Saturday 23 November 2013

7 ..ပြီးတော့ 8..(Windows8 နဲ့တောသူမ)

အသစ် ဘယ်လောက်ကောင်းကောင်း အဟောင်းကိုဘဲ တဝဲလည်လည် ဖြစ်မိတယ်။မနေ့က ရုံးတစ်ခုသွားရင်း အပြန်မှာ ဂျာမနီကဖွင့်ထားတဲ့ ဆိုင်လေးထဲ ဝင်လည်မိတော့ ဈေးချတာက မြူဆွယ်.. ဝယ်ချင်စိတ်ဖြစ်လာတော့ ငွေလည်းကုန်ခဲ့ ရတာပေါ့...ဒါပေမဲ့ ကျမ ကျေနပ်ပါတယ်...ခုလို အကျိုးရှိတာအတွက် ဝယ်ရင်းကုန်ရတာမို့ ကျမ ပျော်ပါတယ်။ ကျမ အဝတ်အစားးး အလှအပ မိတ်ကပ်ပစ္စည်းတွေထက် ခုလို စက်ပစ္စည်းတွေကို ဝယ်ရတာ ပိုသဘောကျသူပါ။ စက်ပစ္စည်းဈေးချပြီဆို ကျမ ဝယ်ချင်စိတ်က တားမရအောင်ပါဘဲ...  ဝယ်တယ် ကလိတယ် အဲတာက ဝါသနာ.....။ ..ဝယ်တယ် လှူတယ်..ပေးတယ်. အဲတာ အကျင့်.........

ဟိုးအရင် ကွန်ပျူတာစသုံးတော့ နေ့စဉ်အသုံးပြုတဲ့ ဝင်းဒိုး XP မှ ကျမအတွက် အဆင်ပြေသလို သုံးရတာ ပိုကောင်းတယ်လို့ စွဲမြဲစိတ်နဲ့ ထင်ခဲ့ဖူးပါတယ်။အဲဒီနောက် ကျမ အိမ်ဦးနတ် ဆီရောက်လာချိန်မှာ ကျမအတွက် Windows´´7 တစ်လုံးသူဝယ်ပေးပါတယ်။ စစ သုံးချင်း ကျမအတွက် အတော်အဆင်မပြေသလို စိတ်အစွဲကလည်း အဟောင်းဝင်ဒိုး XP  မှ XP ပါဘဲ။ ဒီလိုနဲ့ ကျမကလည်း ကလိဝါသနာပါသူမို့ နေ့စဉ် ဒီ Windows7 လေးနဲ့ဘဲ အဖော်ပြုလာလိုက်တာ ခုဆိုအဲဒီ Windows7  နဲ့ကျမက ခွဲမရအောင်ဖြစ်နေချိန်မှာ ..... Windows8 တစ်လုံး ထပ်ဝယ် လာပေး ပြန်ရော။ 

ကျမ မငြင်းခဲပါဘူး...သူဝယ်ပေးတာ လက်ခံလိုက်ပါတယ်။ အိမ်ရောက်တော့ Windows8 မကြိုက်သလို မကျွမ်းကျင်တဲ့ကျမနဲ့ ဒီကွန်ပျူတာလေး နှစ်ပါးသွားခဲ့ရပြန်ရော။ အသစ်ရပေမဲ့ ကျမလက်ရှိသုံးနေတဲ့ အဟောင်းလေး Windows7 လောက် မမက်မောခဲ့ပါဘူး။ Windows7 လေးကိုဘဲ ပိုသံယောဇဉ်ဖြစ်မိတယ်။ အဟောင်းဆိုပေမဲ့ ကျမအတွက် တကယ့်အကြမ်းခံ အနစ်နာခံပေမဲ့ အဖော်မွန် အဟောင်း Windows7 လေးပါဘဲ။ကျမ အသစ်ရပေမဲ့ အဟောင်းလေးကိုလည်း မစွန့်လွတ်နိုင်ပြန်ဘူး။ အော်....သက်ရှိတွေမှ တွယ်မိရင် ငြိပြီး သံယောဇဉ်တွယ်တတ်တာ မဟုတ်သလို သက်မဲ့တွေကိုလည်း တွယ်မိရင် ငြိ..ပြီး သံယောဇဉ် ဖြစ်တတ် တာလေးတွေးမိရင်းးးး

အော်........အသစ် ဘယ်လောက်ကောင်းကောင်း အဟောင်းကိုဘဲ တဝဲလည်လည် ဆိုတာ ကျမအတွက်များ ဖြစ်နေပြီလားးးးးးး

ဒီအောက်က လက်တော့လေးကတော့  ကျမနဲ့အတူ (၄)နှစ်တာအဖော်ပြုပေးတဲ့ လက်တော့အဟောင်းလေးပါ..စွဲမြဲစွာလက်တွဲလာခဲ့တာ (၄)နှစ်ကျော်မို့
သံယောဇဉ်အတော်ဖြစ်မိတာ အမှန်ပါဘဲ....





ဒီအောက်က လက်တော့လေးကတော့  22-11-2013 နေ့က သူကျမအတွက် 
ဝယ်ပေးတဲ့လက်ဆောင်လေးပါ..Windows8နဲ့ တောသူမဆိုတာ
ဒီလက်တော့နဲ့ ကျမကို ဆိုလိုတာပါဘဲ...







ဘာရယ်တော့မဟုတ်ပါဘူး...အိမ်ဦးနတ်ရဲ့ချစ်မေတ္တာကို အသိမှတ်ပြုတဲ့ အတွက် ဒီနေရာလေးကနေ ကျမအိမ်ဦးနတ်ကို ကျေးဇူးတင် အသိမှတ်ပြုတဲ့အကြောင်း စိတ်ထဲရှိတဲ့အတိုင်း ပေါ့ပေါ့ပါးပါး ရေးလိုက် မိတာကို လာရောက်လည်ပါတ်တဲ့ပြီး ဖတ်ပေးတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးလည်း ကျမကို နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ အိမ်ဦးနတ်ကြီးရေ အရာရာတိုင်း အတွက် ကျမ ရှင့်ကိုကျေးဇူးတင်ပါတယ်.....လက်တော့အသစ်လေးနဲ့ ကျမရဲ့ ဘလော့လေးကို ပိုစ့်တင်ရင်း ဖွင့်ပွဲလုပ်ပေးလိုက်ပါတယ်....

စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး
23-11-2013

1 comment:

စံပယ်ချို said...

အလွမ်းရဲ့ အိမ်ဦးနတ်နဲ့ နောင်နှစ်ပေါင်းများစွာတိုင်
ပျော်ရွှင်ပါစေရှင်