Friday 26 August 2011

အတိုအထွာ အဖြေလွှာ

ဒီတစ်ပတ်အတွင် ပြသနာတွေကြားကနေ ကျမ ရလိုက်တဲ့အသိတွေကတော့



တစ်ခါတစ်ရံမှာ ကိုယ့်ကိုယ်ကိုယ် ငါကခလေးဘဲလို့တွေးပြီး ခလေးလိုဘဲ မိဘမောင်နှမတွေ အပေါ် ဆိုးနွဲ့နေတတ်ပေမဲ့ တစ်ခါတစ်ရံမှာ ကိုယ့်ထက် ခလေးဆန်သူတွေနဲ့ တွေ့လာတော့ ကိုယ်ကအလိုလို လူကြီးဖြစ်သွားပြန်ရော။အဲတော့ ခလေးတစ်ခါလုပ်လိုက် လူကြီးတစ်ခါဖြစ်လိုက် ဆိုတာလေးကို သိလာခဲ့ရတယ်။

တစ်ခါတစ်ရံမှာ စိုးရိမ်လွန်ကဲမှု့ဆိုတာ ကိုယ့်ကိုယ်ပြန် အန္တာရယ်ပြုစေသလို လူတွေ စွန်ပစ်မှု ပစ်ခွာမှုကို  ခံရတတ်ပါတယ်။ မဖြစ်လာနိုင်သေးတာ မဖြစ်နိုင်တာတွေကို အတွေးရိုင်းတွေဝင်ပြီး စိုးရိမ်နေမယ်ဆို နံပါတ် (၁- ကိုယ်ဘဲအရင်ဆုံး သောက စိုးရိမ်မှု ဖြစ်ရသူပါ)။ နောက်ဆက်တွဲ မဖြစ်နိုင်တာတွေကို မတွေးတော့ဘဲ စိုးရိမ်မှုကြောင့် လုပ်ရပ်တွေက အမှားတွေပါလာနိုင်တယ်။ အဲဒီ အမှားတွေက ကိုယ့် ကိုယ်ကိုယ် ခင်မင်သူတွေနဲ့ အနေဝေးအောင် လုပ်ပေးနိုင်စေတယ်။

လောကမှာ လူရယ်ဖြစ်လာပြီဆို အရာရာတိုင်းကို သင်ယူလေ့လာရတယ်။ကိုယ့်ထက် ကြီးသူဆီကလည်း ဗဟုသုတတွေရော ပညာတွေရော ရနိုင်သလို ကိုယ့်ထက်ငယ်တဲ့ သူတွေဆီကလည်း အတတ်ပညာတွေ သင်ယူလို့ရပါတယ်။ဒီလိုပါဘဲ ရင်ကျက်မှု့ဆိုတာ စာအုပ်ချပြီး ဘေးနားကနေ ဒုတ်ပြပြီးမှာ အတင်းရိုက်ပြီး သွန်သင်လို့ မရပါဘူး။ကိုယ်တိုင် လေ့လာကြိုးစား သင်ယူရတာပါ။

ကိုယ့်စကားတွေကြောင့် တစ်ဖက်လူရင်ထဲ အနာတရ မဖြစ်စေပါနဲ့။အဲဒီ အနာက တစ်ဖြေးဖြေးနဲ့ ၂ဦးလုံးကို ပိုပြီး အနာရင်းစေသလို သတိရတိုင်း ပိုနာကျင်မှုကို တွန်းအားပေးစေပါတယ်။ပြီး အဲဒီလိုဖြစ်လာပြီဆို အဲလို လူ နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အရင်ကလို မကြည်လင်တော့ဘူး။မပျော်ရွှင်တော့ဘူး။ အဲလိုမဖြစ်ရအောင် တစ်ဦးပေါ်တစ်ဦး လေးစားမှု့ ရိုင်ပင်းမှုတွေနဲ့ ဆက်ဆံတတ်ဘို့လိုပါတယ်။

နောက်တစ်ခုက ကိုယ်မှားတယ်ဆိုတာ သိလာရင် မှားတယ်လို့ ဝန်ခံရဲရတယ်။ ကိုယ့်အမှားအတွက် တောင်းပန်ရဲ ရမယ်။တောင်းပန်တတ်ရမယ်။ အဲတာတွေက လူတော် လူကောင်းရဲ့ အလုပ်ပါ။နောက်ထပ် အမှားတွေမဖြစ်လာရင်အောင် အစစအရာရာ သတိလေးနဲ့ ဆင်ခြင်နေရတော့မယ်။ အမှားဆိုတာ မှားတိုင်းလည်းမကောင်းပါဘူး။ လောကမှာ အမှားနဲ့ ကင်းသူဆိုတာလည်း မရှိပါဘူး။ အမှားတွေကြုံလာတိုင်း အမှားတွေကို ဘာကြောင့်မှားလဲဆိုတာ ပြန်တွေးတောပြီး အမှန်ပြင်နိုင်အောင် ကြိုးစားရမယ်။


မေတ္တာဖြင့်
အလွမ်းမြို့လေး

1 comment:

ကိုရင် said...

ကျွန်တော်လား..ခုချိန်ထိ ထပ်တလဲလဲ မှားနေတုန်းပဲ..