အလွမ်းမြို့ဘလော့သို့ လာလည်သော မိတ်ဆွေမောင်နှမများကို မင်္ဂလာပါလို့ ဦးစွာပထမနှုတ်ခွန်း ဆက်ပါတယ်။ ဒီနေ့ အလွမ်းမြို့ဘလော့ကို လာလည်တဲ့ မိတ်ဆွေမောင်နှမများအား အလွမ်းမြို့မှ ( မျောက်) တစ်ကောင်နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီ (မျောက်)လေးဟာ သူတစ်ပါးကို မနှောင့်ယှက်တတ်ပါဘူး။ သူ့ဟာ သူတစ်ယောက်တည်းကို ပြန်အနှောင့်ယှက်ပေးတဲ့ ( မျောက် )ချစ်စရာလေးပါ။
အလွမ်းမြို့တစ်ယောက် တစ်နေဝင်သော် နောက်တစ်နေ့ ဘယ်သူ့ကိုအွန်လိုင်းကနေ စနောက်ရမလဲ ဘာတွေလုပ်ရမလဲ အမြဲအကြံထုတ်နေတတ်သူ တစ်ယောက်ပါ။ တစ်ခါတစ်ရံ အကြံထုတ်နေတုန်း ညဏ်နီ ညဏ်နက် ညဏ်ဖြူ ညဏ်ပြာလေး ဝင်လာရင်တော့ ကံဆိုးသူ မိတ်ဆွေကိုဟန်လေးက ပင်တိုင်စံမင်းသားပေါ့။ ဒီနေ့တော့ ချောင်းသာချောင်းရတယ် လိုင်းမှာရန်စရမဲ့သူ တစ်ယောက်မှမမြင်။ ကိုဟန်လေးကလည်း ခံရတာတွေများတော့ ပြေးပြီပေါ့။ ခေတ်မှီသူတိုင်း မီးနီပြသည်ဆိုတဲ့အထဲ ကိုဟန်လေးလည်း ခေတ်မှီတာလား အလွမ်းမြို့ကို လန့်တာလားမသိ။ တစ်ရက်မှာ (၂၄)နာရီ ရှိတာတောင် သူ့အကောင့်က (၂၅)နာရီလောက် မီးနီနေတော့တာ။ အင်း အလွမ်းမြို့တစ်ယောက် အတော်စိတ်ပျက် ခဲ့ရတယ်။
အလွမ်းမြို့တစ်ယောက် တစ်နေဝင်သော် နောက်တစ်နေ့ ဘယ်သူ့ကိုအွန်လိုင်းကနေ စနောက်ရမလဲ ဘာတွေလုပ်ရမလဲ အမြဲအကြံထုတ်နေတတ်သူ တစ်ယောက်ပါ။ တစ်ခါတစ်ရံ အကြံထုတ်နေတုန်း ညဏ်နီ ညဏ်နက် ညဏ်ဖြူ ညဏ်ပြာလေး ဝင်လာရင်တော့ ကံဆိုးသူ မိတ်ဆွေကိုဟန်လေးက ပင်တိုင်စံမင်းသားပေါ့။ ဒီနေ့တော့ ချောင်းသာချောင်းရတယ် လိုင်းမှာရန်စရမဲ့သူ တစ်ယောက်မှမမြင်။ ကိုဟန်လေးကလည်း ခံရတာတွေများတော့ ပြေးပြီပေါ့။ ခေတ်မှီသူတိုင်း မီးနီပြသည်ဆိုတဲ့အထဲ ကိုဟန်လေးလည်း ခေတ်မှီတာလား အလွမ်းမြို့ကို လန့်တာလားမသိ။ တစ်ရက်မှာ (၂၄)နာရီ ရှိတာတောင် သူ့အကောင့်က (၂၅)နာရီလောက် မီးနီနေတော့တာ။ အင်း အလွမ်းမြို့တစ်ယောက် အတော်စိတ်ပျက် ခဲ့ရတယ်။
ကဲ ... နောက်ဆုံးကြံရာမရ လူမရှိတော့ ကိုယ့်အနီးစပ်ဆုံးလူကို ရှာလိုက်တယ်။ အဟင့် .... အလွမ်းမြို့အနားမှာ တိုတိုရှိတယ်။ ခက်တာက တိုတိုကလည်း အလွမ်းမြို့ထက်ဆိုးတယ် အားနေရင် (ဂိမ်း)ဆော့ဘို့ဘဲ စိတ်ကူးတာ။ သူ ဂိမ်းဆော့ရမယ်ဆို အလွမ်းမြို့တစ်ယောက် သူ့ကို ဘယ်လောက် နှောင့်ယှက်နှောင့်ယှက် သူကပြုံးပြုံးလေး။ ဘာတစ်ခွန်းမှ ပြန်မပြော။ ခိုင်းတာလည်း အကုန်လုပ်ပေးတယ်။ ဒီတော့ အလွမ်းမြို့တစ်ယောက် အခက်ကြုံရပြန်ရော။ စိတ်ထဲလည်း သိပ်မကျေနပ်သေး နောက်ဆုံး သူ့ အလှည့်ဘဲ။
ကဲ ^^^^^^ သူ့အလှည့်ကျရောက်ပြီမို့ ကွန်ပျူတာလေးဖွင့် မိတ်ဆွေမောင်နှမ ခင်မင်ရင်းနှီးသူတွေရဲ့ ဘလော့ကိုလိုက်လည် ဖတ်စရာလေးတွေဖတ် သဘောကျတာလေးတွေ တွေ့ရင်မှတ်ပြီး ကိုယ့်အကောင့်လေး ဖွင့် စက်တင်ထဲဝင်ပြီး လုပ်ငန်းစတော့တာဘဲ။ အဲဒီအချိန်ကစ မျောက်တစ်ကောင် အုန်းသီးတစ်လုံးရပြီး အလုပ်ရှုပ်နေသလို အလွမ်းမြို့တစ်ယောက် ဘလော့စက်တင်ထဲကနေ လုပ်ချင်တာတွေလုပ်ပြီး အရှုပ်တွေလုပ်နေလိုက်တယ်။ အဲလို လုပ်ချင်တာလေးကို တစ်ယောက်ထဲ ငြိမ်ငြိမ်လေး စိတ်ကြိုက်လုပ်ရမယ်ဆို အလွမ်းမြို့တစ်ယောက် မပင်ပန်းဘူး။ အစားမေ့ အသောက်မေ့ အာရုံတွေစူးစိုက် စိတ်ကြိုက်လိုက် ကလိတော့တာဘဲ။
တကယ်တော့ အလွမ်းမြို့ဟာ ဘာဆိုဘာမှ တတ်သူမဟုတ်။ လုပ်ချင်တဲ့စိတ်တစ်ခုရယ် လုပ်တတ်ချင်စိတ် တစ်ခုရယ် လုပ်နိုင်ချိန်လေး တစ်ခုရယ်ကြောင့် လုပ်ချင်တာလေးကို လုပ်နေတတ်သူ။ ရွာမှာတုန်းကတော့ (မောက်စ်)ကို ကိုင်ဖူးဘို့မပြောနဲ့ (မောက်စ်)နဲ့ အသံထွက်တူတဲ့ ကြွက်လောက်ဘဲ ဖမ်းဖူးတာလေ။ ခုတော့ ဘာဘဲဖြစ်ဖြစ် ကွန်ပျူတာလေးကို ကိုင်တတ် ဘလော့လေးတွေ လည်တတ် စာတွေဖတ်ရနေပြီ။ ဘယ်လောက်လေးဘဲ တတ်တတ် လုပ်ချင်တာလေးလုပ်နေရရင် ပျော်နေသူပါ။
ကဲ ^^^^^^^ တစ်နေ့လုံး မျောက်တစ်ကောင် ကလိလို့ ခုလိုဖြစ်သွားတဲ့ အလွမ်းမြို့လေးရဲ့ ဘလော့တန်းပလိတ်လေးကို စာဖတ်သူများ သီးခံ ခံစား ဝေဖန် ပေးကြပါဦး။ အလွမ်းမြို့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေ (ကိုဇော် ၃၅၇)က အလွမ်းမြို့ကို ခဏခဏ ပြောဖူးပါတယ်။ တန်းပလိတ်တွေ ခဏခဏဝင်ဝင် မကလိဘို့။ သူ အလွမ်းမြို့ကို ပြောတာကလည်း စေတနာလည်းပါသလို အရင်တုန်းက အလွမ်းမြို့ကလိလို့ ပျက်သွားတိုင်း သူ့ကို ခဏခဏ မဖြေမချင်း(ဂျီတော့)ကနေ ခေါ်ခေါ်မေး တာကြောင့်လဲ ပါမယ်လို့ အလွမ်းမြို့ထင်ပါတယ်။ ကိုဇော်ကလည်း တကယ့်အလုပ်များ သူတစ်ယောက်လေ။ ဘယ်လိုဘဲဖြစ်ဖြစ် စေတနာနဲ့ပြောခဲ့တဲ့ (ကိုဇော်၃၅၇ ကိုလည်း ကျေးဇူးတင်ပါတယ်။
လူ့စိတ်ဆိုတာ မျောက်နဲ့တူတယ်လို့ တစ်ချို့ကပြောဖူးပါတယ်။ ဒါပေမဲ့ အလွမ်းမြို့ စိတ်ကတော့ (မျောက်) နဲ့တူတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ကတော့ တကယ့်မျောက် ပါဘဲ။ နောက်ဆုံး ခဏခဏ တားတဲ့ကြားကနေ ခုလို ဝင်ကလိလိုက်တာ ဘလော့လေးက မဲမဲ .. စိမ်းစိမ်း... ဖြူဖြူ ကြီး ဖြစ်သွားတာဘဲ။ နောက်ရက်တွေမှာတော့ အလွမ်းမြို့ဘလော့ ဘာတွေဖြစ်လာဦးမလဲ မသိ။ အလွမ်းမြို့လေးရဲ့ ဘလော့ကိုခုလို ဝင်ရောက်ကလိသွားတဲ့ (မျောက်)ကတော့ (အလွမ်းမျောက်)ပါဘဲ။
စာဖတ်သူများကို မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီနေ့ (အလွမ်းမြို့ဘလော့ တန်းပလိတ်ကို ဝင်ကလိသွားတာက အလွမ်းမျောက် )ပါဘဲ။ သတ္တဝါမျောက်က အုန်းသီးရရင် တစ်နေကုန် ကစားသလို အလွမ်းမြို့တစ်ယောက်လည်း အွန်လိုင်းအဖော်မရှိရင် နောက်ဆုံး ဒီဘလော့ကိုဘဲ ဝင်ဝင်ကလိဖြစ်တယ်။
တစ်ဆက်တည်း အလွမ်းမျောက်လေး ဘလော့ဝင်ကလိရင်း အေးအေးဆေးဆေး တရားလေးတွေ နာဖြစ်သွားတယ်။ တစ်နေ့လုံး နာဖြစ်တဲ့ တရားလေးတွေကို ဘလော့ထဲ လာလည်တဲ့ မောင်နှမတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီတရားတွေကို နာဖူးသူတွေလည်း ရှိမှာပါ။ တကူးတက ဒေါင်းပြီးမှ တရားနာရမှာ အချိန်မရသူတွေအတွက် အလွမ်းမြို့လေးဘလော့မှာ အဆင်သင့် နားထောင်သွားစေချင်ပါတယ်။
တရားနာခြင်းဖြင့် စိတ်အပူသောကများ ကင်းဝေးအေးချမ်းနိုင်ကြပါစေ။
ထို့ကြောင့် မနက်စောစောထ အလွမ်းမျောက် တစ်ယောက်အကြွေးတင်သော ပိုစ်လေးကို
ကြိုးစားတင်ပေးလိုက်ပါတယ်။ စာဖတ်သူများ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
စာဖတ်သူများကို အစဉ်ချစ်ခင်လေးစားလျှက်
အလွမ်းမြို့
9 comments:
ဒါကြောင့်ထင်တယ် မကြီးလွမ်းရေ
ဘလော့လည်လို့မရဘူးလေ ကိုရာဇာထွေးတောင်
လမင်းကိုမေးနေတာ မကြီးလွမ်းဆီသွားလို့မရလို့တဲ့
လမင်းထင်တာပြောလိုက်တယ် ဟဲဟဲ ပိုစ့်အသစ်မတင်လို့ပိတ်ထားတာနေမယ်လို့ :P
အခုမှ သိတယ် အလွမ်းမျောက်ဆိုတာ သူကိုး......ဟီးဟီး ....မကြီးလွမ်းပျေက်ချက်သားကောင်းနေတယ်နော်.....အုန်းသီးရနေလို့ထင်ပါ့......ဘလော့လေး လန်းပါတယ် မကြီးလွမ်းရ......
ဒါကြောင့် ကို မနေ့ က မကြီး ဆီအလည်လာတာ ၀င်လို့ကို မရဘူး...
ကိုယ့်ဆီ ကများဖြစ်လားပေါ့ ... ကျန်တဲ့ ဘလော့တွေဝင်တော့လည်း
အဆင်ကို ပြေလို့ ... ညီမလေး လမင်းကိုတွေ့လို့ မေးကြည့်တော့ သူ
လည်းဝင်မရ ဘူး အကိုရေတဲ့... လက်စသတ်တော့ ကိုယ့် အမက
အိမ်ပြင် နေတာကိုး :P...
ခင်မင်စွာဖြင့်
ရာဇာထွေး
သြော်.....နောက်ဆုံးမှသိတယ် .....အလွမ်းမျောက်ဆိုတာ သူ ကိုး.....ငါ့မကြီး မျောက်ဖြစ်တာနဲ့ မောင်တော်လေး တို့ပါ မျောက်ဖြစ်နေပြီ မကြီးလွမ်းရဲ့......ပျောက်ချက်သား ကောင်းနေတာ ဒါကြောင့်ကိုး.....မကြီးလွမ်းဘလော့လေး လန်းပါတယ်....ထပ်ကလိနဲ့တော့နော်.....သူများတွေ ဒုက္ခရောက်နေဦးမယ်.....စီဘောက်ကလည်း ဘယ်နားကနေ ရေးရမလဲ မသိဘူး....စီဘောက်ဘဲတွေ့တယ်....ရေးစရာနေရာတွေ့ဘူးနော်.....ကိုယ်ပျောက်နေလားသိဘူး....ကြည့်ပေးဥိးနော်....
မကြီးမျောက်...အဲဟုတ်ပေါင် မကြီးလွမ်း...ဟီးးးးးးးးးးး
လွမ်းနေတဲ့ မမရေ(မျောက်)စာတွေဖတ်သွားပါတယ်...အခု Template လေးလည်းလန်းပါတယ် မမကလည်း...တစ်ခါတစ်လေ Cbox ကိုမေ့ပြီးပတ်ရှာနေတာ...
(ယဉ်ကျေးသိမ်မွေ့မှုဖြင့် ခင်မင်မှုပြုပါ။ စီဘောက်ရှာမယ်ဆို အောက်က (Open Cbox) ကိုနှိပ်ပြီး ပြောချင်တဲ့ စကားလက်ဆောင်တွေ ထားခဲ့လို့ ရပါတယ်။) အဲတာလေးကို အပေါ်ပိုင်းလေးမှာ ထားရင်အဆင်ပြေမယ်ထင်တယ်..အကြံပေးတာနော် မမ
ပျော်ရွှင်ပါစေ မမ..
အောင်အောင်..
မျောက်ဖြစ်ချင်တယ်သီချင်းကို အားကျတယ်ထင်ပ
ငါ့အစ်မတစ်ယောက်ကတော့ လုပ်ချလိုကပြန်ပြီ
နောက်ဆုံးပိုင်းလေးမှာ တရားလေးတွေနာလိုက်ရတယ်
ဟီးးးးးး သာဓုသာဓုသာဓု ဆီရောက်အောင် မောင်ဇာနည်
တို့ကျော်ခွ နာသွားလေသတည်းးးးးး
အခက်အခဲများ ကျော်ခွမှုကြားကနေ ရောက်အောင်လာခဲ့တဲ့ မောင်လေးဇာနည်ရေ .. အမတော်က
ကျေးဇူးတင်ကြောင်းပါ။
မကြီးလွမ်း
အောင်အောင်ရေ... မျောက်အိမ်လာတာ မျောက်မှန်ငှားမလာလို့ စီပုံးမတွေ့ဘူး ရေပုံးဘဲတွေ့လို့
စီပုံးလေး ပေါ်ပေါ်ထင်ထင် ပြနေပြီနော်... မင်တို့မသိလို့ ငါကိုယ်ထင်ပြရတာဆိုတဲ့ ရုပ်က္ခဆိုးကြီးလေ.
မကြီးလွမ်း
ညလေးရေ.. ဟုတ်တယ်.. ဘလောဂ့်ဂါတစ်ချို့က အသဲကွဲရင် ပိတ်တယ်။ မကြီးက မျောက်လက်နဲ့ တိုးရင် ပိတ်တယ်။လာလည်တဲ့အတွက် ကျေးဇူးတင်တယ်ညလေး
မကြီးလွမ်း
Post a Comment