ပီတိကိုစား အားရှိဆိုတဲ့ စကားပုံလေးကို တွေးမိပြီး ကျမပြုံးလိုက်မိတယ်။ ကျမ ဘလော့ပိုစ့်အသစ်တွေ မတင်ဖြစ်တာကြာပြီဖြစ်သလို စာရေးဘို့ အာရုံတွေလည်း စုစည်းလို့မရဖြစ်နေတယ်။ ပြောနေပုံကိုကနော် မသိရင် စာရေးဆရာမလိုလို စာရေးကောင်းသူလိုလိုနဲ့ပေါ့။ အဟီး
တကယ်တော့ ကျမ စာရေးကောင်းသူ မဟုတ်သလို စာရေးဆရာမလည်း မဟုတ်ပါ။ ဘလော့လေးကို တတ်ချင်စိတ်ဖြင့် အခွင့်သာခိုက် နည်းပညာများကို လေ့လာသင်ယူပြီး မိမိဘလော့လေးထဲ အချိန်ဖြုန်း ပျော်မွေ့နေသူ တစ်ယောက်ပါ။ ထားလိုက်ပါဦး စကားဦးတွေကို။
ပီတိကိုစားအားရှိ တဲ့။ ခုလောလောဆယ်မှာ အလှူအထမမြှောက်ခင် ကတည်းက ပီတိ တွေစားနေရပြီ။ (ကညင်ကုန်းရွာလေး ) မီးစက်လှူမယ်လို့ စတင်စဉ်းစားမိချိန်က ကျမနေ့စဉ် ဘာအလုပ်တွေနဲ့ ရှုပ်နေမှန်းကိုမသိပါ။ တစ်နေ့တစ်နေ့ ကျမ မအားပါ။ အလုပ်မအားတာလည်း မဟုတ်။ ကျမစိတ်တွေက မအားဖြစ်နေတာပါ။ တကယ်တော့ ကျမက ဦးဆောင်သူ တစ်ဦးမဟုတ်ပေမဲ့ ကျမကိုယ်တိုင် အကြံပေးထားတော့ တာဝန်ရှိတယ်လို့ ကျမကိုယ်ကျမ ယူဆထားမိသူပါ။ မီးစက်တစ်လုံးရဲ့ တန်ဖိုး ကလည်း မနည်းဘူးလေ။ သိန်း (၃၀) ဆိုတာ ငွေကိုအိပ်ယာခင်းအိပ် သူတွေအဖို့ကတော့ ထမင်းစားရေသောက်လိုမျိုး လွယ်ကူသလောက် ကျမတို့လို သာမာန် တစ်နေ့စာရုန်းကန်ပြီး လူပေါင်းစုံကြား ကျင်လည်ရတည်နေရသူတွေ အဖို့တော့မလွယ်လှပါ။ ဒါပေမဲ့ အဓိကတော့ ကျမစိတ်ထဲ လှူချင်တယ်ဆိုတဲ့ စေတနာတစ်ခု ရှိနေမယ်ဆို အလှူဟာတကယ် ဖြစ်မြှောက်လာမယ်ဆိုတာ ယုံကြည်မိ တယ်။
ဒါကြောင့်လည်း ဒီရွာလေးမီးရရှိဘို့အရေး နဲ့ ကျမ စိတ်ကူးတွေစတင် အကောင်ထည်ဖော်ဘို့ စတင် လုပ်ဆောင်လိုက်တယ်။ ဦးဆောင်သူကတော့ ဦးဇင်းအရှင်ဝိမလပေါ့။ ကျမကတော့ ဘာမှမတတ်ပေမဲ့ တတ်ရာနေရာကနေ ပါဝင်ဘို့အသင့်ဖြစ်သူမို့ အွန်းလိုင်းကနေ မောင်နှမတွေကို လိုက်လံစုဆောင်ပြီး စိတ်ကူးယဉ်လေးတွေကို နားလည်မှုရှိသူ စိတ်ဓါတ်ထက်သန်သူ သဒ္ဓါကြည်လင် မောင်နှမတွေနဲ့ ဝိုင်းဝန်း အကောင်ထည်ဖော်ခဲ့တာ ခုလိုကျမတို့ လုပ်ဆောင်မှု့တွေဟာ စိတ်ကူးယဉ်မဟုတ်တော့ဘဲ တကယ် မီးစက်အလှူပွဲလေး ဖြစ်မြှောက်ရပါတော့မယ်။ စေတနာ အလှူရှင်အားလုံးနဲ့အတူ ဒီအလှူဖြစ်မြှောက် အကောင်ထည်ဖော်ဘို့ ဦးဆောင်ဆရာ (ဦးဇင်းအရှင်ဝိမလဝံသ)နဲ့ အဖက်ဖက်မှ လိုလေသေးမရှိအောင် ကူညီပေးခဲ့တဲ့ မောင်ငယ်ရာဇာထွေး ညီမလေး (ချစ်စံအိမ်) တို့အားလုံးကို ကျမ အလွမ်းမြို့မှ ရွာသူရွာသားများကိုယ်စား အလှူမဖြစ်မြှောက်ခင် ကတည်းကပင် အထူးကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။
