Tuesday 19 October 2010

ဒါပေမဲ့

နိုင်ငံတော်ကို  ချစ်တယ်
ဒါပေမဲ့ " ငါ "ဟာ
နိုင်ငံရေးသမားတစ်ယောက်
မဖြစ်ခဲ့ဘူး။

မြန်မာပြည်ကို လွမ်းတယ်
ဒါပေမဲ့  လွမ်းလေ  ဝေးလေ
ဘဝနဲ့ " ငါ " မပြန်ဖြစ်ခဲ့ဘူး။

စီးပွားရေး ဆိုတာကို ကြိုက်တယ်
ဒါပေမဲ့ အဖွဲ့စည်းအကြောင်းပြ
" ငါ " ငွေမရှာခဲ့ဘူး။

စာနာသနားစိတ်တွေ
" ငါ့ " မှာရှိတယ်
ဒါပေမဲ့ အခြေနေ
အကြောင်းကြောင်း ကြောင့်
" ငါ " ထုတ်မပြခဲ့ရဘူး။

တစ်ချိန်ကအချစ်ကို
ကိုးကွယ်ဖူးတယ်
ဒါပေမဲ့ " ငါ " မရူးမိုက်ခဲ့ဘူး။

ငါ့ မျက်ရည်တွေ ကျခဲ့ဖူးတယ်
ဒါတွေဟာ ချစ်သူကို
လွမ်းလို့ကျခဲ့တာ 
မဟုတ်ခဲ့ဘူး။

ငါ့မှာ ခွန်အားတွေရှိတယ်
ဒါပေမဲ့ ငါဘယ်နေရာမှာ
အသုံးချရမယ်ဆိုတာ
မသိခဲ့ဘူး။

ဒါပေမဲ့ ...............


မေတ္တာဖြင့်
အလွမ်းမြို့လေး

2 comments:

ကိုဇော် said...

အမလေး...
အောက်က တောင်းပန်စာက ထည့်ထားရသေးတယ်။
ကိုယ့်ဖာသာ ကဗျာရေးတာပဲ။ ဘယ်သူ့ကို တောင်းပန်နေရတာလဲ ဟီးဟီး။
ကဗျာကတော့ တိုတို ထိထိ မိမိ ပဲ..
ဂွတ်..။

အိမ်လွမ်းသူ said...

ကိုဇော်ရေ။
တောင်းပန်တယ်ဆိုတာကလည်း ကိုယ့်ရဲ့ တစ်ဦးတည်း ခပ်ညံ့ညံ့ အတွေးခေါ်တွေမလို့
မထင်မှတ်ဘဲ တိုက်ဆိုင်သွားခဲ့ရင် အဆဲခံရမှာ
ကြောက်လို့လေ။ကိုဇော်လို သတ္တိတွေ မရှိသေး
တော့ ဒီလိုလေးဘဲ ပေါ့။
လာလည်တာ ကျေးဇူးတင် ပါတယ်။