Friday 18 March 2011

"ငွေ" ကိုဖက်တွယ်သူများသို့

 "  ငွေ "

ငွေ...  ဆိုတာကြောင့် ငါ့နှလုံးသားတွေကြွကျ
မြေမှာခပြီး   ဒို့ချစ်သူနှစ်ဦး
ဝေးခဲ့ကြတယ်။

ဒီငွေ......ကြောင့်ဘဲ ချစ်စရာကောင်းတဲ့
ဒို့မိသားစုတွေ တစ်နယ်စီရောက်
ပြိုပျက်ခဲ့ရတယ်။

ဒီငွေ.....ဆိုတာကြောင့်  ငါ့ချစ်လှတဲ့ ညီကို
စွန်ပစ်  တစ်ချိန်တုန်းက 
ငါထိုးကြိတ်ခဲ့ဖူးတယ်။

ငွေ.....အတွက်နဲ့ဘဲ  ငါ့ဘဝကိုကယ်ဆယ်
အမှောင်လမ်းကိုလျှောက်ရင်း
ငါလမ်းမှားရောက်ခဲ့ဖူးတယ်။

ငွေ.....ဆိုတာကို   ဖက်တွယ် 
ငွေသာလျှင်အရှင်  ငွေသာလျှင်သခင်ဆိုပြီး
အရာရာကိုငါ ကြောခိုင်းခဲ့ဖူးတယ်။


ဒီငွေ......ကြောင့်လည်း  ရိုးသားတဲ့သူငယ်ချင်းလည်း
မုသားတွေသုံး  မထင်မှတ်အောင် 
အရောင်တွေပြောင်းလဲခဲ့တယ်။


ဒီငွေ.....ကြောင့်နဲ့  တစ်ချိန်တုန်းက
ဒေါသမီးလောင် ငါလူသတ်ချင်စိတ်တွေ
ဖြစ်ပေါ်ခဲ့ဖူးတယ်။



ငွေ.....ဆိုတာမရှိမဖြစ်ဆိုလို့  ဒီငွေကိုမြင်ကာ
အချင်းချင်းခေါင်းပုံဖြတ် သရုပ်ပျက်ဇာတ်ကိုငါ "က"
နာမည်ဆိုးဘွဲနဲ့လည်း  ငါကျေနပ်ခဲ့ဖူးတယ်။


ငွေ......ရှိမှဖြစ်တယ်  ငွေရှိရင်ရမယ်
လိုချင်တာပြော ဖြစ်ချင်တာဖြစ်မယ်ဆိုတဲ့
ခပ်ညံ့ညံ့အတွေးတွေနဲ့  အတ္တလမ်းပေါ်
ငါဆက်လျှောက်ရင်း  ငါ့ရဲ့အမှန်တရားစိတ်ဓါတ်တွေ 
အရောင်မှိန်ကွယ်ပျောက်ခဲ့ရတယ်။



ခုတော့.....ဖြစ်ပျက်လောက သင်္ခါရကိုမြင်
တရားကိုနှလုံးသွင်း အမြင်မှန်ပြန်ရဘို့
ငါ့ရဲအမှောင်လမ်းကိုကျောခိုင်း
အေးချမ်းလုံခြုံရာတစ်နေရာကို
အချိန်မနှောင်းခင် ငါအပြေးရှာခဲ့ပြီ။



အသိနောင်တတစ်ချက်နဲ့
ငွေနောက်လိုက်ကာ လမ်းမှားသွားတဲ့ငါ
ငွေဆိုတာလည်းမလိုချင်  မုသာစကားတွေပြုပြင်
အတ္တတွေခဝါချပြီး  သခင်ရှိတဲ့လမ်းမှန်ကို
အမြန်တိုးဝင်  ပြန်ခဲ့ပြီ။


လေးစားစွာဖြင့်
ရေးချင်ရာချရေးမိတဲ့
အလွမ်းမြို့လေး

1 comment:

Unknown said...

အလွမ်းမြို့ လေး ကိုအစကတကယ်ဒေါပွမိတယ်။trouble maker လို့ ထင်ခဲ့မိတာခွင့်လွတ်ပါ။ကျွန်တော်က Lau lee လို့ ခေါ်ပါတယ်။ဓမ္မဂါးဒင်းဆရာတော်ရဲ့တပည့်လို့ ပြောလို့ ရပါတယ်။အလွမ်မြို့ လေးရဲ့ကဗျာကိုနှစ်သက်ပါတယ်။တကယ်လို့ ကဗျာထပ်ရေးဖြစ်ရင် ဒီmailကိုပို့ ပေးပါလား။ lauleekl@gmail.com. အလွမ်းမြို့လေးရဲ့ကဗျာကိုဝေမျှခံစားတဲ့ပရိတ်သတ်တစ်ယောက်ဖြစ်ခြင်ပါတယ်။လေးစားစွာဖြင့် Lau lee ခေတ္တ malaysia