Friday 16 September 2011

ညီမလေးဖတ်ဖို့ (၂)







♥♥ချစ်သူဆီကအပြန် ဖိနပ်နဲ့မာန မှားစီးလာတဲ့ ညီမလေးရေ ♥♥
တကယ်ဘဲ ဖိနပ်နဲ့ မာနကိုမှားစီးလာသလားကွယ်
မာနကိုညီမလေး မှားစီးလာတယ်ဆိုရင်တော့
ညီမလေးကိုယ်တိုင်က
ဖိနပ်ပျောက်ခဲ့လို့
နေမှာပေါ့
ကွယ်
♥♥
ညီမလေးရေ..
လောကမှာ ကိုယ်တန်ဖိုး
အထားဆုံးအရာကို ဆုံးရှုံးခဲ့မယ်ဆို
ညီမလေးဘာလုပ်မှာလဲမယ်လို့ စိတ်ကူးမိလဲ
ကိုယ့်ရဲ့နေ့စဉ်သုံး ဖိနပ်လေးပျောက်ခဲ့တာတောင်
ညီမလေးက မာနကိုရအောင်အပြန်မှာ မှားစီးနိုင်ခဲ့သေးတာဘဲ.
လောကဓံဆိုတဲ့ အရာကြီးကိုအလျှော့ပေးပြီးနေလိုက်မှာလား
အမှတ်တမဲ့ခလုတ်တိုက်ခံရတဲ့  နှလုံးသား အစိပ်စိပ်
အမွှာအမွှာအပ်ကြောင်းထပ်အောင်ကြေမွှခဲ့ပြီးမှ
ညီမလေး အခါခါအနာခံပြီး ငိုကြွေးနေလဲ
မနက်ဖြန်ဆိုတာ မကုန်ဆုံးနိုင်ဘူး
ရှိနေဦးမယ်ညီမလေးရေ
ဘဝမှာခံနိုင်ရည်
မွေးတတ်ဘို့
လောကဓံ
ကို
ညီမလေး 
ရင်ဆိုင်ရဲရမယ်

ဖြစ်သမျှအကြောင်းတိုင်း မျက်ရည်ကျ အရှုံးပေးနေမယ်ဆို
ရှေရှည်မှာ ညီမလေးပင်ပန်းမယ်..ဘဝဆိုတာ 
တစ်ရက်ထဲ မဟုတ်သလို ဘဝရှိနေသရွှေ
အချစ်ကလည်း အမြဲသစ်လွင်
ရှိနေမှာပါ 
ညီမလေးရေ ချစ်တိုင်းလည်းမညား ညားတိုင်းလည်းမချစ်တဲ့
စာဆိုလေးကြားဖူးတယ် မဟုတ်လား.အဲဒီစာဆိုလေး
အတိုင်းဘဲ မချစ်ဘဲညားသွားပြီး သာယာတဲ့
စုံတွဲတွေရှိနေသလို ညားပြီးမှ
ချစ်သွားကြတဲ့ စုံတွဲ
တွေလည်း 
ဒုနဲ့ဒေး
    ပါ 
♥♥

တကယ်တော့ 
အချစ်ဆိုတာကိုးကွယ်ဘို့  
မဟုတ်ဘူး ညီမလေး... ရွှေသမင်
အထင်နဲ့အလိုက်မှားတဲ့ မုဆိုးလို မဖြစ်ရဘူး.
မုဆိုးထောင်တဲ့ ကျော့ကွင်းထဲ
မိသွားတဲ့ ယုန်သငယ်
လည်းမဖြစ်အောင်
ညီမလေးရေ
အချစ်တွေကို
ခဏလောက်ဖယ်ချထားလိုက်ပါ
♥♥
ဖိနပ်
ပျောက်သူ
မှားစီးလာတဲ့ မာနနဲ့
ညီမလေးရဲ့  အနာဂါတ်လမ်းကို
လျှောက်လှမ်းနိုင်ဘို့ ♥♥ (မာန) ♥♥ ကိုထမ်းပိုးပြီး
ညီမလေး ခေါင်းမော့လမ်းလျှောက်လိုက်ပါ...



ညီမလေးရဲ့
မမအလွမ်းမြို့လေး

2 comments:

မဒမ်ကိုး said...

ဖိနပ်ရောမာနရော ကိုရင်ယူတွားပီး(

ပြန်တောင်းပေးပါ မမ

ချစ်တဲ့
မဒိုးကန်

Anonymous said...

ညီမလေးဖတ်ဖို့ကဗျာလေးဖတ်ပြီး သဘောကျမိတယ်... ညီမအရွယ်လေးတွေ ဒီလိုကဗျာ များများဖတ်ဖြစ်ပါစေလေ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