Sunday 29 August 2010

ငါဆိုတဲ့ အတ္တအစွဲ

    
           
   " ငါ " 

ဒီအိမ်ကြီးက  ငါ့အိမ် 
ဒီဥစ္စာပစ္စည်းက  ငါ့ပစ္စည်း / ငါ့မိသားစုအတွက်
ဒီကားကြီးက  ငါ့ကား / ငါ့သားသမီးအတွက်
ဒီပိုင်ဆိုင်သမျှတွေ     ငါ့ခွန်အား ငါ့အစွမ်းကြောင့်

ငါ                        အရာရာကို ပိုင်ဆိုင်တယ်။
ငါ                        အရာရာကို လုပ်နိုင်တယ်။
ငါ့                       မှာအရာရာ ပြည့်စုံတယ်။

ရေပူရေချမ်း ငါ တတိုင်းရ 
ငါ                       သာ ဘုရင်
ငါ                       သာ သခင်
ဒီစိတ်တွေဘဲ ငါသိ/ငါရှိ

သို့သော် ငါမသိ / ငါမပိုင်တာ တစ်ခုကျန်သေး၏။
အဲဒီ ငါမသိ / ငါမပိုင်ဆိုတာက ငါ့ရဲ့ (သေခြင်း) တရားဘဲ။
အော်...ငါ့ရဲ့ (သေခြင်း) တရား(သေခြင်း)နေ့ရက်ကို
ငါမပိုင်ဘူးဆိုတာ ငါမေ့နေပါလား။။

လေးစားလျှက်
 အလွမ်းမြို့လေး

No comments: