Saturday 2 October 2010

မန္တလေးပြင်ဦးလွင်ကားလမ်းအနီး ရွာများ ဆည်ရေတိုး၍ ဒုက္ခရောက်ကြ

                        မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ ဆည်တော်လေးဆည်  ရေလျှံမှုလို့ ပြည်တွင်းဂျာယ်များတွင် ဖော်ပြထား ပါတယ်။ လူ၂ဦး  သေဆုံးတယ်လို့ စာရင်းထုတ်ပြန် ထားပါတယ်။ အခုလောလောဆယ် လူများ ချက်ပြုတ် စားစရာ   အိုးခွက်ပုဂံကို မရှိပဲ   ဆင်းရဲဒုက္ခဖြစ်  နေကြပါတယ်။ အဆိုပါ ကျေးရွာများအနက်  ဆင်းရဲဆုံး ဖြစ်သော ဂိုက်တန်းရွာသည်ရေထဲ ပါသွားသော အိမ်ခြေ ၁၅၃ အိမ်ဖြစ်ပါတယ်။ ကျောင်းသားဦးရေ ၁၄၅ ဦးဖြစ်ပါတယ်။ဘာအ၀တ်အစားမှ မရလိုက်ပါဘူး။ ကိုယ်လွတ်ပြေးလာ ခဲ့ရပါတယ်။ အခုလောလောဆယ်တော့ လူတွေဆန်နို့ဆီဗူး၁ဗူး မှ၎ဗူးအထိ လာလှူနေကြတာ  တွေ့ရပါတယ်။ သူတို့အတွက် အ၀တ် အစားအဓိက လိုအပ်နေပါတယ်။ ကလေးငယ်များအတွက် ကျောင်းသုံး စာရေးကိရိယာများလည်း လိုအပ်နေပါတယ်။ စာသင်ခုံများလည်း လိုအပ်ပါတယ်။တနင်္လာနေ့   ကိုဦးဇင်းတို့ ကြွရောက်  လှူဒါန်း ကြပါမည်။ ပါဝင်လှူဒါန်းလိုသူများ  ဆက်သွယ်နိုင်ကြပါတယ်။


ဒီပို့စ်ကို ဦးဇင်းဦးကောဝိဒဆိုက်မှ ပြန်လည်ကူးယူ ဖော်ပြထားပါတယ်။ စေတနာအလှူရှင်များကိုလည်း ဖိတ်ခေါ်ပါတယ် စာနာစိတ်နဲ့ လှူဒါန်းနိုင် ကြပါစေ။


ကျွန်တော်ထံ ဆက်သွယ်ချင်ရင် skyflower.mkp@gmail.com သို့ ဆက်သွယ် လှူဒါန်းလို့ ရပါတယ်။


လေးစားစွာဖြင့်
အလွမ်းမြို့လေး

No comments: