Friday 11 February 2011

ပါချီပါချက် အလွမ်းမြို့လေး ဘလော့မှMalware စစ်ပြီးကြောင်း

ဟာသလေး ရေးဦးမယ်။

ဘလော့တွေထဲ မဝင်မိတာ ကြာပြီဆိုတော့ ခုဘလော့တွေမှာ ဘာတွေ ခေတ်စားနေလဲမသိ.. ဒီနေ့တော့ အချိန်ရတုန်း သူများတွေ ဘလော့တွေ လိုက်လည်ရင်း ဘလော့ဂါ တစ်ချို့က ဝဲကိုက်တယ် ဝဲစွဲတယ်ဆိုပြီး ဘလော့ဂါကြီးတွေ ရေးထား တယ်။ ကျွန်မလည်း ဘာမှမသိဘဲ (ကိုဇော် ၃၅၇)ကို မေးလိုက်သေး တယ်။ သူကဘာမှ မဟုတ်ပါဘူးဆိုလို့ အေးဆေးနေလိုက်တယ်။ သို့သော် သိချင်စိတ်က အငြိမ်မနေဘဲ ဘလော့ဂါကြီးတွေဆီ ပြန်လည်ရင်း လိုက်လေ့လာတယ်။ ဘယ်လိုစစ်တာလဲ သိချင်တယ်။ ကိုဇော်ကိုလည်း ထပ်မမေးရဲဘူး..သူက အမြဲစိတ်တိုတတ်တော့ (ဟိ..ဟိ) ကျွန်မလို ငပိန်းတစ်ယောက်က မေးလိုက်တိုင်း သူရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ဖဲ့ပေးနေရတာ အားနာလို့  မမေးတော့ဘဲ လိုက်ရှာရင်း ခုတော့ ဝဲရောဂါကို ဆရာဝန်ပြပြီး သွားပါပြီ။ခုတော့  ထောက်ခံစာနဲ့အတူ ပြန်လာပါတယ်။တကယ်တော့ ကျွန်မလို ဘလော့ဟုတ်သေးဘဲ ပါချီပါချက် အပျော်တမ်းမှတ်တမ်းလေးမှာ မလိုအပ်ဘူးဆိုတာ သိနေပေမဲ့ Blogspot တစ်ခုဖြစ်နေလို့ ဆရာဝန်ပြလိုက်တာပါ။


http://www.linhtet.net/

ဘလော့ကိုလည်း ကျေးဇူးတင်ပါတယ်။ဒီဆိုက်ကနေမှ ဆရာဝန်ပြ စစ်ဆေးခွင့် သိခဲ့ရလို့ပါ။ 

 မေတ္တာဖြင့်

အိမ်လွမ်းသူ(အလွမ်းမြို့လေး) 

1 comment:

ကိုဇော် said...

ဟားဟားဟား . . တကယ်ကို ဘာမှ မဟုတ်လို့ပေါ့။
အဲဒီတုန်းက အလုပ်ကလည်း များနေတော့ သေချာ ပြောချိန်ကို မရလိုက်တာ ညီမရေ။ ဖြစ်ရလေ။
အဆင်ပြေသွားတော့လည်း ပြီးတာပါပဲ။ ဒါပေမဲ့ ခဏခဏ စစ်ဦးနော်။