Sunday 17 October 2010

ခြေကျိုးသွားသော ခလေးနှင့်ကျွန်တော့် ပီတိ

ကျွန်တော် ဘာမှမစဉ်းစားတော့ ဘဲချက်ချင်းဦးဇင်းကို  ပြန်လျှောက် လိုက်ပါတယ်။ ကျွန်တော်  ဒီဆေးဘိုးကို လှူပါမယ်။  ဦးဇင်းဦးကောဝိဒ)မှ  ကျွန်တော့်အားလှူရန် မိန့်ကြားခြင်း မဟုတ်ဘဲ  ကျွန်တော်စေတနာဖြင့်   ကျွန်တော် လှူခြင်းဖြစ်ပါတယ်။ လူနာအတွက် (ဦးဇင်းဦးကောဝိဒ)မှ  ပြောပြခြင်းကြောင့် ကျွန်တော် အလှူတစ်ခု ထပ်မံပြုခဲ့ရလို့  ပထမဦးစွာ  ဦးဇင်းဦးကောဝိဒကို   ကျေးဇူး တင်ကြောင်း    ပြောကြားလိုပါတယ်။ ကျွန်တော် အမှန်ကို ဝန်ခံတာပါဗျာ။ ဦးဇင်းကို ကျွန်တော်လှူမယ်လို့ ကျွန်တော် လျှောက်လိုက်ချိန်မှာ ကျွန်တော့်ရင်ထဲမှာ လူနာရှင်ကို   စာနာသနား စိတ်နဲ့လူနာရှင် မိသားစုတွေရဲ့ အပူသောကကို  ကိုယ်ချင်းစာမိတဲ့ စိတ်တစ်ခုဘဲ ကျွန်တော်  တွေးမိပါတယ်။ တကယ်ပါဗျာ အဲဒီနေ့ ညနေဘက်မှာ ကျွန်တော့်ဘဏ်ကို ကျွန်တော် စစ်ကြည်လိုက်တာ  ငွေက (၂၀၀) လေးဘဲရှိတာ။ ကျွန်တော် ဒီငွေလေးကို လှူလိုက်မယ်ဆိုရင် ဒီလ ကျွန်တော်  ဘာနဲ့သုံးမယ်ဆိုတာ မတွေးမိဘဲ  ကျွန်တော်လှူမယ်လို့ တွေဝေမနေ ဘဲချက်ချင်း ပြောမိလိုက်တယ်။ ကျွန်တော့်ထက် လူနာရှင်မိသားစုက ဆေးရုံမှာ အခက်ခဲ ကြုံနေရတယ်လေ။ သူတို့ကို ဦးစားပေး လိုက်မယ်။ ဒီတစ်လတော့ ကျွန်တော်ဖြစ်သလို  နေမယ်လို့  ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန် ထိုလူနာရှင်ဟာ ခလေးလား လူကြီးလား မိန်းမလား ယောကျာင်္လားဆိုတာ  ကျွန်တော် မသိခဲ့ရပါဘူး။ အဲဒီနောက် ဦးဇင်းက ကျွန်တော်ထံ မေလ်းပို့ပေးလာပါတယ်။ အဲဒီချိန်မှ  လူနာရှင်က (၁၀)နှစ် သမီးလေးဆိုတာ သိလိုက်ရတာပါ။ ကျွန်တော် ဘဏ်ထဲ ငွေမရှိတော့တာ ကျွန်တော် မတွေးမိတော့ဘဲ ကုသိုလ် ပြုလိုက်ရတဲ့ အတွက် ကျွန်တော် ပီတိဖြစ်ခဲ့ရပါတယ်။

ဒီလိုနဲ့ မနက်အိပ်ယာနိုးတော့ ကျွန်တော့သူငယ်ချင်းကို ဖုန်းဆက်ပြီး ဦးဇင်းဦးကောဝိဒထံသို့ ငွေလွှဲဘို့ရန် အကူညီတောင်းလိုက်ပါတယ်။ ကျွန်တော့် သူငယ်ချင်းကလည်း ဂျူတီချိန်မို့ ဒီနေ့မလွှဲပေးနိုင်ဘူး ဆိုတာသိခဲ့ ရပါတယ်။ဒီလိုနဲ့ အခြားသူငယ်ချင်း တစ်ယောက်ကို ဖုန်းထပ်ခေါ်တော့ အဆင်ပြေစွာဘဲ သူကငွေပို့တဲ့ ဆိုင်မှာရောက် နေကြောင်း ပြောတော့ ကျွန်တော်သူကို ခလေးဆေးဘိုး အတွက် ဦးဇင်းဦးကောဝိဒထံသို့ ငွေ (၅)သောင်းကို အကူညီတောင်း လွှဲခိုင်းပါတယ်။ (၁၇) ရက်နေ့တွင် ဦးဇင်းဦးကောဝိဒ ထံသို့ ခလေးဆေးဘို့ (၅)သောင်းကို လွှဲပေးလိုက်ပါပြီ။ ခုလိုအခက်ခဲမျိုး ကြုံလာ ရတော့မှဘဲ ကျွန်တော်တစ်ချိန်က ငွေ တွေကို အကျိုးမရှိတဲ့ နေရာမှာတွေ သုံးမိတာ ပြန်သတိရမိရင်း နောင်တရခဲ့ပါတယ်။ သို့သော် အားလုံးက ကျော်လွန်ပြီးဆုံး သွားခဲ့ပြီလေ။ထို့နောက် ကျွန်တော် အစစအရာရာအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ချက်ချမိရင်း တစ်ညလုံး အတွေးများနဲ့ ကောင်းကောင်း အိပ်မပျော်ခဲ့ပါဘူး။ ခုလိုဆေးရုံမှာ ငွေအနည်းငယ်နဲ့ မိသားစုတွေ ကြုံတွေ့နေတဲ့ အခက်အခဲနှင့် စိတ်ဆင်းရဲမှုတွေကြာင့် ကျွန်တော့် အသိညာဏ်ကို ပိုမိုအလင်းပြပေးခဲ့တဲ့ မိသားစုနဲ့ငွေမပေးရင် ကျောက်ပတ်တီး မစည်းပေးဘူးလို့ပြောတဲ့ ဆရာဝန်ကိုလည်း ကျေးဇူးတင်ကြောင်း ဒီပို့စ်လေးကနေ ပြောလိုက်ပါတယ်။ လူသားအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့   ပြည်စုံ ကြပါစေလို့  ကျွန်တော် အိမ်လွမ်းသူမှ ဆုတောင်းမေတ္တာပို့ရင်း.....

***ခြေကျိုးသွားသော (၁၀)နှစ်သမီးလေးပုံကို အပေါ်တွင် ကျွန်တော်တင်ထားပေးပါတယ်***

မေတ္တာဖြင့်
အလွမ်းမြို့လေးမှ (အိမ်လွမ်းသူ)

No comments: