Friday 9 September 2011

"♥♥အရှုံးတွေထဲက ရလိုက်တဲ့အမြတ်"♥♥


 တည်ငြိမ်တဲ့ရေကန်ကြီးထဲ ခဲလုံးလေးပစ်ပေါက်လိုက်ရင် ခဲပမာဏအလျောက်တော့ ရေမျက်နှာပြင်လေး တုန်ခါ လှိုင်းထသွားမှာပါ။လူတွေမှာလည်း နေ့စဉ်ရုန်ကန်လှုပ်ရှားရင်း ရင်ထဲ..စိတ်ထဲမှာ ဒီလိုဘဲလှိုင်းထမှု့လေးကို ခဏတာဖြစ်ဖြစ်တော့ ခံစားကြမိမယ်လို့ ကျမထင်ပါတယ်။ ပုထုစဉ်ဆိုတော့ အဆိုးအကောင်းတွေကြား အသက်ရှင်နေရတာကိုး။ ဒီလိုပါဘဲ လူရယ်ဖြစ်လာပြီဆို နေ့စဉ်ပြသနာ- အခက်အခဲတွေနဲ့ ရင်ဆိုင်ဖြေရှင်းနေကြရမှာပါ။ တကယ်လို့များ ကိုယ့်စိတ်ထဲ ကိုယ့်ရင်ထဲမှာ ပြသနာလေးတွေ အခက်ခဲလေးတွေကြောင့် လှိုင်းထသွားခဲ့တယ်ဆို ပြန်လည်တည်ငြိမ်မှု့ရဘို့ ကြိုးစားပါ။ လူတိုင်းမှာ အခက်အခဲ ပြသနာနဲ့ ကြုံခဲ့ဖူးကြမှာပါ။ ဒီလိုဘဲ  ပြသနာတွေဖြစ်တိုင်း.... အခက်ခဲတွေကြုံတိုင်း... စိတ်ညစ်ဝမ်းနည်းစရာ မလိုပါဘူး။ လက်ရှိရင်ဆိုင်နေရတဲ့ ပြသနာလေးကိုသာ ဘယ်လိုကိုင်တွယ် ဖြေရှင်းရမယ်ဆိုတာကိုသာ နားလည်ရပါမယ်။ ကိုင်တွယ်ဖြေရှင်တတ်ဘို့လည်း လိုပါတယ်။ ကျမလည်း ပုထုစဉ်လူသား တစ်ယောက်မို့နေ့စဉ် မဟုတ်သော်ငြားလည်း အခမသင့်တဲ့နေ့ အဆင်မပြေတဲ့နေ့တွေဆို စိတ်ညစ်စရာတွေ ကြုံခဲ့ရပါတယ်။ ဒီလိုပါဘဲ လူဘဝဆိုတာ..လူတိုင်းလည်း ကြုံတွေ့ကြ ရင်ဆိုင်ဖူးကြမှာပါ။ အဲလို ရင်ဆိုင်ရတဲ့နေ့ဟာ သင့်ရဲ့စိတ်ဓါတ်အရည်သွေး မြင့်တက်မှုအတွက် စာမေးပွဲစစ်ခံရတယ်လို့ သဘောထားပြီး ဖြစ်ပျက်မှု ပြသနာ အခက်ခဲတိုင်းအပေါ်မှာ အဆိုးအကောင်းကို  ခွဲခြားပြီး စိတ်ဓါတ်အရည် အသွေးမြင့်တက်အောင်  ကြိုးစာတတ်ပါ။

စိတ်ညစ်စရာ အခက်ခဲတွေ ပြသနာလေးတွေကြုံလာတိုင်း....ကျမ တခဏဘာကိုမှ မဖြေရှင်းတတ် မသိသော်လည်း...အရာအားလုံး တည်ငြိမ်သွားချိန်မှာတော့ ကျမ ဖြစ်ခဲ့တဲ့ပြသလေးကိုပြန်တွေးပြီး အဲဒီပြသနာ...အခက်ခဲလေးတွေကနေမှ ဘဝအတွက် သင်ယူစရာ မှတ်သားစရာ ဆင်ခြင်စရာလေးတွေ အဖြေရှာခဲ့တယ်၊ ဘဝအတွက် သင်ယူစရာတွေအများကြီးပါ။ ဒီလို သင်ယူစရာတွေက လည်း ကျောင်းပညာတွေလို  ငွေပြီးပြီးဆရာအိမ်ပင့်သင့်စရာမလိုပါဘူး။ နေ့စဉ်လှုပ်ရှားသွားလာ ရင်းဖြစ်ပျက်နေတဲ့ အတွေ့အကြုံတွေကမှ  သင်ယူစရာ တွေဟာနေ့စဉ်နဲ့  အမျှပါ။

