မန္တလေးရေဘေးအတွက် ကျွန်တော့်ဘလော့မှာ ကြော်ငြာထားပြီး အလှူငွေများ လက်ခံပါတယ်။ ဒိန်းမတ်နိုင်ငံမှ စေတနာသဒ္ဒါတရား ထက်သန်သူတစ်ချို့နှင့် စကာင်္ပူမှ စေတနာအလှူရှင် အချို့ကိုလက်ခံရရှိထားပါတယ်။ ယနေ့ အောက်တိုဘာ (၁၄) ရက်နေ့ထိ ကျွန်တော်လက်ခံရရှိထားသော အလှူရှင်နှင့် အလှူငွေစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။ အလှူငွေထည့်ဝင်ချင်သော ညီအစ်ကို မောင်နှမများလည်း ကျွန်တော်ထံဆက်သွယ်ပြီး ဆက်လက်လှူဒါန်းလို့ ရပါတယ်။ ယခုအောက်တိုဘာ (၁၄) ရက်နေ့ထိ လက်ခံရရှိထားသော အလှူငွေများကို ဦးဇင်းဦးကောဝိဒထံသို့ နက်ဖြန်တွင်လွှဲပေးမည် ဖြစ်သောကြောင့် အလှူတွင်ပါဝင်လှူဒါန်းသော စေတနာရှင်များကို အသိပေးကြေငြာရင်း အလှူတွင် မပါဝင်ရသေးသော ညီအစ်ကို မောင်နှမများကိုလည်း ဆက်လက် ဖိတ်ခေါ်ကြောင်းပါ ခင်ဗျာ။
ကျွန်တော်ဂျီမေလ်းကတော့ skyflower.mkp@gmail.com စေတနာသဒ္ဒါးတရား ထက်သန်သလို ဆက်သွယ်လှူဒါန်း နိုင်ပါတယ် ခင်ဗျား။
လက်ခံရရှိထာသော အလှူရှင်များမှာ
ကိုမြတ်စိုးအေး ဒိန်းမတ် ( ၅၀၀ ) ခရိုနာ
ကိုလင်းလင်းထွန်း ဒိန်းမတ် ( ၂၀၀ ) ခရိုနာ
ကိုမျိုးမျိုးအေးနှင့်ဇနီး ဒိန်းမတ် ( ၂၀၀ ) ခရိုနာ
အလွမ်းမြို့လေး(အိမ်လွမ်းသူ ( ၂၀၀ ) ခရိုနာ
ကိုအောင်နိုင်ထွန်း စကာင်္ပူ ( ၂၀ ) စကာင်္ပူဒေါ်လာ
စလုံးမှ သူငယ်ချင်း စကာင်္ပူ ( ၆၀ ) စကာင်္ပူဒေါ်လာ
စုစုပေါင်း ဒိန်းမတ်ခရိုနာ ( ၁၁၀၀) နှင့် စကာင်္ပူ ဒေါ်လာ (၈၀) လက်ခံရရှိထားပြီး နက်ဖြန် (၁၅) ရက်နေ့တွင် ဦးဇင်းဦးကောဝိဒထံသို့ လွှဲပေးမည် ဖြစ်ကြောင်းပါ။
လေးစားလျှက်
အလွမ်းမြို့လေး
No comments:
Post a Comment