ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ဝက်ခြံဂယက်ကျေးရွာအုပ်စု ကညင်ကုန်းရွာအတွက် ဦးဇင်းအရှင်ဝိမလဝံသမှ ဦးဆောင်ပြီး မီးစက်လှူဒါန်းရန်အတွက် အလှူရှင်များဖိတ်ခေါ်ရာ (ယနေ့ ဧပြီ ၁၆ ရက်နေ့ထိ ) လက်ခံရရှိထားသော အလှူရှင်စာရင်းများကို တင်ပြပေးလိုက်ပါတယ်။ ဦးဇင်းအရှင်ဝိမလဝံသ ဦးဆောင်ပြီး ကျမတို့အွန်လိုင်းမှ မောင်နှမများရဲ့ စေတနာအကူညီဖြင့် (ကညင်ကုန်းရွာလေး မီးရရှိရေး အတွက်) မေလကုန်ပိုင်းတွင် မီးစက်သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။ ဦးဇင်းအရှင်ဝိမလဝံသ ကိုယ်တိုင်မြန်မာပြည်သို့ ပြန်လည်ကြွရောက်ပြီး လှူဒါန်းပေးမှာဖြစ်တဲ့အတွက် မေလ မကုန်ခင်အချိန်ထိ အလှူရှင်များကို ဖိတ်ခေါ်ပါတယ်။ ကောက်ခံရရှိမည့် အလှူရှင်စာရင်းများကိုလည်း (ဦးဇင်ဝိမလဝံသ ဘလော့ (ဝီရဓမ္မ - http://wiradhamma.blogspot.com/) ကျမ အလွမ်းမြို့ဘလော့နှင့် (ရာဇာထွေးဘလော့မှတ်စု- http://yarzar-htwe.blogspot.com/) နှင့် ညီမလေးလမင်း (ချစ်စံအိမ်ဘလော့- http://chitsaneainlove.blogspot.com/) ဆက်လက်ဖော်ပြပေးသွားပါမယ်။ အလှူတွင် နာမည်မပါသေးသော သူများ အကြောင်းကြားပေးပါ။
၁၁. ၀၄. ၂၀၁၂ မှစပြီး ယနေ့အထိကောက်ခံရရှိထားသောအလှူငွေစာရင်းမှာ
၁။ ၁၈၀၀၀၀၀ိ/ ………………………… ( ကျပ် )
၂။ ၂၆၀ ……………………… ( စင်္ကာပူဒေါ်လာ )
၃။ ၂၀၀ …………………….... ( အမေရိကန်ဒေါ်လာ )
၎။ ၆၀၀ ………………………….. ( မလေးရှားရင်းဂစ် )
၅။ ၂၀၀ …………………………… ( ဒိန်းမတ်ခရိုနာ )
တို့ကို လက်ခံရရှိထားပါတယ် ခင်ဗျာ…။
တို့ကို လက်ခံရရှိထားပါတယ် ခင်ဗျာ…။
လှူရှင်များနှင့် အလှူငွေ စာရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် ...
စဉ် | အမည် | နေရပ် | လှူဒါန်းငွေ............. |
၁ | အရှင်ဝိမလ၀ံသ ( ၀ီရဓမ္မ ) | နာလန္ဒာတက္ကသိုလ်အိန္ဒိယနိုင်ငံ | ၂၀၀၀၀၀ိ/ ( ကျပ် ) |
၂ | အရှင်သုဇာတ | နာလန္ဒာတက္ကသိုလ်အိန္ဒိယနိုင်ငံ | ၁၀၀၀၀၀ိ/ ( ကျပ် ) |
၃ |
ဒေါက်တာ အရှင်သုဇယဥာဏ
| ၅၀၀၀၀ိ/ ( ကျပ် ) | |
၎ | အရှင်ကောဝိဒ (စစ်ကိုင်းတောင်ရိုးဆွမ်းလောင်း) | မြန်မာပြည် | ၁၀၀၀၀၀ိ/ ( ကျပ် ) |
၅ | ဒေါက်တာအရှင်ဇနက(မော်လူး) | နာလန္ဒာတက္ကသိုလ်အိန္ဒိယနိုင်ငံ | ၅၀၀၀၀ိ/ ( ကျပ် ) |
၆ | မလွမ်း ( အလွမ်းမြို့) | မြန်မာပြည် | ၂၀၀၀၀၀ိ/ ( ကျပ် ) |