တစ်ရက်မှာကျမ စိတ်ညစ်စရာတစ်ခု ကြုံလာရတယ်။ ကျမဘက်ကမှန်တယ်ဆိုပြီး တစ်ဖက်ကို ဥပက္ခာပြုတဲ့  အထက်စီးဆန်တဲ့ စကားများပြောလိုက်မိရင် ကျမ အတ္တကြီးရာ မတရားရာများ ကျသွားမလားဆိုပြီး စဉ်းစားတွေဝေနေခဲ့တယ်။ ကျမ ဘာဆက်လုပ်သင့်လဲဆိုတာ စဉ်းစားရင်း ကျမကို ဆုံးမသြဝါသတွေ အမြဲပေးတဲ့ (ဘုန်းဘုန်း)တစ်ပါးကို သွားသတိရမိလို့ ကျမစိတ်ထဲကနေ (ဘုန်းဘုန်း) ကို လိုင်းမှာတွေ့ရရင် သိပ်ကောင်းမှာဘဲလို့ တမ်းတလိုက်တယ်။ မကြာပါဘူး ခဏအတွင်မှာ (ဘုန်းဘုန်း) တက်လာပြီး ကျမ နဲ့စကားပြောဖြစ်ပါတယ်။ ကျမ စိတ်ထဲရှိတာတွေကို (ဘုန်းဘုန်း) ကိုလျှောက်လိုက်မိပါတယ်။ ကျမ ယုံကြည်နေပါတယ် ကျမ စိတ်ညစ်မှု့တွေအတွက် ( ဘုန်းဘုန်း ) မှကျမကို တရားပြပြီးဆုံးမ နိုင်သလို အမှားအမှန်ကို ထောက်ပြနိုင်မယ်ဆိုတာပါ။ တကယ်လည်း (ဘုန်းဘုန်း)မှ ကျမကို တရားလမ်းပြဆုံးမ ခဲ့ပါတယ်။ အသိပညာကြွယ်တဲ့ ဆရာတော်တွေဆီက ဆုံးမမှုနဲ့ တရားလမ်းပြသွန်သင်မှုတွေကြောင့် ကျမ အလွန်ဝမ်းသာကျေနပ်မိပါတယ်။ (ဘုန်းဘုန်း) ဆုံးမခဲ့တဲ့ စကားလေးတွေကို ကျမနာယူခဲ့ရသလို စာဖတ်သူများကိုလည်း ပြန်လည်မျှဝေလိုတဲ့ အတွက်ကြောင့်ပြန်ပြီ တင်ပေးထားပါတယ်။ ဒါလေးကတော့ ကျမ တစ်နေ့တာ ရခဲ့လိုက်တဲ့ အသိတရား ဆုံးမစကားလေးတွေပါ။
                ဘုန်းဘုန်းမှကျမကို ဆုံမခဲ့တဲ့ မှတ်သားစရာလေး တစ်ချို့က...

                 ( ၁၀၀ )တန်တဲ့သူကို (၁၀၀)တန် စေတနာဘဲထားပါ
                 (၁၀၀) တန်တဲ့သူကို (၁၀၀၀) တန်တဲ့
             စေတနာထားမိရင် ကျန်တဲ့
             (၉၀၀) ကကိုယ့်ကို ဒုက္ခ
             ပြန်ပေးစေတယ်
          ဒါကြောင့်
         စေတနာကို
           ပညာပါပါနဲ့ညီမျှအောင်
                 ထားတတ်ဘို့လိုတယ် လို့ဘုန်းဘုန်းဆုံးမခဲ့တယ်။
                  *******
                သတ္တဝါတစ်ခု ကံတစ်ခုဘဲ
           လူတိုင်းက ကိုယ့်ကြမ္မာကို ကိုယ်ဖန်းတီးနေကြတာတဲ့.********    ကိုယ်က ကုသိုလ် ရဖို့ လုပ်တာ.. အကုသိုလ် မဖြစ်စေရဘူးလေ...အကုသိုလ် ဖြစ်မယ် ဆိုရင်လည်း အဲဒီ အလုပ်ကို မလုပ်ဖို့ပဲ လိုတယ်.. အဲဒါဟာ အကုသိုလ်ကို ရှောင်ရှားလိုက်တာပဲ.. အကုသိုလ် ရှောင်နိုင်တာဟာ ကုသိုလ် ဖြစ်ဖို့ ပါပဲ...ဟန်းဖြစ်စေ.. လူဖြစ်စေ ဘာကိုပဲ လုပ်လုပ် ကုသိုလ်ရအောင် ပဲ လုပ်တာ အကောင်းဆုံးပဲကွဲ့....    
              ********
ဖြစ်ပြီးတာက ပြီးသွားပြီလေ... အဲဒါ အခု ပစ္စုပ္ပန်ကို ကြည့်လိုက်တော့ ပြီးခဲ့ ဖြစ်ခဲ့တဲ့ ကိစ္စက မရှိတော့ဘူး.. ပျက်သွားပြီ.. ... မနေ့က ဟာက မနေ့က ဟာပဲ.. ဒီနေ့ မဟုတ်ဘူး. ဒီနေ့က ဒီနေ့ပဲ..အဲဒီလိုလေး တွေးလိုက်မယ် ဆိုရင် စိတ်ထဲမှာ ပေါ့သွားလိမ့်မယ်  *********
လာကဓံကို ခံနိုင်အောင်ကျင့်ကွဲ့... ရဟန်းဖြစ်စေ.. လူဖြစ်စေ.. လောကဓံကို မခံနိုင်သေးရင်.. တရားရတဲ့သူ မဟုတ်သေးဘူးကွဲ့....လောကမှာတော့ ကြုံရမှာပဲ... လောကဓံကို ခံနိုင်ရည် စွမ်းအား မြင့်လာပြီ ဆိုရင်တော့ တရားရလာပြီပေါ့..အဲဒါဟာ ကိုယ့်အတွက် အမြတ်ပဲလေ. **********   ဘုန်းဘုန်းရဲ့ ဆုံးမမှုကြောင့် ကျမ လှဲပြိုနေတဲ့ စိတ်ဓါတ်အရှုံးတွေထဲကမှ အမြတ်တစ်ခုရအောင် ကျမ ယူခဲ့လိုက်တယ်။


 အဲဒီနောက်မှာတော့ ကျမ သီချင်းလေးတစ်ပုဒ်နားထောင်မိတယ်။ အဲဒီသီချင်းလေက ကျမနဲ့ရင်းနှီးနေတာ ကြာခဲ့ပါပြီ။ဒါပေမဲ့ ဒီနေ့ညမှာတော့ ကျမ အကြိမ်ကြိမ်နားထောင်ဖြစ်ခဲ့တဲ့ သီချင်းလေးပါဘဲ။ စာဖတ်သူများလည်း ကြိုက်နှစ်သက်မဲ့ သီချင်းလေးဖြစ်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ ဒီသီချင်းလေးမှာ ပါတဲ့စာသားလေးတွေကတော့ ကျမ ရင်ဘတ်ထဲထိ ထိထိမိမိလေးပါ။ (ဘယ်သူကမှားပြီး မှန်တယ်လို့ ဆုံးဖြတ်ခက်တာလဲ....အို ...သိပ်ခက်.....)



   ဒီသီချင်းလေးနားထောင်ပြီ ဒီစာတိုလေး ဖတ်လိုက်မိတယ်။ကျမ စိတ်ညစ်စရာကြုံတိုင်း တရားစာလေးတွေလိုက်ဖတ်ပြီး အရာရာတိုင်းအပေါ် ကျေနပ်အောင်ကြိုးစားနေလိုက်တယ်။ ဒီနေ့မှတ်သားဖြစ်တဲ့ စာတိုလေးကတော့....

လက်၏အဆင်းတန်ဆာသည် 
လက်စွပ်လက်ကောက်မဟုတ်
ပေးကမ်းစွန့်ကျဲခြင်းသာ။ 
နား၏အဆင်းတန်ဆာသည် 
နားကပ် နားဋောင်း မဟုတ် 
တရား နှင့် ပညာရှိစကားနာကြားခြင်းသာ။ 
ပါးစပ်၏အဆင်းတန်ဆာသည် 
အရောင်မျိုးစုံသော ဆိုးဆေးတို့မဟုတ် 
မှန်ကန်သော သစ္စာစကား ပြောကြားခြင်းသာ။ 
ကိုယ်၏အဆင်းတန်ဆာသည် 
ဘယက် ဒွါဒရာ မဟုတ်
မေတ္တာ ဂရုဏာဖြင့် သူတစ်ပါးအကျိုးဆောင်ရွက်ခြင်းသာ။ 
(သပြေကန်ဆရာတော် အရှင်ဝါသေဌာဘိဝံသ )

စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာချမ်းသာပျော်ရွှင်ပါစေ
မေတ္တာဖြင့်
အလွမ်းမြို့လေး

No comments: