုတဲ့ ကင်ဆာ TB ..B...C..HIV အဲဒီရောဂါတွေနဲ့ လည်းကျမ ယခုချိန်ထိ ကင်းဝေးစွာ နေခွင့်ရတာလည်း ကျမအတွက် ကံကောင်းခြင်းနဲ့ ကျေးဇူးတော်ပါဘဲ။အဲဒီအတွက်လည်း ကျမဟာ (ကံကောင်းခြင်း)နဲ့ ကျေးဇူးတော်ကို ဆက်လက်ခံစားခွင့်ရနေသူပါ။

နောက်ပြီးတော့ သားသမီးကို စွန့်ပစ်တဲ့မိဘ .. အဖေက လူဆိုး အမေက သစ္စာပျက် အိမ်ထောင်ရေးပြိုကွဲ အဲလိုမိသားစုထဲလည်း ကျမ မမွေးဖွားခဲ့ရတာ ကျမအတွက် ကံကောင်းခြင်းတစ်ခုပါဘဲ။အဲဒီဟာလည်း ကျမအတွက် (ကံကောင်းခြင်း) နဲ့ ကျေးဇူးတော် တွေဘဲပေါ့။

ဘာဘဲပြောပြော ကျမ တွေးမိတာလေးတွေ ခုလိုချရေးမိရင်း ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူး တင်မိပါတယ်။ ဒါပေမဲ့ သေချာတာတစ်ခုက  တစ်နေ့ .... ကျမတို့အားလုံးဟာ သေခြင်းတရားနဲ့ မလွဲမသေ ရင်ဆိုင်ကြရမှာဘဲ။ကျမ ဒီနေ့ကောင်းနေပေမဲ့ နက်ဖြန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမပြောနိုင်သလို ကျမ ကိုယ်တိုင်လည်း မသိပါဘူး။ဒါကြောင့် ယနေ့ထိအသက်ရှင်ခွင့်ရစဉ်အချိန်လေး တွေးမိတာလေးတွေ စိတ်ထဲရှိတဲ့အတိုင်း ရေးချမိသည်။


အရာရာအားလုံးဟာ ကျမအတွက်  ( ကံကောင်းခြင်းရယ် ) ကျေးဇူးတော်တွေကြောင့်ပါဘဲလို့......


စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
မေတ္တာဖြင့်
အလွမ်းမြို့လေး
19-8-2013

2 comments:

နွေလ said...

အစ်မလို တွေးကြည့်ရင်
ကျနော်လည်း ကံကောင်းတယ်လို့ ဆိုရင် ရမလား မသိဘူး
ဒါပေမဲ့ အစ်မရဲ့ ကံကောင်းခြင်းက ပိုကံကောင်းမှာပါလေ
ကံဆိုးမှုတွေကြားထဲက ကံကောင်းမှုဆိုတာ
ကံကောင်းမှုတွေ ရှိနေတဲ့ ကြားက
ကံကောင်းမှုဆိုတာထက်တော့ ပိုအဖိုးတန်မှာပါ

ပျော်ရွှင်ပါစေ အစ်မ

Yoemyaykya said...

မကြီးလွမ်းရဲ့ ကံကောင်းခြင်းကို အပြည့်အ၀ခံစားသွားပါတယ်။ ကိုယ့်ဆီမှာ ရှိတဲ့ဟာတွေကို အကောင်းမြင်တတ်တာလဲ ဘ၀မှာ နေပျော်တာပဲနော် မမ။