Friday 18 October 2013

18-10-2013 အဖိတ်ည ဆီမီးထွန်းတဲ့ည

သီတင်းကျွတ်အခါသာမညမို့ အွန်လိုင်းမှခင်မင်ရသော ဘလော့မှခင်မင်ရသော ဂျီတော့မှ ခင်မင်ရသော ထိုအတူ ဖဘမှခင်မင်ရသော ရဟန်းသံဃာများနှင့် ဖေဖေ- မေမေ - ဦးဦး - ဒေါ်ဒေါ် ...ကိုကို.. မမ...များအားလုံး မိမိထက် အသက်ကြီးသော သူများအားလုံးကို ကိုယ်စိတ်နှစ်လုံးသုံးပါဖြင့် လက်စုံမိုး၍ ဤဘလော့ စာမျက်နှာလေးကနေ ကန်တော့လိုက်ပါတယ်။ သိ၍ပြစ်မှားမိသည် အပြစ်ဖြစ်စေ မသိ၍ပြစ်မှားမိသည်ရှိသည်ဖြစ်စေ  ကာယကံ ဝစီကံ မနောကံများနှင့် ကျူးလွန်မိသော အပြစ်အားလုံးကို ခွင့်လွှတ်ပေးတော်မူကြပါ။ ကျမကို မမြင်ဖူးပေမဲ့ ချစ်ပါတယ်ဆိုတော့ အဝေးမှ မိဘကဲ့သို့အန်တီများ...ကိုလည်း ကန်တော့လိုက်ပါတယ်။

ရိုသေစွာကန်တော့လျှက်
အလွမ်းမြို့
 
18-10-2013 ည..သီတင်းကျွတ်လပြည့် အဖိတ်နေ့မှာ အိမ်မှာဆီမီးတွေ ထွန်းထားပါတယ်။ မိမိအိပ်ခန်း....ဧည့်ခန်း နဲ့ မီးဖိုဆောင်တွေမှာ  ဖယောင်းတိုင် (၉) တိုင်ဆီထွန်းလိုက်ပါတယ်။နှစ် တိုင်းတော့ လုပ်ဖြစ်ပါတယ်။

ညနေ (၆)နာရီတော့ ဇနီးမောင်နှံ (၂)ယောက် လမ်းလျှောက်ထွက်ဖြစ်တယ်။လမ်းလျှောက်ထွက်တုန်း အဝေးကထိန်ထိန်သာနေတဲ့ "လ"ကို ဓါတ်ပုံလေး ရိုက်ခဲ့တယ်။ 
 
 ဒီပုံလေးက ညနေ(၆)နာရီလမ်းလျှောက်ထွက်တုန်းရိုက်တာ
 
ဒီအောက်ကပုံက လမ်းလျှောက်အပြန် ည(၇)နာရီမှာ
ရိုက်တဲ့ ပုံလေးပါ။ဈေးမဝယ်ခင် ဆိုင်ရှေကနေရိုက်ထားတာ

 
 
ဒီပုံက ကျမတို့ မီးဖိုဆောင်မှာထွန်းထားတာပါ။ ဘုရားပန်းကတော့ မနက်လင်းရင်
ဘုရားကပ်ဖို့ ဝယ်ထားတာပါ။

ဒီအောက်ကတော့ ကျမတို့ ဧည့်ခန်းထဲမှာ ထွန်းထားတာပါ

အောက်ဆုံးပုံကတော့ ကျမ နေ့စဉ် ကွန်ပျူတာထိုင်သုံးနေတဲ့နားက
ပြတင်းပေါက်လေးမှာ ထွန်းထားတာပါ။

သီတင်းကျွတ်အခါသာမညလေးမှာ မိသားစုတိုင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး
18-10-2013

2 comments:

ရွှေယွန်းဝါ said...

မကြီးလွမ်းကိုလဲ ညီမ ဒီနေရာကနေ ကန်တော့ပါတယ်။
blog တွေကို မသွားဖြစ်တာ အတော်ကြာသွားပြီ။
မကြီးလွမ်းတို့အိမ်လေးကချစ်စရာလေး။
ဆီမီးပူဇော်ထားတာလေး ကြိုက်တယ်။
ဒီမရောက်ခင်တုန်းက သီတင်းကျွတ်တိုင်း အိမ်မှာ သုံးရက်ဆီမီးပူဇော်ဖြစ်တယ်။
ဒီရောက်တော့ ဦးလေးအိမ်မှာဘဲ နေရတာမို့လို့ ဘာမှမလုပ်ဖြစ်ဘူး။

စံပယ်ချို said...

ချစ်စရာ အိမ်လေးကိုလကြည့်နေတယ်နော်
ကျန်းမာပါစေအလွမ်းရေ....သားရော အမေပါနော်