၇ | လမင်း ( ချစ်စံအိမ် ) | မြန်မာပြည် | ၂၀၀ (us ဒေါ်လာ) |
၈ |
မိခင်ကြီးဒေါ်သန်းသန်း၊ (သမီး)ရဟန်းမယ်တော်
ဒေါ်မော်လီစိုး နှင့်(သားများ) မိုးမိုးဇော်စိုး၊ ကျော်
ကျော်စိုး၊ သော်သော်စိုး၊ (ညီမ) ဒေါ်သန်းသန်းနု
(မောင်) ဦးလှအောင် မိသားစု
|
အင်္ဂလန်
| ၅၀၀၀၀၀ိ/ ( ကျပ် ) |
၉ | ရာဇာထွေး ( blog မှတ်စု ) | မလေးရှား | ၃၀၀၀၀၀ိ/ ( ကျပ် ) |
၁၀ | မ ခိုင်စုလှိုင် | ရန်ကုန် | ၁၀၀၀၀၀ိ/ ( ကျပ် ) |
၁၁ | မ နန်းထွေးစန္ဒာ | စင်္ကာပူ | ၁၀၀၀၀၀ိ/ ( ကျပ် ) |
၁၂ | မောင် နေလင်းစိုး | မလေးရှား ( ကလန်း ) | ၂၀၀ (မလေးရှားရင်းဂစ်) |
၁၃ | မောင်ဇာလင်းဟန်+မမျိုးမျိုး | မလေးရှား ( ကွာလာလမ်ပူ ) | ၃၀၀ (မလေးရှားရင်းဂစ်) |
၁၄ | မောင် မင်းမင်း | စင်္ကာပူ | ၅၀ (စင်္ကာပူ ဒေါ်လာ) |
၁၅ | စောလင်းဦးခိုင် | စကာၤပူ | ၃၀ (စကာၤပူ ေဒၚလာ) |
၁၆ | ခင္သူဇာစိုး | စကာၤပူ | ၃၀ (စကာၤပူ ဒေါ်လာ) |
၁၇ | မို့မို့မြင့်အောင် | စကာၤပူ | ၃၀ (စကာၤပူ ဒေါ်လာ) |
၁၈ | ထက်လက်ဝင်း | စကာၤပူ | ၁၀ (စကာၤပူ ဒေါ်လာ) |
၁၉ | ခွန်အောင်သူရစိုး | စကာၤပူ | ၁၀ (စကာၤပူ ဒေါ်လာ) |
၂၀ | ကိုဂျွန်သိန်းမြင့်ဒင် | ဒိန်းမတ် | ၂၀၀ (ဒိန်းမတ် ခရိုနာ) |
၂၁ | စောဘာတိုးဂေ | ဒိန်းမတ် | ၅၀၀၀၀ိ/ ( ကျပ် ) |
၂၂ | မတူးတူးမာ | မုံရွာ | ၃၀၀၀၀ိ/ ( ကျပ် ) |
၂၃ | လွင်ပြင်+ jasmine ( စံပယ်ချို ) | မလေးရှား | ၁၀၀ (မလေးရှားရင်းဂစ်) |
၂၄ | မခိုင်နှင်းအေး | ရန်ကုန် | ၂၀၀၀၀ိ/ ( ကျပ် ) |
၂၅ | နော်ကွဲစော | စကာင်္ပူ | ၁၀၀ိ/စကာင်္ပူဒေါ်လာ |
အလှူရှင်များကို ကျမအလွမ်းမြို့မှ တောင်းပန်ပါတယ်။ ကျမတို့ မောင်နှမတွေ အနေနဲ့လုပ်တာ ကိုင်တာလေးများ လစ်ဟင်းမှု့လေးတွေ ရှိခဲ့ပါတယ်ရှင်။ အလှူငွေ စတင်ကောက်ခံတဲ့ အချိန်မှစလို့ ယနေ့အချိန်အထိ အလှူအတွက် ကုန်ကျမယ့် အထွေထွေကုန် ကျမည့်စာရင်းကို ကျမတို့ ဖက်ကနေ အလှူရှင်တွေကို အသိပေးတင်ပြဖို့ ပျက်ကွက်ခဲ့ရပါတယ်။ လုပ်ချင်တဲ့ ဆန္ဒတွေစောပြီး လုပ်လိုက်ကြပေမယ့် အခုလို အလုပ်မျိုးကို လည်းကျမတို့ မောင်နှတွေအနေနဲ့ တခါမှခုလိုဦးဆောင် စီစဉ်မလုပ်ခဲ့ဖူးတာမို့လည်း အခုလို တာဝန်လေးတွေ လစ်ဟင်းခဲ့ တာပါရှင်...။
အလှူငွေ စတင်ကောက်ခံမှ မီးစက်ရဲ့ကုန်ကျငွေကို . ကျမတို့ စုံစမ်းကြတာ ပါ...။ ဖြစ်ချင်တော့ မြန်မာနိုင်ငံမှာလည်း အတာသင်္ကြန်နဲ့ တိုက်ဆိုင်နေတာမို့ ကျမတို့အနေနဲ့ ဘာမှစုံစမ်းလို့ မရဖြစ်နေတာပါ ခင်ဗျာ...။ လုပ်ဖူးကိုင်ဖူးတဲ့ သူတွေကလည်း သူတို့လုပ်ခဲ့ မီးစက်အလှူတွေ အပေါ်အခြေခံပြီး ယခုကျမတို့တွေ လုပ်မယ့်မီးစက်အလှူအတွက် ခန့်မှန်းတွက်ချက်ပေး ထားတာတွေတော့ ရှိပါတယ် ..။ ဒါပေမယ့် .ကျမတို့အနေနဲ့ သေသေချာလေးသိချင်တာမို့ မတင်သေးတာပါ ခင်ဗျာ...။ အခုနှစ်သစ်ကူး ပိတ်ရက်လေးတွေပြီးလို့ မီးစက် အရောင်းဆိုင်များ ပြန်လည် ဖွင့်လှစ်လာရင် ကျမတို့ လှူဒါန်းမယ့် မီးစက်အလှူအတွက် ကုန်ကျစာရိတ် ကိုတွက်ချက်တင်ပြပေးလိုပါမယ်။
ဒါကြောင့်မို့ ( ၁၆.၀၄.၂၀၁၂ ) ရက်နေ့ထိ ကောက်ခံရရှိထားတဲ့ အလှူရှင်များရဲ့ လှူဒါန်းငွေစာရင်းများကို သာအရင် တင်ပြပေးလိုက်ရပါတယ် .။ နောက်မကြာမီရက်များမှာ မီးစက်အလှူအတွက် ကုန်ကျမယ့် စာရင်းကို အနီးစပ် ဆုံးဖြစ်အောင်တွက်ချက်တင်ပြပေးပါမယ်..။ ကျမတို့ မောင်နှမတွေရဲ့ ပေါ့ဆမှု အမှား လေးတွေကြောင့် စေတနာ ရှင်အလှူရှင်များကို အလေးနက်တောင်းပန်ပါတယ်...။ ဒီအလှူလေးဖြစ်မြောက်အောင် အဖက် ဖက်မှ ၀ိုင်းဝန်းကူညီ ပံ့ပိုးလှူဒါန်းပေးကြတဲ့ စေတနာရှင် အလှူရှင်များကို အလွမ်းမြို့မှ အထူးပင် ကျေးဇူးတင်ရှိကြောင်းပါရှင်။
အလှူရှင်များအားလုံးနှင့် ဘလော့မောင်နှမများ အားလုံးနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
အလှူတွင်ပါဝင်လှူဒါန်းလိုလျှင် ဆက်သွယ်ရန်များနေရာကို ဖော်ပြလိုက်ပါတယ်။
အလှူအတွက် ဆက်သွယ်လှူဒါန်းနိုင်ရန် ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဆက်သွယ်ရန် ဖုန်း = +918083881812
ဆက်သွယ်ရန် အီးမေးလ် = ashinwimalawuntha@gmail.com
. |
အလွမ်းမြို့လေး
ဆက်သွယ်ရန် အီးမေးလ် = alwanmyolay@gmail.com
. |
မလေးရှား တာဝန်ခံ
ရာဇာထွေး ( မလေးရှား )
ဆက်သွယ်ရန် ဖုန်း = 016 6787843
ဆက်သွယ်ရန် အီးမေးလ် = yarzar.htwe5@gmail.com
. |
စကာၤပူ တာဝန္ခံ
နန်းထွေးစန္ဒာ (စကာင်္ပူ)
ဆက်သွယ်ရန် ဖုန်း = +6593812015
ဆက်သွယ်ရန်မေလ်း = rainblue2010@gmail.com
ဘဏ်အကောင့်ထဲလွှဲချင်သူများအတွက်
Bank Account- OCBC-Bank( Account No. 581-308-608-001)
. |
ဇော်ဇော် (စကာင်္ပူ)
ဆက်သွယ်ရန် ဖုန်း = +6581422464
. |
မြန်မာပြည် တာဝန်ခံ
အရှင်သီရိန္ဒ (ရန်ကုန်- တာမွေ)
ဆက်သွယ်ရန်မေလ်း = thirinda000387@gmail.com
. |
မကြင်စန်း (ရန်ကုန်- သင်္ဃန်းကျွန်း)
ဆက်သွယ်ရန် ဖုန်း = 09 73036380
. |
တူးတူးမာ (မုံရွာ )
ဆက်သွယ်ရန် (ရုံးဖုန်း) = 71-23629
|
စာဖတ်သူများကို အစဉ်လေးစားလျှက်
အလွမ်းမြို့
6 comments:
သာဓု သာဓု သာဓုပါ မမရေ
အလှူလေးအမြန်ဆုံးထမြှောက်ပါစေ
နောက်လည်းဒါထပ်မကများများလုပ်နိုင်ပါစေ :)
တစ်ခုသိချင်လို့... ကြည်ဖြူ မြန်မာပြည်တာဝန်ခံ ကနေ..ဆက်သွယ်ရမယ့်အကောင့်ကို မေးလ်ပို့ထားတယ်.. အလှူငွေ ဘယ်လိုထည့်ရမလဲဆိုတြာ... ခုထိအကြောင်းပြန်တာမတွေ့ရဘူး.. ကျေးဇူးပြုပြီး ကူညီပေးပါရှင်။
သာဓုခေါ်ဆိုပါတယ် အစ်မရေ
သူများတွေများ လှုနေကြတာ
ကြည်နူးစရာပါလားနော်
ပျော်ရွှင်ပါစေ မကြီးလွမ်း
အများအကျိုး ကုသိုလ်ရေးတွေ
လုပ်ဆောင်ပေးနေနိုင်တာ အားကျလိုက်တာ
ကျွန်တော်ကတော့ ကံမပါလို့ထင်ပါရဲ့
သာဓု လို့သာရေရွတ် မုဒိသာ ပွားနေရလေတယ်
အေးချမ်းစွာနဲ့ အလှုအထမြောက်အောင်မြင်ပါစေ အမရေ..။
စကားမစပ် အမရယ်..:D
ကျွန်တော့် အလုပ်ထဲမှာက တစ်ခန်းနဲ့တစ်ခန်းကို စပီကာတွေနဲ့ ဆက်ထားတာ..
လူခေါ်တဲ့ မိုက်တွေ ရှိတော့လေ..အဲ့တာနဲ့ ဒီနေ့ အလုပ်ရောက်တော့ အလုပ်ထဲက စက်နဲ့
အမဆီကို လာတယ်ဗျာ..အဲ့မှာ စပီကာကြီးက ထအော်တာ ..
“တနင်္ဂနွေဂြိုဂ်သားနဲ့တကွ သူတော်ကောင်းအပေါင်းတို့သည်..”ဆိုတော့ အကုန် ထအော်ကုန်တယ်..
အလုပ်ထဲက ကျွန်တော့်လိုပဲ စာလာဖတ်တဲ့သူတွေ ရှိကောင်းရှိနိုင်တယ်အမ..ကိုယ်က မေတ္တာပို့တယ်ဆိုပေမဲ့
အလုပ်ထဲကျတော့ တော်တော် အဆင်မပြေဘူး..loading ကြာတယ်ဆိုရင် အသံက တော်တော်နဲ့ ပိတ်မရတော့ဘူး..
အဲ့တော့ နည်းနည်းလောက်ဖြစ်ဖြစ် အသံကို တိုးပေးထားစေချင်ပါတယ်..ကိုယ့်မေတ္တာပို့လည်း သူ ရတယ်..
သူလည်း ခိုးသုံးရတာဆိုရင် အဆင်ပြေပါတယ်အမ..နှစ်ဦးနှစ်ဘက် ပြေပါတယ်အမ..
ကျွန်တော်ဖြစ်တာကို မူတည်ပြီး ရိုးသားစွာ အကြံပြုတာပါ..
လေးစားစွာဖြင့်
ကိုရင်
ကိုရင်ရေ....ခုလိုလာလည် သံချောင်းခေါက် အချက်ပြသွားတဲ့အတွက် လာလည်သူမောင်နှမများ အဆင်ပြေစေရန် ဘလော့မှ မေတ္တာပို့လေးကို အပြီးအပိုင်ဖြုတ်ပေးလိုက်ပါတယ်။
နားလည်တတ်ကျွမ်းမှု ပညာ... အသိပညာ...အတတ်ပညာတွေ မစုံခဲ့တော့ ခုလိုမျိုးတွေ ပြောပြတာ
ကျေးဇူးတင်ပါတယ်။ မလွမ်းကလည်း မနက်အိပ်ယာနိုးရင် ဒီမေတ္တာပို့လေး အမြဲဖွင့်ပြီး ကိုယ်တိုင်မေတ္တာပို့
နေကျမို့ နှစ်သက်သဘောကျစွာ တင်ထားမိတာပါ... အရာရာအားလုံးအတွက် ကျေးဇူးတင်တယ်.
ခင်မင်တဲ့
မလွမ်း
Post a Comment