အလှူစတင် ကောက်ခံစဉ်ကတော့ ကျမမှာ စိုးရိမ်မှု့တွေ ဖြစ်ခဲ့ရပါတယ်။ ကျမ စတင်ပြီးဒီလိုလေး အကြံပေးခဲ့တာမို့ အလှူပြည့်ပါမလား။ မှန်းထားသလောက် (သိန်း - ၃၀) ပြည့်ပါ့မလား။ ကျမကလည်း လူမှု့ရေးက ခပ်ညံ့ညံ့ဆိုတော့ မိတ်ဆွေအပေါင်းသင်းကရှား။ စိတ်ထဲတော့ အတော်စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ အားလုံးရဲ့စေတနာတွေကြောင့်ဘဲ ဒီနေ့ဆို ကျမ ပီတိကိုစားအားရှိ ခဲ့ရပါတယ်။ ကျမ သေချာစွာပြောနိုင် သွားပြီ။ ကျမတို့ အလှူမကြာခင်မှာ အောင်မြင်စွာ အထမြှောက်တော့မည်။ ကျမ လွတ်လပ်စွာ သက်ပြင်းချနိုင်ပါပြီ။ ကျမနဲ့အတူ ဦးဆောင်ခဲ့ကြတဲ့ ဦးဇင်းအရှင်ဝိမလ မောင်ငယ်ရာဇာထွေ နဲ့ ညီမငယ် ချစ်စံအိမ်မှ လမင်းလည်း ခုဆို အလှူလေး အထမြှောက် တော့မယ်ဆိုတာသိလို့ ကျမလိုပျော်နေကြမယ်လို့ အကြွင်းမဲ့ ယုံကြည်နေပါတယ်။
မီးစက်အလှူအတွက် ကျမတို့ အလှူစတင် ကောက်ခံကတည်းက (မီးစက်နဲ့ အထွေထွေအတွက် သိန်း- ၃၀) မှန်းထားကြပါတယ်။ ဒါပေမဲ့ ခုချိန်မှာဆို ကျမတို့ကောက်ခံရရှိသော အလှူငွေဟာ မိုးရေခံထားတဲ့ အိုးလေးလို တဖြေးဖြေးနဲ့ ပြည့်လို့လာပါပြီ။ ကျမတို့ (၁၁.၀၄.၂၀၁၂) ရက်နေ့မှစတင်ပြီး အလှူငွေကောက်ခံခဲ့ရာ ယနေ့ ၂၄.၀၄ .၂၀၁၂ ရက်နေ့ထိ ကောက်ခံရရှိထားသော အလှူငွေမှာ အောက်တွင်ဖော်ပြထားတဲ့ အတိုင်းဖြစ်ပါတယ်။ အလှူငွေစာရင်းလေးကိုမြင်တော့ အလှူအထ မမြှောက်ခင်ကတည်းက ကျမတော့ (ပီတိ) ကိုစားပြီး အားရှိခဲ့ရပါပြီ။
၁၁. ၀၄. ၂၀၁၂ မှစပြီး ယနေ့အထိကောက်ခံရရှိထားသောအလှူငွေစာရင်းမှာ
၁။ ၂၀၅၃၀၀၀ိ/ ………………………… ( ကျပ် )
၂။ ၁၄၉၈ ……………………… ( စင်္ကာပူဒေါ်လာ )
၃။ ၂၀၀ …………………….... ( အမေရိကန်ဒေါ်လာ )
၎။ ၁၅၈၀ ………………………….. ( မလေးရှားရင်းဂစ် )
၅။ ၂၇၀၀ …………………………… ( ဒိန်းမတ်ခရိုနာ )
၆။ ၂၀၀ …….……………(အင်္ဂလန်-ပေါင်)
ရ။ ၁၀၀၀ .................. (အိန္ဒိယ ရူဘီး)
တို့ကို လက်ခံရရှိထားပါတယ်…
ရ။ ၁၀၀၀ .................. (အိန္ဒိယ ရူဘီး)
တို့ကို လက်ခံရရှိထားပါတယ်…
တစ်ဆက်တည်းမှာပင် ကျမတို့ ခန့်မှန်းတွက်ချက်ထားသော မီးစက်အကြောင်းကို ဖော်ပြပေးသွား ပါမယ်။ အစစအရာရာကို အချိန်ပေး တွက်ချက်စုံစမ်းပေးသော (မောင်ငယ်ရာဇာ) ကို ထပ်မံ ကျေးဇူးတင်ပါတယ်။ (မောင်ငယ်ရာဇာ)ခန့်မှန်း တွက်ချက်ထားတာလေးကို ကျမတို့မောင်နှမတွေမှ သဘောတူစွာဖြင့် လက်ခံခဲ့ပါတယ်။ အလှူရှင်များနဲ့ ကျမဘလော့ကို လာလည်ကြသူများ ကျမတို့ ခန့်မှန်းတွက်ချက်တာလေးကို ဖတ်သွားကြပြီး လိုအပ်တာများကို အကြံပေးကြပါ။ ကျမတို့ တွက်ချက်မှု့မှာ မပြည့်စုံမှုများ ရှိနေသေးတာကို ကျမတို့ မသိပေမဲ့သိသူတွေလည်း အကြံပေးလိုလျှင် အကြံကောင်းများလည်း ပေးလို့ရပါတယ်ရှင်။ ကျမတို့ ကောက်ခံရရှိမှု့ငွေပေါ် မူတည်ပြီး အကောင်းဆုံး ပြုလုပ်ပေးမည်ဖြစ်ကြောင်း (စေတနာအလှူရှင်များ အားလုံးကို အသိပေးအပ် အကြောင်းကြားအပ်ပါတယ်)။ အလှူရှင်သစ်များကိုလည်း ဆက်လက်ဖိတ်ခေါ်ပါတယ်။ ကျမတို့ရဲ့ အလှူငွေကို မေလ ကုန်အထိ လက်ခံသွားမည်ဖြစ်ပါတယ်။
မီးစက်အကြောင်းနဲ့ ပါတ်သက်ပြီး မောင်ငယ်ရာဇာမှ ကြိုးစားတွက်ချက် ပြောပြတာကတော့ ….
သဒ္ဓါကြည်လင် စေတနာရှင် အလှူရှင်အပေါင်းတို့ရှင်.. ဦးဇင်းအရှင်ဝိမလ၀ံသမှ ဦးဆောင်၍ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်၊ ၀က်ခြံဂယက်ကျေးရွာအုပ်စု၊ ကညင်ကုန်းကျေးရွာလေး အတွက် မီးပေးနိုင်ရန် မီးစက်အလှူကို ( ၁၁. ၀၄. ၂၀၁၂ ) ရက်နေ့တွင် စတင်ခဲ့ပါတယ်…။ ယခု မီးစက်အလှူအတွက် ကုန်ကျမယ့် အထွေထွေစာရင်းကို တွက်ချက်ကြည့်ရာတွင် ခန့်မှန်းခြေ ကျပ်သိန်း (၃၀) လောက်ကုန်ကျမှာ ဖြစ်ကြောင်းခန့်မှန်းတွက် ချက်ထားပါတယ် အသုံးပြုမယ့်မီးစက် အမျိုးအစားကတော့ တရုတ်နီစက် အမျိုးအစားဖြစ်ပါတယ်….။ ( မြင်းကောင်ရေ 4 အားနဲ့ 15000 W (15 KW ) မီးအားထုတ်ပေးနိုင်မဲ့ ဒိုင်နမို အပါအ၀င် မီးစက်တစုံစာအတွက် ) ယနေ့ ရန်ကုန် ပေါက်ဈေး ကျပ် (၁၄ )သိန်း ဖြစ်ပါတယ် ရှင်။
လိုအပ်သော မီးချောင်းများ၊ မီးကြိုးများ၊ မီးစက်ထားရန် အမိုးအကာပါသော မီးစက်အိမ်လေးနှင့် သယ်ယူ ပို့ဆောင်စရိတ် တွေအတွက်ကို ခန့်မှန်းတွက်ချက်ကြည့်ရာတွင် မီးစက်အပါအဝင် ကျပ်သိန်း (၃၀) လောက် ကုန်ကျမယ်လို့ တွက်ချက်ထားကြောင်းပါ ရှင်.။ ယခုအသုံးပြုရမယ့် စက်အကြောင်းလေး နည်းနည်း ပြောပြပါမယ်ရှင်…။
ဒီတရုတ်နီစက်ဟာဆိုရင် ဒိုင်နမိုနဲ့ တွဲဖက်အသုံးပြုရပြီး၊ စက်ကိုလက် (စက်ဂေါက် ) နဲ့ လှည့်နှိုးရတဲ့ စက်အမျိုးအစားပါ...။ အသုံးပြုရာတွင် အနည်းငယ် အသံဆူပါတယ်..။ စက်မောင်းနေတဲ့ အချိန် အင်ဂျင်အပူသက်သာစေရန် ရေတိုင်ကီမှရေကို အမြဲတမ်းလဲပေးနေရပါတယ် ရှင်..။ အခုမီးပေးမဲ့ အိမ်ခြေကို (၁၂၀) လို့ခန့်မှန်းထားပါတယ်..။ တအိမ်ကို မီးနှစ်ပွင့် မီးချောင် ၂ ချောင်းနဲ့ တွက်မယ် ဆိုရင် မီးချောင်းတချောင်းကို 40W မို့ ၂ချောင်း ဆိုရင် 80 W ကျပါမယ်…။ ဒါကြောင့် တအိမ်ကို 100 W နဲ့ပဲ တွက်ကြည့်ရင် အိမ်ခြေ 120 မို့ 12000 W ( 12 KW ) လောက်လိုအပ်ပါမယ် .။ ကိုယ်အသုံးပြူ သွယ် တန်းမယ့် မီးကြိုးအရှည်တွက်ဓါတ်အားပါ ထည့်တွက်ရမှာမို့ 15000W ( 15 KW ) လောက်အသုံးပြု ရင်ပိုပြီးအ ဆင်ပြေနိုင်ပါမယ် …။
ဒါကြောင့် ဈေးလေးလည်းသင့်တင့်သလို အသုံးလည်းတည့်တာမို့ ဒီစက်လေးကို ရွေးချယ်ထားပါတယ် ရှင်…။ ဘုရင့်နောင်လမ်းမကြီးတလျှောက် ၊ ရွှေပုန်းညှက်အိမ်ရာ (ရေ ကြောင်းသိပ္ပံရှေ့)၊ ဆင်မလိုက်၊ အနော်ရထာလမ်း၊ ပန်းဆိုးတန်း၊ လမ်းမတော်စတဲ့ မီးစက်အရောင်း ဆိုင်တွေမှာတော့ မီးစက်အကောင်းစားတွေလောက်ပဲ ရှိပါတယ်…။ လှူချင်ပေမယ့် ဈေးကြီးတာမို့ မတတ်နိုင်ပါဘူး ရှင်…။ ဈေးအချိုဆုံး မီးစက် 20 KW ထုတ်ပေးနိုင်တဲ့ တရုတ်ဖက်ဆက်စက်တလုံးရဲ့တန်ဖိုးက (၄၁) သိန်း လောက်ရှိနေတာမို့ လက်ခံရရှိထားတဲ့ အလှူငွေပေါ်မူတည်လို့ ကျွန်မတို့ မတတ်နိုင်သေးတာမို့ တရုတ်နီ အမျိုးအစား စက်ကိုသာ ရွေးချယ်ထားကြောင်း အသိပေးတင်ပြလိုက်ရပါတယ် ရှင်...။ ကျွန်မတို့ အနေနဲ့ (၁၁. ၀၄. ၂၀၁၂) မှစ၍ ယနေ့အထိ ကောက်ခံရရှိထားသော အလှူငွေနှုင့် အလှူရှင်စာရင်း များကိုအောက်တွင် ဖော်ပြပေးထားပေးပါမယ်ရှင် ။ မေလပိုင်း ကုန်တဲ့အထိ အလှူငွေကို ကောက်ခံမှာဖြစ် သလို မီးစက်အလှူအတွက် ပြီးပြည့်စုံလို့ ပိုလာမဲ့ အလှူငွေကိုလည်း မီးစက်အလှူရှင်များအတွက် ထပ်မံပြီး အလှူအတန်း တခုခုပြုလုပ်ပေးမှာ ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ် ရှင်။
လှူရှင်များနှင့် အလှူငွေ စာရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်ရှင်..
စဉ် | အမည်................................... | နေရပ် | လှူဒါန်းငွေ............. |
၁ | အရှင်ဝိမလ၀ံသ ( ၀ီရဓမ္မ ) | နာလန္ဒာတက္ကသိုလ်အိန္ဒိယနိုင်ငံ | ၂၀၀၀၀၀ိ/ ( ကျပ် ) |
၂ | အရှင်သုဇာတ | နာလန္ဒာတက္ကသိုလ်အိန္ဒိယနိုင်ငံ | ၁၀၀၀၀၀ိ/ ( ကျပ် ) |
၃ |
ဒေါက်တာ အရှင်သုဇယဥာဏ
| ၅၀၀၀၀ိ/ ( ကျပ် ) | |
၎ | အရှင်ဇနက | နာလန္ဒာတက္ကသိုလ်အိန္ဒိယနိုင်ငံ | ၅၀၀၀၀ိ/ ( ကျပ် ) |
၅ | အရှင်သာသန(နတ်မောက်) | နာလန္ဒာတက္ကသိုလ်အိန္ဒိယနိုင်ငံ | ၁၀၀၀၀၀ိ/ ( ကျပ် ) |
၆ | အရှင်ကောဝိဒ (စစ်ကိုင်းတောင်ရိုးဆွမ်းလောင်း) | မြန်မာပြည် | ၁၀၀၀၀၀ိ/ ( ကျပ် ) |
၇ | မလွမ်း ( အလွမ်းမြို့) | မြန်မာပြည် | ၂၀၀၀၀၀ိ/ ( ကျပ် ) |
၈ | လမင်း ( ချစ်စံအိမ် ) | မြန်မာပြည် | ၂၀၀ (us ဒေါ်လာ) |
၉ | မတူးတူးမာ | မြန်မာပြည် (မုံရွာ) | ၃၀၀၀၀ိ/ ( ကျပ် ) |
၁၀ | မ ခိုင်စုလှိုင် | မြန်မာပြည် (ရန်ကုန်) | ၁၀၀၀၀၀ိ/ ( ကျပ် ) |
၁၁ | ဦးစောလွင်+ဒေါ်ကြည်စိန် | မြန်မာပြည် (ဖဒို) | ၁၀၀၀၀၀ိ/ ( ကျပ် ) |
၁၂ | မခိုင်နှင်းအေး | မြန်မာပြည် (ရန်ကုန်) | ၂၀၀၀၀ိ/ ( ကျပ် ) |
၁၃ | ဦးကျော်ငြိမ်း+ ဒေါ်ရဲမေကြည် | မြန်မာပြည် (ရန်ကုန်) | ၁၀၀၀၀ိ/ ( ကျပ် ) |
၁၄ | မစိုးစိုးငြိမ်း | မြန်မာပြည် (ရန်ကုန်) | ၅၀၀၀ိ/ ( ကျပ် ) |
၁၅ | မောင်ဝင်းထွဋ်ဦး+မခိုင်ဇာအောင် (အချစ်ကိုကိုးကွယ်သူလေး) | မြန်မာပြည်-(ရွှေတောင်မြို့) | ၁၀၀၀၀ိ/ ( ကျပ် ) |
၁၆ | ကိုဖိုးဇင် + မခင်ဝင်း | မြန်မာပြည် (မုံရွာ) | ၂၀၀၀၀ိ/ ( ကျပ် ) |
၁၇ | ကိုဘိုဘို + မစုစု | မြန်မာပြည် (မုံရွာ) | ၅၀၀၀ိ/ ( ကျပ် ) |
၁၈ | ထိုက်ထိုက် + ဒိုက်ဒိုက် | မြန်မာပြည် (မုံရွာ) | ၃၀၀၀ိ/ ( ကျပ် ) |
၁၉ | မမီမီထွန်း | ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ | ၁၀၀၀၀၀ိ/ ( ကျပ် ) |
၂၀ |
မိခင်ကြီးဒေါ်သန်းသန်း၊ (သမီး)ရဟန်းမယ်တော်
ဒေါ်မော်လီစိုး နှင့်(သားများ) မိုးမိုးဇော်စိုး၊ ကျော်
ကျော်စိုး၊ သော်သော်စိုး၊ (ညီမ) ဒေါ်သန်းသန်းနု
(မောင်) ဦးလှအောင် မိသားစု
|
အင်္ဂလန်
| ၅၀၀၀၀၀ိ/ ( ကျပ် ) |
၂၁ | ဒေါ်မီမီညွှန့် | အင်္ဂလန် | ၁၀၀ ( အင်္ဂလန်ပေါင် ) |
၂၂ | ဒေါက်တာဦးမျိုးညွှန့်+ဒေါက်တာဒေါ်ခင်မာမာ နှင့် သားသမီးမြေးတစ်စု | အင်္ဂလန် | ၁၀၀ ( အင်္ဂလန်ပေါင် ) |
၂၃ | ရာဇာထွေး ( blog မှတ်စု ) | မလေးရှား | ၃၀၀၀၀၀ိ/ ( ကျပ် ) |
၂၄ | မောင် နေလင်းစိုး | မလေးရှား ( ကလန်း ) | ၂၀၀ (မလေးရှားရင်းဂစ်) |
၂၅ | မောင်ဇာလင်းဟန်+မမျိုးမျိုး | မလေးရှား ( ကွာလာလမ်ပူ ) | ၃၀၀ (မလေးရှားရင်းဂစ်) |
၂၆ | လွင်ပြင်+ jasmine ( စံပယ်ချို ) | မလေးရှား | ၁၀၀ (မလေးရှားရင်းဂစ်) |
၂၇ | ဦးညီဖြူ + ဒေါ်မြဝေ မိသားစု | မလေးရှာ (ကွာလာလမ်ပူ) | ၂၀၀ (မလေးရှားရင်းဂစ်) |
၂၈ | ဦးအောင်ခင်ဇံ + ဒေါက်တာဒေါ်သန္တာအောင် (သမီး)မ အေးခိုင်ဇံ | မလေးရှာ (ကွာလာလမ်ပူ) | ၂၀၀ (မလေးရှားရင်းဂစ်) |
၂၉ | ဦးစံရီ + ဒေါ်သန်းသန်းအေး မိသားစု | မလေးရှား ( ကွာလာလမ်ပူ ) | ၂၀၀ (မလေးရှားရင်းဂစ်) |
၃၀ | ဦးလှမြင့် + ဒေါ်စန်းစန်း မိသားစု | မလေးရှာ (ကွာလာလမ်ပူ) | ၅၀ (မလေးရှားရင်းဂစ်) |
၃၁ | ဦးမျိုးဝင်းတင် + ဒေါ်ငြိမ်းငြိမ်းဝေ မိသားစု | မလေးရှား ( ကွာလာလမ်ပူ ) | ၁၀ (မလေးရှားရင်းဂစ်) |
၃၂ | မောင်စိုင်းလေး | မလေးရှား ( ကွာလာလမ်ပူ ) | ၁၀၀ (မလေးရှားရင်းဂစ်) |
၃၃ | ဦးညီညီအောင်နှင့်ဇနီး | မလေးရှား ( ကွာလာလမ်ပူ ) | ၂၀ (မလေးရှားရင်းဂစ်) |
၃၄ | ကိုလှိုင်နှင့်ဇနီး | မလေးရှာ (ကွာလာလမ်ပူ) | ၅၀ (မလေးရှားရင်းဂစ်) |
၃၅ | ကိုထွန်းဇော် | မလေးရှား ( ကွာလာလမ်ပူ ) | ၂၀ (မလေးရှားရင်းဂစ်) |
၃၆ | ကိုသစ်ဆန်း | မလေးရှာ (ကွာလာလမ်ပူ) | ၁၀ (မလေးရှားရင်းဂစ်) |
၃၇ | ကိုကျော်ကြီး | မလေးရှား ( ကွာလာလမ်ပူ ) | ၁၀ (မလေးရှားရင်းဂစ်) |
၃၈ | ကိုဇော်ထိုက် | မလေးရှား ( ကွာလာလမ်ပူ ) | ၁၀ (မလေးရှားရင်းဂစ်) |
၃၉ | မောင်ကျော် | မလေးရှား ( ကွာလာလမ်ပူ ) | ၅၀ (မလေးရှားရင်းဂစ်) |
၄၀ | နန်းမြတ်ထားခိုင် | မလေးရှား ( ကွာလာလမ်ပူ ) | ၅၀ (မလေးရှားရင်းဂစ်) |
၄၁ | ကိုဂျွန်သိန်းမြင့်ဒင် | ဒိန်းမတ် | ၂၀၀ (ဒိန်းမတ် ခရိုနာ) |
၄၂ | စောဘာတိုးဂေ | ဒိန်းမတ် | ၅၀၀၀၀ိ/ ( ကျပ် ) |
၄၃ | ကိုအောင်ကျော်ဦး+မသီတာဦး (သား) ဇေဦး - (သမီးကြီး)ရွှန်းရွှန်း -(သမီးငယ်)နှင်းနှင်း | ဒိန်းမတ် | ၅၀၀ ( ဒိန်းမတ်ခရိုနာ ) |
၄၄ | ကိုလင်းလင်းထွန်း | ဒိန်းမတ် | ၁၀၀၀ (ဒိန်းမတ် ခရိုနာ) |
၄၅ | ကိုဝင်းတင်( ကိုပြောင်ကြီး) | ဒိန်းမတ် | ၁၀၀၀ (ဒိန်းမတ် ခရိုနာ) |
၄၆ | မောင် မင်းမင်း | စင်္ကာပူ | ၅၀ (စင်္ကာပူ ဒေါ်လာ) |
၄၇ | စောလင်းဦးခိုင် | စကာၤပူ | ၃၀ (စကာၤပူ ေဒၚလာ) |
၄၈ | ခင္သူဇာစိုး | စကာၤပူ | ၃၀ (စကာၤပူ ဒေါ်လာ) |
၄၉ | မို့မို့မြင့်အောင် | စကာၤပူ | ၃၀ (စကာၤပူ ဒေါ်လာ) |
၅၀ | ထက်လက်ဝင်း | စကာၤပူ | ၁၀ (စကာၤပူ ဒေါ်လာ) |
၅၁ | ခွန်အောင်သူရစိုး | စကာၤပူ | ၁၀ (စကာၤပူ ဒေါ်လာ) |
၅၂ | နော်ကွဲစော | စကာၤပူ | ၁၀၀ ( စကာၤပူေဒၚလာ ) |
၅၃ | မေဆြထူးမား | စကာၤပူ | ၂၀၀ ( စကာၤပူေဒၚလာ ) |
၅၄ | ကိုထွန်းမြတ်မိုး + မခင်ညိုနု နှင့် သား(အောင်ကောင်းကောင်း) | စကာင်္ပူ | ၁၀၀ ( စကာင်္ပူဒေါ်လာ ) |
၅၅ | မတင်ဇာကျော် | စကာင်္ပူ | ၃၀ ( စကာင်္ပူဒေါ်လာ ) |
၅၆ | ဦးခင်မောင်ဝင်း+ဒေါ်ဌေး | စကာင်္ပူ | ၁၀ ( စကာင်္ပူဒေါ်လာ ) |
၅၇ | အောင်ကိုသန့်+နှင်းအိခိုင် | စကာင်္ပူ | ၅၀ ( စကာင်္ပူဒေါ်လာ ) |
၅၈ | ရင်မြင့်ထွဋ် | စကာင်္ပူ | ၁၀ ( စကာင်္ပူဒေါ်လာ ) |
၅၉ | ကိုမျိုးအောင်စန်း+မကျော့ကျော့ခိုင် (သမီး)စောရဒီယာ | စကာင်္ပူ | ၅၀ ( စကာင်္ပူဒေါ်လာ ) |
၆၀ | သူသူလှိုင် | စကာင်္ပူ | ၅ ( စကာင်္ပူဒေါ်လာ ) |
၆၁ | PPL နှင့်Jalan Papan , Avery Lodge မှ မြန်မာများကောင်းမှု( စင်္ကာပူ ) | စကာင်္ပူ | ၇၁၀ ( စကာင်္ပူဒေါ်လာ ) |
၆၂ | ငြိမ်းငြိမ်းအိ | စကာင်္ပူ | ၁၀( စကာင်္ပူဒေါ်လာ ) |
၆၃ | ရင်ရင်စန်း | စကာင်္ပူ | ၁၃ ( စကာင်္ပူဒေါ်လာ ) |
၆၄ | အန်တီတင့်(အန်တီတင့်၏အမှတ်တရလေးများ) | စကာင်္ပူ | ၅၀ ( စကာင်္ပူဒေါ်လာ ) |
၆၅ | ဒေါ်ခင်မာတင် | နယူးဒေလီ | ၁၀၀၀ ( အိန္ဒိယ-ရူဘီး ) |
အောက်ပါ ဘလော့ စာမျက်နှာများပေါ်တွင်လည်း ဖော်ပြထားပါတယ် ရှင်။
ဝိရဓမ္မ
အလွမ်းမြို့လေး
ချစ်စံအိမ်
ရာဇာထွေး blog မှတ်စု
အလှူအတွက် ဆက်သွယ်လှူဒါန်းနိုင်ရန် ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဆက်သွယ်ရန် ဖုန်း = +918083881812
ဆက်သွယ်ရန် အီးမေးလ် = ashinwimalawuntha@gmail.com
. |
အလွမ်းမြို့လေး
ဆက်သွယ်ရန် အီးမေးလ် = alwanmyolay@gmail.com
. |
မလေးရှား တာဝန်ခံ
ရာဇာထွေး ( မလေးရှား )
ဆက်သွယ်ရန် ဖုန်း = 016 6787843
ဆက်သွယ်ရန် အီးမေးလ် = yarzar.htwe5@gmail.com
. |
စကာၤပူ တာဝန္ခံ
နန်းထွေးစန္ဒာ (စကာင်္ပူ)
ဆက်သွယ်ရန် ဖုန်း = +6593812015
ဆက်သွယ်ရန်မေလ်း = rainblue2010@gmail.com
ဘဏ်အကောင့်ထဲလွှဲချင်သူများအတွက်
Bank Account- OCBC-Bank( Account No. 581-308-608-001)
. |
ဇော်ဇော် (စကာင်္ပူ)
ဆက်သွယ်ရန် ဖုန်း = +6581422464
. |
မြန်မာပြည် တာဝန်ခံ
အရှင်သီရိန္ဒ (ရန်ကုန်- တာမွေ)
ဆက်သွယ်ရန်မေလ်း = thirinda000387@gmail.com
ဆက်သွယ်ရန်ုဖုန်း 09- 421052618 |
မကြင်စန်း (ရန်ကုန်- သင်္ဃန်းကျွန်း)
ဆက်သွယ်ရန် ဖုန်း = 09- 73036380
ဘဏ်အကောင့်ထဲလွှဲချင်သူများအတွက်
Bank Account-( Account No. 027-121-013-4461)
( ကမ္ဘောဇဘဏ် - သင်္ဃန်းကျွန်းမြို့နယ် ). |
တူးတူးမာ (မုံရွာ )
ဆက်သွယ်ရန် (ရုံးဖုန်း) = 71-23629
|
8 comments:
တကယ်ကို အရသာရှိစေမဲ့ ပီတိလေးတွေပါ
ဒီပီတိလေးတွေဟာ နောင်တစ်ချိန်မှာ
နောင်ဘဝအတွက် မျိုးစေ့လေးတွေပါပဲ
မမရေ ထပ်တူပီတီဖြစ်ရပါတယ်။။
မမတို့ကိုရာဇာတို့လည်းအတော်လေးပင်ပန်းကြမယ်နော်
မျို့စေ့တွေယူကြပါလေ လမင်းကိုမျှဝေပေးလို့လည်းကျေးဇူးတင်မိပါတယ်။။
အမရေ...
ပီတိကိုစား အားရှိ ၏တဲ့.. မှန်လိုက်တဲ့စကားလေးပါ အမရေ...
