စာမရေးခင်ဦးစွာပထမ (ကိုကြီးကိုဇော်၃၅၇)ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဘာလို့ ကျေးဇူးတင်ရလဲဆိုတာကတော့ ဒီနေ့မှာကိုဇော်ပို့ပေးလိုက်တဲ့ (မင်းဒင်ရဲ့သက်ခိုင်) စာအုပ်လေးကိုလက်ခံ ရရှိလို့ဘဲ။တကယ်တော့ကျွန်မဟာ စာဖတ်ပျင်းသူပါ။ခုလိုကိုဇော်ကို မမှာမိဘဲဒီစာအုပ်အထူကြီး ငွေကုန်ကျခံ ပို့လိုက်တော့ အင်း....ငါ့ကိုဖတ်စေချင်လို့နေမှာပါဆိုပြီး ပြုံးလိုက်မိတယ်။စာအုပ်ကထူတော့ ထူသား။ ဘယ်လောက်အချိန်ပေး ဖတ်ရမလဲမသိ။စာဖတ်ပျင်းသူတစ်ယောက်မလို့ စာအုပ်လေးကိုင်မိပြီးတွေးမိ တယ်။ဒါပေမဲ့ကျွန်မပြီးအောင် ဖတ်မိမယ်ဆိုတာတော့ သေချာပါတယ်။ဒီလောက်ထူတဲ့စာအုပ်ကို ဖတ်ကုန် မယ်ဆိုတဲ့နေ့ဟာ ကျွန်မဘဝရဲ့ ပထမဆုံးနေ့တစ်နေ့ဘဲမလို့ အဲဒီနေ့လေးကိုတော့ မှတ်တမ်းတင် ထားရမဲ့ နေ့တစ်နေ့ ဖြစ်လာလိမ့်မယ်။အဲဒီနေ့ဟာ ဘယ်တော့လဲဆိုတာကိုတော့ ဖတ်ပြီးချိန်တွင်ပိုစ်ပြန် ဆက်မည်။ ဘာဘဲဖြစ်ဖြစ် သတိတရနဲ့ ငွေကုန်ကျခံ အချိန်ပေးပြီး ဒီစာအုပ်လေးကို ပို့ပေးတဲ့ (ကိုကြီးကိုဇော်၃၅၇)ကို ဒီဘလော့လေးကနေရော စိတ်ထဲကနေပါ ကျေးဇူးတင်မိပါတယ်။
ဒီစာအုပ်ရဲ့မျက်နှာဖုံးပုံက ဒီလို....
ဒီအောက်ပုံကတော့ စာအုပ်ရဲ့နောက်ကျောဖုံးလေးပါ။
ဒီအောက်ဆုံးက ပုံလေးကတော့ စာအုပ်ရဲ့အတွင်းစာမျက်နှာ ပထမစာရွက်မှာ ကိုဇော့်ရဲ့လက်ရေးနဲ့ ရေးပေးလိုက်တဲ့ အမှတ်တရပါဘဲ။( + ) ရဲ့အနောက်မှာ ပါတာကတော့ ကျွန်မရဲ့နာမည်ပါဘဲ။ တမင်ဖျက်ထားလိုက်တာပါ။အရှေနာမည်က (ရာမ)ဆိုတော့ အနောက်နာမည်ကို စာဖတ်သူများကြိုက်တာ တွေးပြီးထည့်လိုက်ကြပါ။ ---သီတာ----ထည့်ချင်လား...ဘာလားပေါ့။ကိုယ့်နာမည်လေး ထည့်ကြည့်ချင် တယ်ဆိုလည်း အဆင်ပြေမယ်ဆို ထည့်ကြည့်လို့ရတယ်နော်။ ကျွန်မစိတ်မဆိုးတတ်ပါ။
အမှတ်တရလက်ဆောင်လေး မရဖူးတော့ ခုလိုမထင်မှတ်ဘဲရရှိချိန်မှာ ကိုဇော့်ကိုဒီဘလော့လေးကနေ မှတ်တမ်းတင် ကျေးဇူးတင်လိုက်ပါတယ်။
တစ်ဆက်တည်းမှာ ကျွန်မဘလော့မှ စာဖတ်သူများကိုလည်း သတင်းကောင်းပါးလိုက်ပါတယ်။ ဒီစာအုပ်ကိုဖတ်ချင်တယ် လိုချင်တယ်ဆိုရင် ကိုဇော်၃၅၇ နဲ့ရင်းနှီးသူများ ကိုဇော်၃၅၇တွင် အပူကပ်ပြီးတောင်းဆိုနိုင်ပါတယ်။ ကိုဇော်၃၅၇က သဘောကောင်းပြီး စာတိုက်ကနေပို့ခစိုက်ပြီး ပို့ပေးမယ်လို့ ကျွန်မထင်ပါတယ်။ကိုဇော်၃၅၇နဲ့ ရင်းနှီးသူများသာနော်။ မရင်းနှီးသူတွေကိုတော့ ကျွန်မအဖြေပေးတတ်သေးပါ။
ကျေးဇူးတင်လျှက်
အလွမ်းမြို့လေး
1 comment:
ဟုတ်ပါတယ်. .
မည်သူ မဆို တောင်းနိုင်ပါတယ်။ ဒီက ဓါတ်ပုံတွေကို မေးလ်ကနေ ထပ်ဆင့် ပို့ပေးပါ့မယ်. . . အဟီး
Post a Comment