Thursday 7 July 2011

ရေးချင်ရာရေးမိတဲ့အတွေး


 ဘဝနှင့်ဆန္ဒ
ဘယ်ဟာတွေဘယ်လို 
အံ့ဝင်ဂွင်ကျမရှိခဲ့သော်ငြားလည်း
စိတ်၏ အသိမှာ
"ဘဝက" ရှင်သန်မှု 
"ဆန္ဒက" လိုချင်မှု
ဒီနှစ်ခုကြား
ခဏခဏ 
အထုထောင်းခံခဲ့ရတယ်။

ပျော်ရွှင်လိုက်ငိုကြွေးလိုက်
အရာရာအတွက်ပျော်ရွှင်လိုက်
အရာရာအတွက် ငိုကြွေးလိုက်
ငိုချင်သူငိုပျော်ရွှင်သူပျော်
ဒီနှစ်ခုကြားရူးခဲ့
ဖူးတယ်။

အစနဲ့အဆုံး
မွေးလာတစ်နေ့
သေပြန်သွားတော့ အဆုံးအစ
ဘယ်ဟာဘယ်မှာ စီရာတကျ သူ့လိုလို
ထားရတာဘဲ။သွားသူကသွား 
လာသူကလာ "ဟော"
ဒီလောက ဘယ်မှာ
နေချင်ဖွယ်ရာ
ရှိဦးမှာ
လဲ။


ကိုယ်တိုင်ရေး ခပ်ညံ့ညံ့အတွေး


အားလုံးကိုလေးစားလျှက်
အလွမ်းမြို့

No comments: