မြန်မာသက္ကရာဇ် (၁၃၇၅) သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ (19-10-2013)သီတင်ကျွတ်လပြည့်နေ့က ချောင်းဦးမြို့ မြို့မရပ်ရှိ (စေတဝန်ကျောင်းတိုက်)တွင် နန်းထွေး၏ မွေးနေ့အလှူပုံ အမှတ်တရနှင့် ချောင်းဦးမြို့မှ မောင်ငယ်ဝေဖြိုး၏ စုပေါင်းအလှူ ပုံလေးတွေပါ။အလှူရှင် နန်းထွေးမိသားစုနှင့် မောင်ငယ်ဝေဖြိုးတို့ မိသားစု စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ။
အောက်တိုဘာ (၁၉)တွင် ကျရောက်သော မွေးနေ့ရှင် ကျမအချစ်ဆုံး သူငယ်ချင်း နန်းထွေးနှင့်တစ်ကွ မိသားစုအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး အလှူရေစက် လက်နဲ့မကွာပြုနိုင်သူများဖြစ်နိုင်ကြပါစေ။ ထို့အတူ အလှူတွင်စုပေါင်းပါဝင် လှူဒါန်းသော ချောင်းဦးမြို့မှ မောင်ငယ်ဝေဖြိုးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လောကအကျိုး သာသနာ့အကျိုးကို ဆထက်တစ်ပိုး ထမ်းရွက် သယ်ပိုး နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။
စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး
1-11-2013










No comments:
Post a Comment