ဒီနေ့တော့ ကျမ စိတ်ကူးရတိုင်း လုပ်ထားမိတဲ့ သီချင်းစာသားတွေကို ကျမလို သီချင်းဝါသနာ ဂီတာဝါသနာ ပါသူများအတွက် စေတနာရှေထား ပြန်လည်မျှဝေပေးလိုက်တယ်။ ဂီတကို ကျမအတွက်တော့ စိတ်ရဲ့ဖြေသိမ့်မှုပေးတဲ့ အဖော်မွန်လို့ ယူဆထားပြီး ခလေးဘဝအရွယ်အတည်းက နှစ်သက်ဖက်တွယ် လာခဲ့တာပါ။ ဒါပေမဲ့ ခုချိန်ထိ ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ သီချင်းဝါသနာပါသူများ အတွက် ရည်ရွယ်ထားပါတယ်။
ဒီ ပထမတစ်ပုဒ်ကတော့ (Lဆိုင်းဇီ ဆိုထားတဲ့ *** ပြန်လာခဲ့*** ဆိုတဲ့ ) သီချင်းလေးပါ။ ခံစားချက်ရှိသော မိန်းခလေး အတော်များများ ကြိုက်နှစ်သက်သော သီချင်းလေးမို့ ပြန်လည် ရေးသားမျှဝေ
လိုက်ပါတယ်။
ဒုတိယ တစ်ပုဒ်ကတော့ ( တိတ်တိတ်လေးဘဲ ချစ်သွားမယ်ဆိုတဲ့) သီချင်းလေးပါဘဲ
တတိယ တစ်ပုဒ်ကတော့ ( ကိုယ်မညာတော့ဘူး) ဆိုတဲ့ Lကိုင်ရာ သီချင်းလေး ပါဘဲ။
နောက်ဆုံးတစ်ပုဒ်ကတော့ လူငယ်အများကြိုက်မယ်လို့ ကျမထင်တယ်။
( ပြော ) ဆိုတဲ့ သီချင်းလေးပါ....
ဘာမှမတတ်သော်လည်း စေတနာတစ်ခုတည်းဖြင့် ကျမကြိုးစားပြီ ပြန်လည်ပြုလုပ်ထားပါတယ်။ အဆင်မပြေမှု့များ ( ဂီတာကီးများ) မှားယွင်းခဲ့လျှင် နားလည်ခွင့်လွှတ်ပေးကြပါ။ တကယ်တော့ တတ်လို့ မဟုတ် ဝါသနာအရ ကြိုးစားထားခြင်းပါ။ ကျမအားတဲ့အချိန် ဖိုင်နဲ့စုပေါင်းပြီး ပြန်လည်တင်ပေးပါမယ်။
လာရောက်သူအပေါင်း ပျော်ရွှင်နိုင်ကြပါစေ။
မေတ္တာဖြင့်
အလွမ်းမြို့လေး
3 comments:
သီချင်းစာသားချည်းပဲတော့ မကြိုက်ပေါင်.. . .
ဘလော့ပိုင်ရှင်က ကိုယ်တိုင် ဆိုပြတာကို ပိုကြိုက်တယ်။
နောက်တစ်ခါ ကိုယ်တိုင် ဆိုထားတာကိုပါ တင်ပါ။
ပြော..ငါ့ကို မုန်းတယ် ဆိုလည်းပြော..ငါ့ကို မချစ်နိုင်တော့ရင် ပြော.. ဒါဟာ မင်းအတွက်..
တစ်ခုခုတော့ တစ်ခုခုပဲ..
အဲ အဲ ဟုတ်နေကြတာပဲတော်း)
မမလွမ်းရေ
စီဘောက်လုပ်ပါလား
လာလာချောင်းရအောင်လေး)
ချစ်တဲ့
ဒိုးကန်
Post a Comment