Wednesday, 20 October 2010

ကျွန်မ အသိ


အသက်လေးကလည်းမငယ် 
ခန္ဓာလေးကိုလည်း လှချင်သေးတာမို့
မိတ်ကပ်တွေ လိမ်းချယ်အိုက်တင်အပြည့်နဲ့ 
ကျွန်မလမ်းလျှောက်ထွက်ခဲ့တယ်။

ဟော.............
လူတွေက ကျွန်မကို
ဝိုင်းကြည့်ကြတော့ ရင်ထဲမှာ
ပီတိလှိုင်းခတ်သွားရင်း ကျွန်မကို ကျွန်မ
အဟုတ်ထင်ခဲ့မိတယ်။
*** ငါကွ ***

ချစ်သူနှစ်ဦးကြား ယောက်ယှက်ခတ်သွားအောင်
ကျွန်မ စကားနုနုသုံး မာယာအပြုံးနဲ့ 
လုပ်ခဲ့ဖူးတယ်။

ဘွဲလက်မှတ်တွေထုတ်ပြ
ကျွန်မကို ကျွန်မ ပညာတတ်ဆိုပြီး
လူသိရှင်ကြားလည်း အော်ခဲ့ဖူးတယ်။

မတည်မြဲတာတွေကို
မြဲတယ်အမှတ်နဲ့ 
ရှိသမျှဂုဏ်ပြ
ကျွန်မ 
ထုတ်ကြွားခဲ့ဖူးတယ်။

ငွေသာလျှင် အဓိက
သစ္စာတွေ ဘေးဖယ်ချ
ခဏ ခဏဂတိ ပျက်ခဲ့ဖူးတယ်။

သီလဆိုတာမသိ, ဒါနဆိုတာမရှိ
ငွေသာလျှင်ဘုရင် ,   ငွေသာလျှင် သခင်
ဆိုတဲ့စိတ်နဲ့အရာရာတိုင်းအပေါ်
ခေါင်းပုံဖြတ်ခဲ့ဖူးတယ်။

***** ဒီလိုနဲ့ *****
အပုပ်ကောင်ကို 
သရုပ်ဆောင်ထားတဲ့ခန္ဓာ
လှပအောင်ဆင်မြန်းကျွန်မဝင့်ကြွားခဲ့ဖူးပေမဲ့
အခု...ကျွန်မရဲ့ နောက်ဆုံးနေ့လေးကို 
ရောက်နေတော့မှကျွန်မ 
အတွေးတစ်ချက်
ဖြတ်ကနဲ
ဝင်လာ
တယ်။

ငါ့ နိဗ္ဗာန် လမ်းအတွက် ငါအကောင်းဆုံး ဘာလုပ်ခဲ့ပြီလဲ?
ဒီချိန်မှ...............ကျွန်မ အသိ---------------



မေတ္တာဖြင့်
စိတ်ကူးပေါက်ရာရေးမိတဲ့
အလွမ်းမြို့လေး

3 comments:

ကိုဇော် said...

အခု လက်ရှိ သိနေခွင့် ရတာ အချိန်ကောင်းပဲ။
နောက်ကျတယ် ဆိုတာ မရှိပါဘူး။

ဒါနဲ့..အောက်ဆုံးမှာ ...
(အိမ်လွမ်းသူ၏ ခပ်ညံ့ညံ့ အတွေးခေါ်ဖြင့် ခံစားတင်ပြသည်။)
ဒါကို ဘာလို့ ထည့်တာလဲ။

အိမ်လွမ်းသူ said...

ကိုဇော်ရေ။
ကျေးဇူးတင်တယ်။စာပေမကျွမ်းတော့ ဒီလိုလေး
ထည့်ရေးရတာပါ။အဲဒါကိုတော့ နားလည်ပေး
ပါ။

ကိုဇော် said...

ဟီးဟီး..ဟုတ်လား။
ဒါဆို စာပေကျွမ်းကျင်မှ စာတွေ ရေးရမယ် ဆိုတဲ့ သဘောလား။
ဒါဆို ဘုရားဖြစ်မှ တရားဟောရမယ် ဆိုတဲ့ သဘောပေါ့နော် ၊ ဘုန်းကြီးတွေ ဆရာတော်တွေတော့ ဒုက္ခပဲ.. ဟိဟိ...

ငါ့ညီမကို ခေါင်းခြောက်အောင် လျှောက်ပြောတာ..။