Thursday 6 February 2014

ကျမ၏ ပီတိများ

ကျမစက်ချုပ်နေသည်။
တကယ်တော့ ကလေး ခြုံစောင်အစွပ် ခေါင်းအုံးအစွပ်
မွေ့ယာအစွပ်ကို ငွေပေးလျှင် မည်သည့်နေရာတွင်မဆို ဝယ်ယူနိုင်သော်လည်း
မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပေါင်းစည်းပြီး လူ့လောကထဲ ရောက်လာတဲ့ ကိုယ့်
ရင်သွေးအတွက် ကိုယ်တိုင်ချုပ်လုပ်ပေးချင်မိတာ  အမေ............ဆိုတဲ့ ကိုးလလွယ်
ဆယ်လဖွား ဒုက္ခ သုခတွေ ခံစားခဲ့ရတဲ့ မိန်းမတစ်ယောက်ရဲ့ မေတ္တာတွေပေါ့။
 
 
အပြင်လူတွေအမြင်မှာတော့ ကျမကို အကဲပိုသူလို့ ထင်ကောင်းထင်မည်။ သို့သော် သူများအမြင် အပိုတွေဟာ ကျမ အတွက်တော့ လိုနေပါသေးသည်။ကိုယ့်သွေး ကိုယ့်သား ကိုယ့်ရင်သွေးလေးရယ်ဖြစ်လာတဲ့ အချိန်မှာ မိန်းမတိုင်း မိခင်တိုင်းက ကျမလိုဘဲ ရူးသွပ်ဖူးကြမည်။ ခံစား ပီတိတွေဖြစ်ဖူး ကြမည်။တကယ်တော့ အမေ....ဆိုတဲ့ မိန်းမ တစ်ယောက်ရဲ့ ချစ်ခြင်းတွေဟာ နှိုင်းတုလို့မရနိုင်အောင်ပါဘဲ အမြဲ ပိုနေပါမည်။ မိန်းမဆိုတဲ့နာမည် (ဂုဏ်ပုဒ်) တစ်ခုတည်းနဲ့ လူတိုင်း မိခင်မဖြစ်လာနိုင်ပါဘူး..တကယ်လို့ သင်ဟာ မိခင်ဆိုတဲ့ ဂုဏ်နှင့် ညီမျှလာပြီဆိုလျှင် ကျမလိုချစ်ခြင်းတွေကို ကိုယ်တိုင်ကိုယ်ကျ ခံစားဖူးပြီး ပီတိတွေနဲ့ ပျော်နေမှာပါ..

သားအတွက်ဝယ်လာတဲ့  ခြုံစောင်ကို ကျမကိုယ်တိုင် အစွပ် ချုပ်ပေးသည်။သားအတွက် ဝယ်လာသော ခေါင်းအုံးကိုလည်း ကျမ ကိုယ်တိုင် အစွပ် ချုပ်ပေးသည်။သားအတွက် ဝယ်လာသော မွေ့ယာကိုလည်း ကျမ ကိုယ်တိုင် အစွပ် ချုပ်ပေးသည်။ သားအတွက် ဝယ်လာသော ကုတင်ကို အလင်းရောင်နှင့် ဖုံများမှကာကွယ်ရန် ဘေးနား အကာကို ကျမကိုယ်တိုင် ချုပ်ပေးသည်။ တကယ်တော့ ကျမက ဘာမှ မတတ်တဲ့ မိခင်တစ်ယောက်ပါ။သို့သော်...ကိုယ့်သွေးကိုယ့်သားဖြစ်တဲ့ ရင်သွေးအတွက်ကျမ လက်နဲ့ ကိုယ်တိုင်ချုပ်ပေးချင်သည်။ကျမ သိပ်ပျော်ပါသည်။သားသားကို လူ့လောကထဲ လိမ်မာရေးခြား ရှိအောင်ကျမ ဆုံးမသွန်သင်ရမည်..ကျမ အားတွေမွေးထားသည်။
 
ခုလိုချုပ်ပေးခွင့်ရတော့ မိခင်မေတ္တာ
ပိုပေါ်လွင်လာသလို ငွေကြေးလည်း ကုန်ကျ
သက်သာလှပါသည်။ပုံမှန် ဆိုင်မှာ စောင်အစွပ်
ခေါင်းအုံး အစွပ် မွှေ့ယာအစွပ်တွေ ဝယ်မည်ဆိုလျှင်
ဒီငွေ (500 ခရိုနာ) လောက် ကုန်မည်...အခု ကျမ 
ပိတ်လေးဝယ်ပြီး သားအတွက် အမေ့
လက်နဲ့ကိုယ်တိုင်ချုပ်ပေးတာ အကုန်လုံးမှ
(55 ခရိုနာ) သာကုန်သည်။ ငွေကြေး
သက်သာသလို သိပ်ကြည်နူး
ပီတိဖြစ်ရသည်.....

