Monday 20 June 2016

...............ပျံသန်းခြင်း..........

...............ပျံသန်းခြင်း..........


အဆိုးတွေကြုံလာလည်း ခဏပေါ့
အကောင်းတွေကြုံလာလည်း ကျေနပ်ပေါ့
ရတာမလို လိုတာမရ ဟောဒီဘဝထဲမှာ
လက်ရှိအခြေနေက အကောင်းဆုံးပါ။
-
ငိုချင်နေလား ငိုပစ်လိုက်
ငိုပြီးရင် ရီ(ရယ်)ရလိမ့်မယ်..
ကျရှုံးသွားလား ခဏပေါ့
ရှုံးနိမ့်ခြင်းရဲ့နောက်မှာ အောင်မြင်ခြင်းရှိတယ်
အဓိက..တစ်ဖန်ပြန်ကြိုးစားချင်စိတ်ရှိဖို့ဘဲ။ 
-
တွေးကြောက်နေလို့မှ မဖြစ်တာ
လှဲကျရာနေရာကထ
စိတ်ဓါတ်ကိုမြင့်တင်
ဘဝအတွက် ရေရှည်တွေးလို့
မောမန်းပြီး အားအင်ကုန်ခမ်းနေပါစေ
ကျမ.......ပျံသန်းရဦးမည်။
.
.
20-6-2016
အလွမ်းမြို့လေး
ဓါတ်ပုံကို Google က ကူးယူထားပါသည်။

No comments: