Wednesday 7 September 2011

ချစ်သူဖတ်ဖို့ (၂)



နှစ်တူကိုယ်ဆောက်ခဲ့တဲ့ အိမ်
မင်းလက်နဲ့ဖြို့ဖျက်ခဲ့မယ်ဆိုရင်တောင်
င့ါရင်ဘတ်ထဲက နှလုံးသားအိမ် မင်းဘယ်လို
လက်မျိုးနဲ့ ခြေဖျက်ဦးမှာလဲ
ချစ်သူ

တွဲခဲ့တဲ့ လက်တွေက 
တခဏတာသာ ခိုင်မြဲမယ်လို့
ငါ သာသိခဲ့မယ်ဆိုရင်... ချစ်သူ
မင်းက ထားခဲ့သူမဟုတ်ဘဲ
 ငါကထားခဲ့သူနေရာကို
အရင်လက်ဦးထား
မိမှာအသေချာပါ
ချစ်သူ

 အင်း...
ခုတော့ 
ထားခဲ့သူကမင်း
ကျန်ခဲ့သူက    ... ငါ..

ငါ့
ရင်ထဲမှာ
မင်းထားခဲ့တဲ့
ဒဏ်ရာအပြည့်နဲ့
တစ်နင့်တစ်ပိုး ထမ်းပိုး
သယ်ခဲ့ရတဲ့ အိပ်မရတဲ့ ညတွေ
ကျော်ဖြတ်ခဲ့ရပေမဲ့..

ခံစားမှု့မဲ့နေတဲ့ မင်းရင်ခွင်
ဒဏ်ရာတွေ မထိရှခဲ့ပေမဲ့
မင်းထွက်သွားတဲ့ ည
..ငါ့မှာတော့ အိပ်မရ...
နာရီကိုငေးကြည့်
အချိန်တွေက
တာဝန်သိသိ
ရွေသွားရင်း
မီးမှိန်မှိန်အောက်
ငါတစ်ယောက်တည်း..

ရင်ထဲက
ကဗျာလေးရယ်
ကောဖီပူပူ တစ်ခွက်ရယ်
မှေးမှိန်မှိန် မီးရောင်အောက်မှာ
ကွန်ပျူတာ တစ်လုံးက
အထီးကျန် ဆန်တဲ့
ငါ့ညအတွက်တော့
မိတ်ဆွေ  
ကောင်းပါဘဲ....


**********************
ချစ်ရပါသော ညီမလေး ဆွေးHeart အတွက် အမှတ်တရလေးပါ..


မေတ္တာဖြင့်
အလွမ်းမြို့လေး

1 comment:

ကိုဇော် said...

အဟဲ . . ဂလိုလည်း ရတာပဲကိုး။