Saturday 10 March 2012

ကဗျာမဟုတ်စာမဟုတ်

ဒီနေ့မနက် အိပ်ယာနိုးပြီး ကွန်ပျူတာရှေထိုင် သူငယ်ချင်းဘလော့လိုက်လည်ပြီး ဘာတွေလုပ်ရင်ကောင်းမလဲ စဉ်းစားနေခိုက်  စိတ်ထဲ တဒင်္ဂလေး ထွက်ပေါ်လာတဲ့ စာတိုလေးရေးချလိုက်တယ်။ ဘာရည်ရွယ်ချက်မှတော့ မဟုတ်ပါဘူး။ သူများတွေလို စာလည်းမရေးတတ် ကဗျာလည်းမစီတတ်တော့ ခံစားတတ်တဲ့ ရင်ဘတ်တစ်ခုတည်းနဲ့ဘဲ ဘလော့ဂ်ဂါ မောင်နှမတွေ ရေးတဲ့စာတွေ ကဗျာတွေဖတ်ပြီး ထပ်တူခံစားမှု ရယူနေသူပါ။ ဒီ တဒင်္ဂထွက်ကျလာတဲ့ ကဗျာမဟုတ် စာမဟုတ်တဲ့ အလွမ်းမြို့ရဲ့ စာတိုလေးကိုလည်း လာရောက်သူ စာဖတ်မောင်နှမများကို ပြန်လည်မျှဝေလိုက်ပါတယ်။




စာဖတ်သူများကို အစဉ်လေးစားလျှက်
အလွမ်းမြို့လေး

4 comments:

ချစ်စံအိမ် said...

မမလွမ်းရေ ဒီလောက်စာရေးကောင်းတာကို
မမကအဲလိုပြောတော့လမင်းတို့ဘယ်လိုရေးရမလဲဟင်
လေးစားခင်မင်လျှက်ပါ

မဒမ်ကိုး said...

သူဘဲပြောတော့ သများတော့မပြောတော့ဘူးဟွန့်

တခါတည်းဒီလောက်အရေးကောင်းတာကို

ချစ်တဲ့


ဒိုးကန်

အလွမ်းမြို့ said...

ဒိုးကန်လေးရေ တစ်ခါတည်းဆိုတော့ တစ်ခါတည်းပေါ့ နော်။ မကြီးလွမ်းဆီ လာလည်ကြတဲ့
မောင်ငယ် ညီမငယ်တွေအားလုံး မမ / ကိုကိုတွေကို လည်း အထူးကျေးဇူးတင် ခင်မင်လေးစားလျှက်ပါလို့
အလွမ်းမြို့လေးမှ (ရင်ဖွင့်ပြ)လိုက်ပါတယ်


အားလုံးကိုခင်မင်လေးစားတဲ့
အလွမ်းမြို့

မိုးသူ(တောင်ကြီး) said...

မမလွမ်းရေ လည်လည်ရောက်ခဲ့တယ် ကဗျာမဟုတ်စာမဟုတ် တွေပဲ ရေးတတ်လို့  ကဗျာမဟုတ်စာမဟုတ်ဆိုတာလေး ကို ပဲ ခံစားဖတ်ရှုသွားတယ်နော်