Thursday 1 September 2011

ရာသက်ပန်ငွေပဒေသာပင်အတွက်

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်း

အသင်း ရာသက်ပန်ငွေပဒေသာပင် အလှူရှင်များအားလုံး မင်္ဂလာပါရှင်။ကော်နက်ရှင်အခက်အခဲကြောင့် အလှူရှင်စာရင်းတွင် အလှူရှင်များ၏ နာမည်စာရင်းများကို ထည့်သွင်းပေးနိုင်ရန် အချိန်နောက်ကျခဲ့ ရတဲ့အတွက် တောင်းပန်မိပါတယ်ရှင်...

ယခု ကျွန်မ၏ http://warwarkhaingmin.blogspot.com
(အမှတ်တရလေးများ)ဘလော့ဂ်တွင် "သာသနာကြီးတည်တံ့စေဘို့ ဆွမ်းလောင်းကြပါစို့" ခေါင်းစဉ်နဲ့ ပို့စ်တင်ထားပြီး အလှူရှင်များ အားလုံး၏ နာမည်စာရင်းကို ဖြည့်သွင်းပြီး ဖြစ်ပါကြောင်း အသိပေးလိုက်ရပါတယ်ရှင်။

စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း တနလာင်္အပတ်စဉ် ဆွမ်းလောင်းလှူနိုင်ရန် အတွက် ရာသက်ပန်  ငွေပဒေသာပင် ဆွမ်းအလှူရှင်များ များစွာလိုအပ်နေဆဲဖြစ်ပါသောကြောင့်  ယခုကျွန်မ တင်ထားသော "သာသနာကြီးတည်တံ့စေဘို့ ဆွမ်းလောင်းကြပါစို့" ပို့စ်ကို အလှူရှင်များ၏ မိတ်ဆွေများထံ မျှဝေရင်း ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံလိုက်ရပါတယ်ရှင်။

အလှူရှင်များ၏ ဂုဏ်ပြုမှတ်တမ်းလွှာများကို မေးလ်မှတဆင့်ပေးပို့နိုင်စေရန် စီစဉ်သွားပါမယ်။ (သို့မဟုတ်) မြန်မာပြည်ပြန်အလည်ရောက်တဲ့အခါ ကျွန်မ၏အိမ်တွင် ဂုဏ်ပြုမှတ်တမ်းလွှာလေးများ လာရောက်ယူဆောင်နိုင်ကြပါတယ်ရှင်

လေးစားစွာဖြင့်
ဝါ၀ါခိုင်မင်း
--
Best Regards,
WWKM




***********************************


အထက်ပါအီးမေလ်းလေးက ကျွန်မဆီကို မဝါဝါခိုင်မင်း ပို့လိုက်တဲ့မေလ်းလေးပါဘဲ။မဝါဝါခိုင်မင်း ကိုယ်တိုင် တက်အားသရွှေပါဝင် လှူဒါန်းသလို အလှူရှင်များကိုလည်း တတ်နိုင်တဲ့ ဘက်မှ နှိုးဆော်ဖိတ်ခေါ် နေပါတယ်။ မဝါဝါခိုင်မင်း ဖော်ပြထားတဲ့ ဘလော့မှဝင်ရောက် လေ့လာနိုင်ပါတယ်။ ကျမတို့လည်း တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပြီး စေတနာသဒ္ဒါတရား ထက်သန်စွာနဲ့ အလှူ့ဒယကာ/ ဒကာမ ဖြစ်စေဘို့ ကျမဘလော့မှာ ပြန်လည်ဖော်ပြပေးရင်း စေတနာတူ ညီအစ်ကိုမောင်နှမများကိုလည်း ဖိတ်ခေါ်ပါရစေ။ ကျမတို့ရဲ့ ၁ကျပ်တန်စေတနာဖြင့် အလှူရှင်များ စုပေါင်းပြီး သံဃာတွေအတွက် ဒါနပြုကြရအောင်။။

ဥရောပမှ စေတနာရှိ အလှူရှင်များလည်း ရန်ကုန်ရှိ တာဝန်ခံတွေဆီ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်သလို  ကျမဆီ လှူဒါန်းချင်သော အလှူရှင်များကိုလည်း ကျမဖိတ်ခေါ်ပါတယ်။ အတူတကွ စေတနာလက်ဖြင့် ပါဝင်ကုလိုယူကြပါစို့...ကျမကိုယ်တိုင်လည်း မပါဝင်ရသေးပါဘူး.ကျမနဲ့ အတူ ပါဝင်လှူဒါန်းချင်သော စေတနာထက်သန်သော စာဖတ်သူ ညီအစ်ကိုမောင်နှမများအား ဒီဘလော့လေးကနေ တစ်ဖန် ပြန်လည်ဖိတ်ခေါ်ပါတယ်။
ကျမမေလ်းအကောင့်ကို အက်ပြီးဆက်သွယ်နိုင်ပါတယ်။
alwanmyolay@gmail.com

မေတ္တာဖြင့်
အလွမ်းမြို့လေး

No comments: