Monday 13 February 2012

ကိုဟန်လေးအတွက် ကိုထီးရဲ့သီချင်းတစ်ပုဒ်

ဒီသီချင်းလေးကိုတော့ ကျမရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ကိုဟန်လေးအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ။ ဒီသီချင်းလေးက အဟောင်းတွေထဲက အနှစ်သီချင်းလေးတစ်ပုဒ်မို့ ကျမကိုယ်တိုင်လည်း ကြိုက်နှစ်သက်မိပါတယ်။ ဖခင်တစ်ယောက်ရဲ့ သမီးလေးအပေါ်ထားတဲ့ စေတနာမေတ္တာတွေကို ပိုပေါ်လွင်စေသလို  အဝေးရောက်  ဖခင်မေတ္တာငတ်သူ  ကျမအဖို့တော့ အရမ်းကိုခွန်အားဖြစ်စေ အားဖြစ်စေခဲ့ ပါတယ်။ ကျမလိုခံစားချက်တူတဲ့  အရင်းနှီးဆုံးမိတ်ဆွေဖြစ်တဲ့ ကိုဟန်လေးနဲ့အတူ လာလည်တဲ့  မိတ်ဆွေမောင်နှမတွေလည်း  နားဆင်ခံစားနိုင်ဘို့  ပြန်လည်မျှဝေလိုက်ပါတယ်။






3 comments:

ချစ်စံအိမ် said...

လွမ်းရေ လာသွားပါတယ်နော်
သတိရပါတယ် သီချင်းလေးတွေနားထောင်သွားပါတယ်

WWKM said...

ကိုထီး သီချင်းတွေ အရမ်းကြိုက်တယ် ချစ်ညီမ.
ကျေးဇူးစ်. :)

မိုးသူ(တောင်ကြီး) said...

လာလည်သွားပါတယ် CBox ရှာမရလို့  ဒီမှာပဲ အော်ခဲ့လိုက်ပါတယ်နော်