သင်ပြုသောကံပဲ့တင်သံ သင့်ထံပြန်လာမည် ဆိုတဲ့စကားလေးကိုရေရွတ်ရင်း ကျွန်မယ္ခုဖြစ်ပျက်နေတဲ့ ကမ္ဘာလေကကြီးအကြောင်းကို တွေးမိပြီးတစ်ခုစဉ်းစားမိတယ်။ ကမ္ဘာမြေကြီးပျက်စီးနေပြီ။ လက်ရှိအချိန်မှာ ကျွန်မဘာဆက်လုပ်သင့်လဲလို့ တွေးလိုက်မိတယ်။ တကယ်ပါ နေရာတိုင်းနိုင်ငံတိုင်းမှာ တိုးတက်မှု့တွေကိုဘဲ လူတွေသတိထားမိကြတာ။ ပျက်စီးမှု့ကိုရော သတိထားမိကြရဲ့လား။ ကျွန်မအတွေးထဲမှာတော့ ဒီလိုပျက်စီးဘို့အတွက် တိုးတက်မှု့ကအစပြုခဲ့တာလို့ ထင်ပါတယ်။ တိုးတက်လိုက်တာဆိုတာကို လူတွေပါးစပ်ဖျားမှာပြောကြပေမဲ့ ကမ္ဘာမြေကြီးပျက်စီးနေပြီဆိုတာ လူတွေသတိမဲ့နေကြတုန်းဘဲ။ နိုင်ငံတိုင်းလိုလို ဒုက္ခတွေကြုံတွေနေရတယ်။
အဲတာတွေတွေးမိပြီး ကျွန်မကိုယ်ကျွန်မသတိတစ်ချက်ပေး လိုက်မိတယ်။ ဒီလိုကမ္ဘာမြေပျက်စီးတာတွေမြင်ပြီး ကျွန်မမှာ ဘာလိုအပ်ချက်တွေရှိလဲ ဘယ်အရာကကျွန်မကို ငြိမ်သက်မှု့ ပေးနိုင်မှာလဲလို့တွေးမိပြီး ဒို့တာဝန် အရေးသုံးပါးထဲကတစ်ပါးကို ပိုအလေးထားလိုက်လျှောက် ရမယ်ဆိုတာ ကျွန်မကိုယ်သတိပိုပေးခဲ့ပါတယ်။
- နိုင်ငံရေး
- စီးပွားရေး
- ဘာသာရေး
ဒီအရေးသုံးပါးက ကျွန်မအတွက်သီးသန့်ပါ။ ကျွန်မကတော့ ခုချိန်မှာဖြစ်ပျက်နေတဲ့ လောကကြီးကိုကြည့်ပြီး သင်ခန်းစာယူနောင်တရနေမိပါတယ်။ နိုင်ငံရေးလုပ်ရအောင်လည်း နိုင်ငံရေးဆိုတဲ့ ကျယ်ပြန့်တဲ့လောကအကြောင်း ဘာဆိုဘာမှမသိ။ စီးပွားရေးလုပ်ရအောင်လည်း စီးပွားကြီးတစ်ခုလုပ်ဘို့ထိ အခွင့်အရေးမရှိ/ ငွေကြေးမရှိ။ ဒီတော့တစ်ပိုင်တစ်နိုင် ဘာသာရေးလေးဘဲ လုပ်တာကျွန်မအတွက် အကောင်းဆုံးလို့ကျွန်မတွေးမိပါတယ်။ ဒီ ဘာသာရေးဆိုတဲ့ လုပ်နိုင်တဲ့အခွင့်အရေးလေးထက် လုပ်သင့်လုပ်အပ်တယ်ဆိုတာ ကျွန်မတွေးမိလို့ပါ။ ပျက်စီးနေတဲ့လောကကြီးထဲ ပူလောင်လှတဲ့ ဒေါသ မောဟ မာနတွေကြား အသက်ရှင်နေရင်း ဘဝကိုဒီအတိုင်း သေဆုံးရတော့မလား။ ကျွန်မအသက်ရှင်စဉ်ခဏ အကောင်းဆုံးကျွန်မ ဘာလုပ်ရမလဲတွေးမိရင်း......
No comments:
Post a Comment