Wednesday 19 October 2011

ကျမနဲ့ သီချင်းစာသားများ

ဒီနေ့တော့  ကျမ စိတ်ကူးရတိုင်း လုပ်ထားမိတဲ့  သီချင်းစာသားတွေကို  ကျမလို သီချင်းဝါသနာ  ဂီတာဝါသနာ ပါသူများအတွက်  စေတနာရှေထား ပြန်လည်မျှဝေပေးလိုက်တယ်။ ဂီတကို ကျမအတွက်တော့ စိတ်ရဲ့ဖြေသိမ့်မှုပေးတဲ့  အဖော်မွန်လို့ ယူဆထားပြီး  ခလေးဘဝအရွယ်အတည်းက  နှစ်သက်ဖက်တွယ်  လာခဲ့တာပါ။ ဒါပေမဲ့  ခုချိန်ထိ ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ သီချင်းဝါသနာပါသူများ အတွက် ရည်ရွယ်ထားပါတယ်။

ဒီ ပထမတစ်ပုဒ်ကတော့  (Lဆိုင်းဇီ ဆိုထားတဲ့  *** ပြန်လာခဲ့*** ဆိုတဲ့ )  သီချင်းလေးပါ။ ခံစားချက်ရှိသော မိန်းခလေး အတော်များများ ကြိုက်နှစ်သက်သော သီချင်းလေးမို့ ပြန်လည် ရေးသားမျှဝေ
လိုက်ပါတယ်။
ဒုတိယ တစ်ပုဒ်ကတော့ ( တိတ်တိတ်လေးဘဲ ချစ်သွားမယ်ဆိုတဲ့) သီချင်းလေးပါဘဲ




တတိယ တစ်ပုဒ်ကတော့ ( ကိုယ်မညာတော့ဘူး) ဆိုတဲ့ Lကိုင်ရာ  သီချင်းလေး ပါဘဲ။




 နောက်ဆုံးတစ်ပုဒ်ကတော့ လူငယ်အများကြိုက်မယ်လို့ ကျမထင်တယ်။
( ပြော ) ဆိုတဲ့ သီချင်းလေးပါ....
  ဘာမှမတတ်သော်လည်း စေတနာတစ်ခုတည်းဖြင့်  ကျမကြိုးစားပြီ ပြန်လည်ပြုလုပ်ထားပါတယ်။ အဆင်မပြေမှု့များ ( ဂီတာကီးများ) မှားယွင်းခဲ့လျှင်  နားလည်ခွင့်လွှတ်ပေးကြပါ။ တကယ်တော့ တတ်လို့ မဟုတ်  ဝါသနာအရ  ကြိုးစားထားခြင်းပါ။ ကျမအားတဲ့အချိန် ဖိုင်နဲ့စုပေါင်းပြီး ပြန်လည်တင်ပေးပါမယ်။ 


လာရောက်သူအပေါင်း ပျော်ရွှင်နိုင်ကြပါစေ။

မေတ္တာဖြင့်
အလွမ်းမြို့လေး

3 comments:

ကိုဇော် said...

သီချင်းစာသားချည်းပဲတော့ မကြိုက်ပေါင်.. . .
ဘလော့ပိုင်ရှင်က ကိုယ်တိုင် ဆိုပြတာကို ပိုကြိုက်တယ်။
နောက်တစ်ခါ ကိုယ်တိုင် ဆိုထားတာကိုပါ တင်ပါ။

ကိုရင် said...

ပြော..ငါ့ကို မုန်းတယ် ဆိုလည်းပြော..ငါ့ကို မချစ်နိုင်တော့ရင် ပြော.. ဒါဟာ မင်းအတွက်..
တစ်ခုခုတော့ တစ်ခုခုပဲ..

မဒမ်ကိုး said...

အဲ အဲ ဟုတ်နေကြတာပဲတော်း)

မမလွမ်းရေ
စီဘောက်လုပ်ပါလား
လာလာချောင်းရအောင်လေး)

ချစ်တဲ့

ဒိုးကန်