နေ့တိုင်းဒီကိစ္စလေး နဲ့ ပဲလုံးပမ်းနေရလို့လား မသိဘူးအမရေ၊ အလှူရှင်
တိုးလာရင် ပီတိတွေကိုဖြစ် လို့အမရေ... အမက ကျွန်တော် တို့ထက်
ပိုပြီး အားသွန်ခွန်စိုက်လုပ်ကြောင်း ကျွန်တော် တို့ပါတယ် အမရေ... အမ
ဆိုတဲ့ အတိုင်း အငယ်တွေ ကိုဦးစားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်
ဆိုတဲ့ စကားကိုပဲ ထပ်ပြောပါရစေ အမရေ... အစစအရာရာ ရှေ့ကဦးဆောင်
ပြီး အခုလိုတိုင်တိုင်ပင်ပင် လုပ်ကြလို့လည်း ဒီအခြေအနေလေးကိုရောက်လာတာ
ပါအမရေ..ဘာပဲ ဖြစ်ဖြစ်ပါ အမရေ.. ဒီရွာလေးမီးလင်းတာမြင်ရ့ရင်အားလုံးကျေ
နပ်ကြမှာပါ...သူတို့တွေအားလုံး ပျော်ကြသလို အလှူ၇ှင်တွေလည်း ပီတိဖြစ်ကြမှာ
ပါ...အလှူလေးအထမြောက်လို့ အလှူရှင်တွေရော ရွာသူရွာသားတွေရော ပျော်ရွှင်
ကြည်နူးနေကြရင် အမတို့ ကျွန်တော်တို့တွေ လည်းပင်ပန်းရကျိုးနပ်ပါပြီ... အခုပဲ
ကျွန်တော် တို့ အလှူနဲ့ ပတ်သတ်လို့
ပုဗ္ဗစေတနာ = မလှူမီ ကြိုတင်ဖြစ်တဲ့ စေတနာ
မုဉ္စစေတနာ = လှူဆဲအခိုက်မှာ ဖြစ်နေတဲ့ စေတနာ ဆိုတဲ့ စေတနာတွေအပြည့်ရှိနေတယ်
မဟုတ်လား အမရေ... နေရင်းထိုင်ရင်း ရနေတဲ့ ကုသိုလ်တွေ ပေါ့ အမရာ ... ခါ
တိုင်း အွန်လိုင်းပေါ်တက်လာရင် ဘာကုသိုလ်မှ အလုပ်နိုင်ဘူး... အခုတော့ လိုင်းပေါ်
ရောက်လာရင် အလှူအတွက်ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ အလှူရှင်တွေတိုးလာရင် ၀မ်းသာ
လိုက်ကြနဲ့ ကိုယ်စိတ်ထဲ မတော့ မောတယ်လို့ကို မထင်ဘူး.. ပိတိတွေဖြစ်ပြီး အားကို
ရှိလို့.... စိတ်ချမ်းသာ သွားပါပြီ အမရေ... အလှူအတွက်လုပ်နေစဉ်မှာ တော့ တခြား
ဘာပို့စ်မှ လည်းမရေးနိုင်သလို အလှူ နဲ့မပတ်သတ်တဲ့ ပို့စ်တွေလည်းမတင်ချင်သေးပါ ဘူး
အမရေ... ပို့စ်လေးကို ဖတ်ရင်းနောက်နေ့တွေ အတွက်အားဖြစ်စေမယ့် ပီတိလေးတွေကို
ခူးယူစားသုံးသွားကြောင်း ပါ အမရေ...
ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး
ညီမလေး လမင်း...မောင်ငယ်ဇာနည် နဲ့ မောင်ငယ် ရာဇာ။ လာလည်တဲ့အတွက် ကျေးဇူးတင်တယ်။
လောကမှ နေတတ်မယ်ဆို ကျေနပ်စရာဆိုတာ ဒါဘဲလေ။ အခက်ခဲတွေ စိတ်ညစ်စရာတွေဘဲ ထိုင်းတွေးပြီး
ညစ်နေမယ့်အစား (OMO) လေးနဲ့လျှော်လိုက်။ ခုလိုပျော်ရွှင်လာမယ်။ သက်ရှင်စဉ် အကောင်းဆုံးမဟုတ်တာတောင်
တတ်နိုင်တာလေးတော့ အကျိုးပြုသင့်တယ်လေ။ (ဖေဖေက မှာထားတယ် ကောင်းမှု့တစ်ခု နေ့စဉ်ပြု အထူး မမေ့နှင့်တဲ့)
ကဲ....ခလေးတို့လည်း မှတ်ထားကြာနော်.... ***ထှာ.....အဟီး
ခင်မင်တဲ့
မကြီးလွမ်း
လာရောက်ဖတ်တဲ့သူလဲ ပီတိဖြစ်ရပါတယ် အလွမ်းမြို့လေးရေ
အစ်မလွမ်းရေ...
မနေ့ က မြန်မာဖောင့်ရေးလို့ မရ ဖြစ်နေလို့  စီပုံးမှာ အော်လိုက်ပါတယ်နော်...
ဒီနေ့ တော့ ပီတိစားပြီး ကွန်မန့် ပေးသွားပါကြောင်း
အစ်မလွမ်းကို အကြောင်းကြားလိုက်ပါတယ်နော်...
ထော်ဦး
အစ်မလွမ်းရေ...
ပီတိစားပြီး အားရှိသွားပါကြောင်း...
မနေ့ က မြန်မာဖောင့်မရလို့ 
စီပုံးမှာ လှမ်းအော်လိုက်ပါကြောင်း...
ထော်ဦး
ရောက်ခဲ့တယ် အစ်မတော်ရေ.... ဒီဆိုက်လေးကို ကျွန်တော့်ဘလော့မှာလင့်ချိတ်လိုက်ပါပြီ။ ကျွန်တော့်ကို အားပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ် ။ မကြာမကြာလာလည်ပါဦးမယ်အစ်မရေ
Post a Comment