Wednesday 20 July 2011

မောင်လေးဖတ်ဖို့



မောင်လေးရေ
အမမင်းကိုစတွေ့ခဲ့တုန်းက
မင်းက ဒုက္ခပင်လယ်ထဲ နေ့နဲ့ညပျောက်နေခဲ့တယ်။
မင်းပျံသန်းရင်း အတောင်တွေ ညောင်းလာခိုက်
အမ -ဆိုတဲ့သူက မင်းခဏတာ နားခိုဘို့
သစ်တစ်ပင် ဖြစ်လာခဲ့တယ်။
အမ-ဆိုတဲ့သစ်ပင်
ဟာလည်း
မင်း
ဒုက္ခတွေကြား
ခဏတာပြေလည်ဘို့ 
အတွက်ရပ်တည်ပေးယုံ သက်သက်ပါဘဲ။

အမ-လည်းခံစားနားလည်ပေးတတ်ပါတယ်
လူဆိုတာ ကိုယ့်ဘဝအတွက်
အမြင့်ဆုံးကို ရည်းမှန်း
ထားသူတွေပါဘဲ။
ဒါမေပမဲ့
အမ- မင်းကိုဒီထက်
"အမြင့် "  ရောက်အောင် 
မပို့ဆောင်ပေးနိုင်တာ အမ -ကိုနားလည်ပါ။

တကယ်တော့ 
မင်းဘဝမှာလတ်တစ်လော 
အမြင့်ပျံသန်းဘို့ထက်အေးချမ်းစွာ နားခိုဘို့ 
နေရာတစ်ခုရှိဘို့ လိုအပ်တယ်။အမ- ဆိုတဲ့သစ်ပင်ဟာ
မင်းအတွက် အကာအကွယ် အရိပ်ပေးခဲ့တဲ့
သစ်ပင်လေးပါဘဲ။မင်းအတွက်
အေးမြခြင်းမရခဲ့ဘဲ
ပူလောင်နေမယ်
ဆို။

မောင်လေးရေ
မင်းအတောင်ကို ပြန်စစ်
လေစုန်ကို ဟစ်ကြွေးဘို့ အားမာန်
အပြည့်နဲ့ ဖြစ်လာမဲ့ ဒဏ် မင်းခံနိုင်မယ်ဆို
ပူလောင်တယ်လို့ထင်တဲ့
အမ-ရဲ့အရိပ်အောက်
ကမင်းကျေနပ်စွာ
ထွက်သွား
လိုက်
ပါ။

မောင်လေးရေ
တကယ်တော့လေ
အမတို့က ဘာမှမတော်ကြတဲ့
မောင်နှမတွေဘဲ။ခရီးလမ်းတစ်ခုမှာ 
ကြုံဆုံ ခင်မင်ကြတဲ့ သူတွေဘဲလေ။လတ်တစ်လောမှာ
အရာရာအဆင်ပြေစေဘို့ အမတို့ ချစ်ခင်နေကြပေမဲ့
မောင်လေးရေ--ဘဝဆိုတာ ဆန္ဒနဲ့ တစ်ထပ်
တည်းကျချင်ကြတဲ့သူတွေချည်း
ပါဘဲ။တကယ့်လက်တွေ့
မှာတော့ မဖြစ်နိုင်
လို့ ဘဝကို 
ဆန္ဒ
နဲ့ဆန့်ကျင်ဘက်ပြု
အံ့တုယှဉ်ပြိုင် ရင်ဆိုင်နေကြ
ရသူတွေဘဲလေ။အမ - ဆိုသူကလည်း
မင်းအတွက် (အရိပ်)ကောင်းပေးနိုင်မဲ့သူ တစ်ယောက်
မဟုတ်ပေမဲ့ မင်းကိုအန္တာရယ်ပြုမဲ့သူ
တစ်ယောက်မဟုတ်ဘူး
မောင်လေး။

မောင်လေးရေ
အမ- ရင်ထဲမှာ
မင်းဟာအတောင်ညောင်းနေတဲ့ငှက်
လေဒဏ် မိုးဒဏ် ကာကွယ်ရန်  လိုအပ်တယ်
အမ-မင်းကို ပေးတဲ့ခဏတာအရိပ်တစ်ခု
ဟာ မင်းအေးချမ်းစွာ ခိုနားဘို့
အတွက်  နာကျင်စွာနဲ့ 
အမရပ်တည်
ပေးခဲ့သူပါ။

မောင်လေးရေ
နောက်ဆုံးတော့မင်းဖြစ်ချင်တဲ့
(ဆန္ဒ) အမမဖြည့်ဆည်းပေးနိုင်ခဲ့လို့
မင်းရင်ထဲမှာ နာကျင်နေမယ်ဆို အမ မင်းကို
ခွင့်ပြုတယ်။လွတ်လပ်စွာ ပျံသန်းသွားပါ။မင်းဘဝအတွက်
အလုံခြုံဆုံး အစိတ်ချရဆုံး နေရာတစ်ခုကို ရောက်ဖို့
မင်းကိုယ်တိုင် ကြိုးစားပြီးထိုးဖောက်ပါ။ဒါပေမဲ့
လမ်းတစ်ဝက်မှာ မင်းအတောင်းညောင်း
ပြီး ပြန်မကျလာပါစေနဲ့။မင်းအမြင့်
ပျံနိုင်လေလေ အမ ဝမ်းသာ
ရလေလေပါဘဲ
မောင်လေး
ရေ။

မောင်လေးရေ
အမ-ရင်ထဲဆုတွေတောင်း မင်း
လိုရာဆန္ဒ အမြန်ပြည့်ဝအောင်မြင်ပျော်ရွှင်ပါစေကွာ။
အမ- မင်းကို အုပ်မိုးအရိပ်ပေးခဲ့တာ
အမ (အတ္တ)တွေမပါဘဲ
မျှော်လင့်ချက် 
မရှိဘဲမင်း 
အေးချမ်းစွာနေနိုင်ဘို့
အတွက်ဘဲဆိုတာလေးကို 
မင်း ခွဲခြား နားလည် တတ်ပါစေ။

မောင်အရင်းလို တန်ဖိုးထား လေးစားချစ်ခင်ရသော သူတစ်ယောက်အတွက် ရည်ရွယ်ပြီး အမှတ်တရရေး လိုက်တာပါ။

မေတ္တာဖြင့်
အလွမ်းမြို့လေး

No comments: