Monday 2 April 2012

နှုတ်ဆက်လိုက်ပြီ သင်္ကြန်ရေ

 အလွမ်းမြို့တစ်ယောက်  သင်္ကြန်ပိုးမပါခဲ့ပေမဲ့  အဝေးရောက်နေသူမို့  သင်္ကြန်သီချင်းလေး  ကြားမိတော့လည်း  အမိမြန်မာပြည်က  နှစ်ကူးအတာသင်္ကြန်ရက်ကို  သတိရစိတ်  စိုမြမြလေးဖြစ်ခဲ့တယ်။ မြန်မာပြည်ဖွားဆိုတော့ လည်း  အတာသင်္ကြန်ချိန်ရောက်တိုင်း  သင်္ကြန်သီချင်းသံကြားတိုင်း  သတိရမိတာက  အဆန်းတော့မဟုတ်ပါ။ ဆန်းနေတာက  အလွမ်းမြို့တစ်ယောက်  ဒီအသက်ရွယ်ထိ  သင်္ကြန်ကို  သူငယ်ချင်းနဲ့ သူ့မိဘတွေ  အတင်းခေါ်လို့  မှတ်မှတ်ရရ  တစ်ကြိမ်သာ  သင်္ကြန်လည်ခဲ့ဖူးတယ်။ အဲတာလေးကတော့ ထူးဆန်းတယ်။ သင်္ကြန်မရောက်ခင်ကတည်းက  လူငယ်တော်တော်များများ  ကိုယ်စီ အစဉ်တွေဆွဲကြ  လည်ဘို့ကြံကြ ။ အလွမ်းမြို့တစ်ယောက်တော့  ဒါမျိုးတစ်ခါမှ  မတွေးမိတော့  တစ်ကြိမ်လေးသာ  အတင်းခေါ်လို့  ကပ်ပါသွားတဲ့တာ။ ဘယ်လိုဘဲဖြစ်ဖြစ်  တစ်ကြိမ်ဘဲလည်ဖူးလည်း  ခုလိုသီချင်းသံလေးကြားရတော့  အလွမ်းတွေ  ပိုတိုးလာမိတယ်။ 

နောက်အမှတ်ရစရာ  တစ်ခုကတော့  အသက်(၁၆)လောက်မှာ (အလွမ်းမြို့တို့မြို့မှာ  သင်္ကြန်ပွဲကို  ကြီးကြီးကျယ်ကျယ်  စည်စည်ကားကားလုပ်တော့  အဝေးကလူတွေလည်း ဖျော်ဖြေပွဲတွေအပြည့်အစုံနဲ့  တီးဝိုင်းစုံပေါ့။ အလွမ်းမြို့တစ်ယောက်က သီချင်းသံ  တီးဝိုင်းသံမကြားလိုက်နဲ့ .. ကြားတာနဲ့ လိုက်တော့တာဘဲ။ သီချင်းဆို  ဝါသနာပါလွန်းတဲ့စိတ်  ဘယ်လိုမှတားမရ။ အသိမိတ်ဆွေတွေက  သီချင်းတစ်ပုဒ်ဆိုဘို့  လာပြောတော့ ..အ ... ဟိုးးး ... အတိုင်းမသိတော့။ အပီဆိုလိုက်မယ် (ခေတ်)စကားအရ  အပီဟဲလိုက်မယ်  စိတ်ကူးယုံရှိသေး  ကိုယ့်ထက်အကြံဦးသူက  အဖေ။  အဖေ့မှာလည်း နတ်မျက်စိ  နတ်နားရှိလားမသိ  ဘယ်လိုကနေ ဘယ်လိုသိပြီး  စာင့်ကြည့်နေမှန်းမသိ။ အလွမ်းမြို့  မျက်နှာကို တစ်ချက်ဘဲကြည့်ပြီး  သမီးစင်ပေါ်တက်  သီချင်းဆိုမယ်ဆို  တစ်ခါတည်းအိမ်ကနေ  အဝတ်အစားတွေ ထုတ်သွားပါတဲ့။ အေးတာဘဲ။ သီချင်းဆိုပြီး  အိမ်ပြန်မလာနဲ့တဲ့။

 အဟင့်.... ရင်ထဲမှာ ထစ်ကနဲ့ဖြစ်သွားပေမဲ့  အဖေက အဖေကိုး။ အဲတုန်းကတော့  သီချင်းမဆိုရတော့  တစ်ညစိတ်ကောက်လိုက်သေး။ အဲတာကို  အဖေကသိတော့  ပြန်လာချော့တယ်။ အင်္ကျီလေး  ဝယ်ပေးပြီးတော့ပေါ့။ အဲတုန်းကတော့ စိတ်ကောက်လိုက်တာက  သီချင်းမဆိုရလို့။ သင်္ကြန်ရေပတ်ခံရတာထက်  စတိတ်ရှိုးဆို  ညလုံးပေါက်ဆိုချင်  ကြည့်မဲ့သူမရှိတောင်  တစ်ယောက်တည်း ထိုင်ကြည့်ချင်တဲ့  စိတ်ကပြင်းထန်နေတာကိုး။ အဲဒီတုန်းက အဖေမသွားဘို့  တာားတာက ကိုယ့်မြို့မှာ  တစ်ခြားဧည်သည်တွေ  မူးမူးနဲ့သီချင်းလာဆိုတော့  သမီးပျိုကို  အမူးသမားတွေ  များတဲ့ကြား  မသွားစေချင်တဲ့  စေတနာ။ အဲဒီတုန်းကတောင်  အမူးသမားတွေ  ဒီလောက်ပေါတာ  ခုခေတ်ဆို ဘယ်လိုများ  နေပါလိမ့်။ သင်္ကြန်မှာ  ရေပက်ခံကြပြီး  ပျော်တာနည်းနည်း ..... သောက်ကြပြီး  အပျော်လွန် ကြတာကများများ ဆိုတော့  အင်းလေ ....တဘယ်လိုဘဲဖြစ်ဖြစ်  လာလည်သူမိတ်ဆွေ  မောင်နှမတွေလည်း  အလွမ်းမြို့လို  အဝေးရောက်နေမယ်ဆို  သီချင်းလေးခံစား  အလွမ်းဖြေကြပေါ့။

(အလွမ်းမြို့မှ  စေတနာစကား  လက်ဆောင်ပါးပါရစေ ...  သင်္ကြန်လည်မဲ့ ကိုကို  / မမ/  မောင်ငယ်/  ညီမငယ်လေးများလည်း  သင်္ကြန်မှာပျော်ပါ  .... ဒါပေမဲ့  အပျော် မလွန်ကြပါနဲ့ လို့စေတနာ အရင်းခံ  မေတ္တာရှေထား  မှာချင်ပါတယ်။)




 

16 comments:

ချစ်စံအိမ် said...

ဟုတ်ကဲ့မမ လမင်းနားထောင်ပါမယ်
မလည်ပါဘူးမမ ဟီး
လည်လို့မှမရတာ :D

မိုးသူ(တောင်ကြီး) said...

မကြီး အလွမ်းမြို့ ရေ ...
မိုးသူ...ကတော့
သင်္ကြန်မလည်ချင်တော့ပါဘူး
တောင်ကြီးမှာအေးတယ်ဗျ
မိုးကုတ် ၀ိပဿနာ တရားစခန်းမှာပဲ
တရားသွားနာတော့မယ် ....

ခင်တဲ့

မိုးသူ(တောင်ကြီး)

အလွမ်းမြို့ said...

မိုးသူရေ... အဲတာမှ သင်္ကြန်အစစ်.. မင်္ဂလာ သတင်းပေါ့။ ကြားရတာ ရင်ထဲ အေးချမ်းသွားတယ်။
သာဓု...သာဓု....သာဓု ..ကွယ်..
မဖြစ်ခင်ကတည်းက သာဓုခေါ်ထားတယ်နော်.. ဖြစ်အောင်လုပ်အောင်လို့။


မကြီးလွမ်း

အလွမ်းမြို့ said...

အော်.. ငါ့ညီမက လည်မလို့မရလို့ပေါ့.. အဟမ်း လည်လို့ရရင်တော့ လည်မယ်ပေါ့။
သီချင်းတင်မှာတောင် ခွင့်တောင်းရဦးမယ်ဆိုတော့ ခုလိုလည်မယ်ဆို ကြိုတင်လျှောက်လွှာတင်ထားနော်.
အဟဲ...


ချစ်တဲ့
မကြီးလွမ်း

ကြယ်ပြာ said...

မကြီးလွမ်းရေ .... သင်္ကြန်ပို့စ်လေး ပြန်လာဖတ်သွားပါတယ် ... သီချင်းလေးကိုလဲ ခံစားသွားတယ် .... သင်္ကြန်ကို ဘာအစီအစဉ်မှ မလုပ်ခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူးရယ် ... ဒါပေမယ့် သင်္ကြန်ကို ချစ်တယ် ...

ကြယ်ပြာ said...

ဟမ် ... ခုနက ကွန်မန့်ဘယ်ပျောက်သွားတုန်း ... ပြန်လျော်ပေး ..... !_!

ညီရဲသစ် said...

သင်္ကြန်မှာ အပျော်မလွန်မိဖို့ ကိုယ့်ကိုယ်ကို အမြဲသတိပေးနေရတယ်...
လာလည်ရင်း သီချင်းလေးကို နားထောင်ရင်း လင့်ပါ တခါတည်း ယူသွားပါတယ်...

Yin Sue said...

မကြီးလွမ်းရေ သားသားတို့ကတော့ မကြီးစကားနားထောင်တယ်နော်........လည်လို့လည်း မရဘူးလေ...ဟီးးးးးးး

ရာဇာထွေး said...

သင်္ကြန်ရဲ့ အငွေ့ အသက်လေးတွေကို လာရောက်ခံစားသွားပါတယ် မကြီးလွမ်း ရေ..
ကျွန်တော်တော့ ဒီအရွယ်ရောက်ပြီ သင်္ကြန်မှာ သူများတွေလို့ လည်တာပတ် တခါမှ
မလုပ်ဖူးပါဘူး... အခုချိန်အထိပေါ့။ အိမ်မှာ ဒါမှ မဟုတ် စတုဒီသာကျွေးတဲ့ နေရာ
တွေမှာတော့သူငယ်ချင်းတွေနဲ့ ၀ိုင်းကူလုပ်ပေးတာမျိုးလောက်သာ လုပ်တတ်ပါတယ်..
သင်္ကြန်တွင်းဆိုရင် အိမ်မှာ သင်္ကြန်သီချင်းလေးနားထောင်... စာအုပ်လေးဖတ် အဲ
လိုလေးပဲ နေတတ်တယ် မကြီး ရေ... လူတွေများတဲ့ နေရာ.. လူတွေတရုန်းရုန်း
ဖြစ်နေတဲ့ နေရာတွေဆိုရင် ကျွန်တော် ဘယ်တော့မှ မသွားတတ်ဘူး.. ကိုယ်တိုင်
ကပဲ လူတောမတိုးတာလားတော့ မသိဘူး မကြီးရေ.. နားပူ၊ မျက်စိနောက်တဲ့ ဒဏ်
ကို မခံနိုင်လို့ အေးအေးလူလူပဲ နေတတ်ခဲ့ တာအခုချိန် အထိပဲ မကြီးရေ... ဒါကြောင့်
သင်္ကြန်မှာ သင်္ကြန်နဲ့ ပတ်သက်လို့ ဘာအမှတ်တရ (ဇာတ်လမ်း)မှမရှိပါဘူး... အခု
တော့ အရွယ်လေးရလာတော့ ပိုလို့တောင် အေးဆေးနေချင်လာတယ် မကြီးရေ... အခါ
အခွင့်သင့်ရင်နောက်ဆို တရားစခန်းဘာလေးဝင်နိုင်အောင်ကြိုးစားမှာပါ မကြီးရေ...
အခုတော့ ပြည်ပရောက်နေတာဆိုတော့ သိတဲ့အတိုင်းပဲ မကြီးရေ.. စိတ်သွားတိုင်း
ကိုယ်မပါ တာမို့ လုပ်ချင်တာလေးတွေကို မလုပ်နိုင်သေးပါဘူးမကြီးရေ... သင်္ကြန်
ရောက်ရင်တော့ သင်္ကြန်ရဲ့ အငွေ့ အသက်လေးတွေတော့ ခံစားကြည့်နူးတတ်ပါတယ် ခင်ဗျာ..
ပိုစ်လေးဖတ်ခွင့်ရလို့ ကျေးဇူး တင်ပါတယ် မကြီး လွမ်း ရေ...

ခင်မင်စွာဖြင့်
ရာဇာထွေး

အောင်အောင် said...

လွမ်းနေတဲ့ မမကြီးလွမ်းရေ သင်္ကြန်ချင်းတွေကြာရတော့ ငိုချင်လာပြီ...လွမ်းနေပါတယ်ဆို လွမ်းအောင်လာဆွနေတယ်...အနော်တို့ကတော့ ဘယ်မှလည်လို့မရဘူး မျိုးကြီး သီချင်းလိုပဲ "တစ်နေကုန်စုံချီဆန်ချီ အလုပ်ကြားထဲ" ဟူး..ဟူး

နွေလ said...

မကြီးလွမ်းရေ . . .
ဒီနှစ် သင်္ကြန်တော့ ကဲမယ်
သယ်ရင်းတွေ ခေါ်ထားတယ်ဗျ
( နော်တို့က သောက်တတ်ဘူး )
မကြီးလွမ်းရော . . . ဒီနှစ်သင်္ကြန် ဘာလုပ်ဖို့ စိတ်ကူးရှိသလဲ

ဖြိုးဇာနည် said...

မကြီးလွမ်းရေ့နောက်နှစ်တော့နားထောင်ပါ့မယ်
ဒီနှစ်တော့ ငါးရက်မို့ ဟီးးးး ပြန်ပြီးတော့ကို ကဲမှာဂျ
မြန်မာက ဘာမှာအုံးမလဲ့ :D

8Yar said...

သင်္ကြန်ကိုတောင်လွမ်းသွားပြီ။.... :P ဒီနှစ်တော့ ကုသိုလ်လုပ်မယ်ဗျာ။... :)

ဖြိုးဇာနည် said...

ကျွန်တော် ကွန်မန့်ပျောက်သွားတယ် မနေ့ကအသေအခြာမန့်ခဲ့တာ
ခုရျိတော့ဝူး ဘယ်မလဲ့စိတ်ညစ်တယ် ဂယ်ပဲ

စံပယ်ချို said...

လွမ်းရေ
သင်္ကြန်ပိုစ့်လေးဖတ်ပြီး မြန်မာပြည်က တန်ခူးလကိုအရမ်းလွမ်းတယ်
မလည်ဖူးတော့လည်ချင်စိတ် ရေကစားချင်စိတ်မရှိပေမယ့်လဲ
သင်္ကြန်ဆိုရင်ပဲ စိတ်ထဲမှာအလိုလိုပျော်နေမိတာပါ

အလွမ်းမြို့ said...

အလွမ်းမြို့ ဘလော့ကို လာလည်သော မောင်နှမများအားလုံးကို အလွမ်းမြို့မှ ကျေးဇူးတင်ပါတယ်။(မောင်လေးနွေလ) ရေ ..ကိုယ်က မသောက်တတ်ပေမဲ့ သင်္ကြန်လည်မယ်ဆိုရင်တော့ အစစအရာရာ ဂရုစိုက် သတိရှိကွဲ့။ သတိဆိုတာ ပိုတယ်မရှိဘူး။ ကိုယ်က မသောက်တတ် ပေမဲ့သောက်တတ်တဲ့ သူတွေကများသကိုး.( နောက်တစ်ယောက် မောင်လေးအောင်အောင်ရေ မျိုးကြီးသီချင်းလေးဆိုပြီး လောကမှာဖြေတတ်နေတတ်မယ်ဆို ကျေနပ်စရာပါ)။ ငါ့မောင်အဖော် မကြီးလွမ်း ရှိတယ်။ အားငယ်နဲ့။ ( စံပယ်ရေ ** သင်္ကြန်ဆိုတဲ့ တူးပို့ တူးပို့ အသံကြားတိုင်း ရေကစားမှ မဟုတ်ပါဘူး စိတ်ထဲအလိုလို ပျော်နေတယ်ဆိုတာကိုးက မြန်မာဆိုတာ မမေ့သေးတဲ့ မျိုးချစ်တွေဘဲလေ။ ကိုယ့်တိုင်းပြည်ရဲ့ ပွဲတော်လေးတွေ ရက်ကြီးရက်မြတ်တွေ ယဉ်ကျေးမှု့တွေ မမေ့သေးတဲ့ သဘောဆောင်တော့ ဝမ်းသာမိတယ်။ (မောင်ငယ် အာဇာဖြိုး ..အဟီး အာဇာနည်နဲ့ဖြိုးကြီးရဲ့ ညီငယ် ဖြိုးဇာနည်လေးရေ ကော်မန့်တွေ ရှိနေပါတယ် စိတ်မပိန်ပါနဲ့။ (မကြီးလွမ်းတစ်ယောက် ခရီးသွားနေလို့ပါကွယ်။ ပြန်ရောက်မှ အိမ်တွေ အဝလိုက်လည်မှာပါ။

အားလုံးကိုချစ်ခင်တဲ့
အလွမ်း

အားလုံးကိုခင်မင်တဲ့