Wednesday 20 October 2010

ဘာလဲ ဒီမိုကရေစီ

အမိမြန်မာပြည်ကို ချစ်တယ်
ပြည်သူတွေပြောတဲ့ " ဒီမိုကရေစီ "ကို 
မြတ်နိုးတယ်။

" ဒီမိုကရေစီ" ဆိုတာဘာလဲ
အနက်အဓိပ္ပါယ် ကျွန်တော်မသိခဲ့
ခပ်နုံနုံအတွေးမှာတော့ လွတ်လပ်မှု့လားဘဲ
သိချင်စိတ်ကြောင့် အင်တာနက်ပေါ်တက်
အလုပ်ရှုပ်ခဲ့တယ်။

ဟော  !!! 
တွေ့ပြီအော်နေကြတယ်
" ဒီမိုကရေစီ " လူထုအသံတွေ
ဖတ်မိတဲ့ အင်တာနက်ပေါ်မှ စာသားတွေ
မြင်ခဲ့ရတဲ့ ကြေကွဲဖွယ် ဓါတ်ပုံတွေ
ရင်ထဲစူး (စိုက်)
သွားခဲ့တယ်။

တစ်ချို့
အော်တဲ့" ဒီမိုကရေစီ " က
ငါ့တိုင်းပြည် ငါ့ပြည်သူတွေအတွက်တဲ့
" လေးစားပါတယ် " ။

တစ်ချို့
ကလည်းအော်ကြပြန်တယ်
ငါ့ " လူမျိုးအတွက် " ငါ့  "အဖွဲစည်းအတွက်"
တစ်ချို့
ကျပြန်တော့လည်း 
" ငါ ..."     " ငါ... "    "  ငါ... "  ဆိုပြီးတော့ပေါ့
ဒီကြားထဲမှာ  ဘာသာရေးလေးကလည်း
ကပ်ပါလာသေးတယ်။

ဒီလိုနဲ့ 
အတွေးတစ်ခုက
ကျွန်တော့်ခေါင်းကို " ခေါက် "  ပြီး
မေးလိုက်တယ်။
မင်းလိုချင်တာကရော
ဘာ" ဒီမိုကရေစီ " လဲတဲ့။

ကျွန်တော်
စဉ်းစားနေခိုက်
ခလေးဘဝက သင်ဖူးခဲ့တဲ့
ပုံပြင်လေးကိုအမှတ်ရမိသွားပြန်တယ်။
အဲဒီ
ပုံပြင်လေးကို
လူတိုင်းကြားဖူးကြမှာပါ။
" အဖိုးအိုနဲ့ သား သုံးယောက်ပါဘဲ "။

လူတိုင်း
ပြောတဲ့ " ဒီမိုကရေစီ "ကို
ကျွန်တော်လည်း  လိုချင်သလို
ဘယ်တော့များ
မြင်နိုင်ပါ့မလဲလို့
တိုးတိုးလေး တစ်ကိုယ်တည်း
ရေရွတ်ရင်း....



တမ်းလေဝေးလေ မှန်းလေလွှဲလေဘဝဖြင့်
ရင်တွင်းခံစားမိသမျှရေးချမိတဲ့
အလွမ်းမြို့လေး

2 comments:

နိုင်းနိုင်းစနေ said...

ကဗျာလေးတွေ ကောင်းတယ်း)
လက်တွေ့ ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့အတွက် ကြိုက်တယ်

အိမ်လွမ်းသူ said...

မနိုင်းရေ။
လာလည်တာ ကျေးဇူးတင်ပါတယ်။
စိတ်ကူးရတာလေး နဲ့ ရင်ထဲရှိတာလေး
ချရေးမိတာမို့ လက်တွေ့ပတ်ဝန်းကျင်နဲ့
ကိုက်ညီတယ်ဆိုတာ မနိုင်းပြောမှ သိလိုက်
ရတယ်။