ကျမပီတိတွေကို ဓါတ်ပုံလေးနှင့် မျှဝေသည်။ခုချုပ်သော ခေါင်းအုံးစွပ် .. ခြုံစောင်စွပ်.....မွှေ့ယာစွပ် များသည်.....ချုပ်ရ
လွယ်ကူသောအရာဖြစ်သော်လည်း ကျမ၏ ပီတိ ပျော်ရွှင်မှု့ မြင်စေချင်သည်။


ဒီစက်အိုကြီးနဲ့ပေါ့ ကျမစက်ချုပ်နေသည်။

သားသားခေါင်းအုံး အစွပ် မချုပ်ခင်
 
သားသားခေါင်းအုံး အစွပ်  ချုပ်ပြီး
 
ရေလျှော်ပြီး ခေါင်းအုံးစွပ်များ

သားသား ခြုံစောင် အစွပ် မချုပ်ခင်

သားသား ခြုံစောင် အစွပ် ချုပ်ပြီး

ကုတင်လေး တပ်ဆင်ပြီးနှင့် မွေ့ယာ အစွပ်ချုပ်ပြီး

 
 ကုတင်ပေါ် ခြုံစောင်နှင် ခေါင်းအုံး နေရာယူပြီးချိန်


ဒါလေးကတော့ စကာင်္ပူမှ အသိအမတစ်ယောက်ရဲ့ လက်ဆောင်ပါ... ဖဘကနေဘဲ ခင်မင်လာကြတာပါ။သားသားအတွက် အကျီလေးတွေနဲ့ ကျမလိုချင်တဲ့ ကလေးအတွက် ထက်လင်းရင်လူးဆေးရယ် စလုံးက တရုတ်လိမ်းဆေးရည်ပါ။ ကလေးလေထိုးရင် အရေးအကြောင်း အသုံးဝင်အောင်ပေါ့။ ဝယ်ပို့ပေးလို့ အတိုင်းမသိ ဝမ်းသာကျေးဇူးတင်မိပါတယ်။



စာဖတ်သူများ ကျမကို နားလည်ပေးနိုင်မည်ဟု ယုံကြည်ပါတယ်။ သီးခံပြီးလာရောက်အားပေး တဲ့အတွက်လည်း စာဖတ်သူများကို အထူးကျေးဇူးတင်ပါတယ်။

စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး
6-2-2014

6 comments:

စံပယ်ချို said...

ပုံလေးတွေညြ့်ပြီးကြည်နူးဝမ်းသာလိုက်တာအလွမ်းရေ--------နေကောင်းကျန်းမာပါစေ
သားလေးရောပေါ့နော်

Unknown said...

မ ပျော်နေတယ်ပေါ့နော် :)

အလွမ်းမြို့ said...

ညီမလေး မိသဲရော မဂျက် ကိုရော ကျေးဇူး တင်ပါတယ်..

7-2-2014

ကြည်ဖြူခင်ခင် said...

တကယ်ကို ကြည်နူးစရာပါလား.. မကြီးလွမ်းရယ်..

ရာဇာထွေး said...

မကြီးရေ...အဲဒါ မိခင်မေတ္တာ၊ မိခင်စိတ်ပေါ့...
မိန်းမ ချင်းအတူတူဆိုပေမယ့် မိခင်လောင်းတွေ၊ မိခင်တွေကပိုပြီး
မြင့်မြတ်ကြတယ်မကြီးရေ(အပျိုတွေ၊ အပျိုကြီးတွေကိုနှိမ့်ကျတယ်လို့မဆိုလိုပါ)။
သားသမီးရတနာလေးတွေကြောင့်သာ ကိုယ်ကထူးမြတ်တဲ့ “အနန္တဂိုဏ်းဝင်”
ဖြစ်နိုင်တာမဟုတ်လား မကြီးရေ...အရင်က နှစ်ယောက်ထဲဘ၀မှာ ဘယ်လောက်
တောင်ပြည့်စုံတယ်ပြောပြော သားသမီးဆိုတဲ့အိမ်ရဲ့ ဆွဲလည်းလေးတွေမရှိရင် မိသား
စုဘ၀ဆိုတာလည်း မရှိနိုင်ဘူးမကြီးရဲ့... မိဘတွေဖြစ်လာတော့မယ့် မကြီးတို့ဇနီး
မောင်နှံနဲ့အတူ ထပ်တူထပ်မျှဝမ်းသာပီတိဖြစ်မိပါတယ်မကြီးရေ....

ခင်မင်စွာဖြင့်
ရာဇာထွေး

ပန်းအိ said...

"သားလေးအတွက် မိခင်ရဲ့ ခွန်အားသစ်"
သားလေး စာတွေ ဖတ်တတ်လာတဲ့အချိန်၊ သားလေး အတွက် အားဖြစ်စေမယ့် ဆေးကောင်းတစ်လက် ပါပဲ မကြီးလွမ်း ....

သားလေးပုံလေး ပြလို့ရတဲ့အချိန်ကျရင် ပို့စ်တစ်ပုဒ်နဲ့အတူ သားလေးပုံကိုပါ မျှဝေပါအုန်းနော် :)

ချစ်ခင်မှုဖြင့်
ပန်းအိ