ဒီနေ့တစ်နေ့လုံး အလွမ်းမြို့တစ်ယောက် ဘလော့ထဲဝင်ပြီး ယောင်လည်လည်လုပ်နေတယ်။ စိတ်တွေလည်း လေးလံနေတယ်။ တစ်ယောက်ယောက်ကို လွမ်းသလို တစ်နေရာရာကို လွမ်းသလိုဖြစ်နေတယ်။ အိမ်က အိမ်ဦးနတ်ကလည်း အလွမ်းမြို့ပျော်အောင် အတတ်နိုင်ဆုံးထားပေမဲ့ တစ်ခါတစ်ရံ လူစိတ်ကခက်သကိုး။ တိုင်းတစ်ပါးကိုရောက်ပြီး မိဘနဲ့ဝေးနေသူတိုင်း ချစ်သူနဲ့ဝေးနေသူတိုင်းက ဒီလိုစိတ်ခံစားမှုတော့ ဖြစ်ဖူးကြမယ်ထင်ပါတယ်။
အပြင်ဘက်ကိုကြည့်လိုက်တော့လည်း ရာသီဥတုက စိုထိုင်းထိုင်း မှောင်ရီရီဖြစ်နေတယ်။ တစ်ယောက်တည်း ဘာလုပ်လို့လုပ်ရမှန်း မသိ။ ရုပ်ရှင်လည်းမကြည့်ချင် သီချင်းလည်း နားမထောင်ချင်။ အိမ်ဦးနတ်ကလည်း သူနဲ့အတူ ရုပ်ရှင်ကြည့်ဖို့ခေါ်တယ်။ ဒါပေမဲ့ စိတ်ကအဲတာကို မလုပ်ချင်ဘူး။ ဒီတော့ လိုင်းမှာ မီးစိမ်းနေတဲ့ သူငယ်ချင်းတွေနဲ့ ဟိုပြောဒီပြောရင် နေတတ်အောင် ကြိုးစားလိုက်တယ်။ ဒါပေမဲ့ စိတ်ထဲအလိုမကျသေး။ ဒီလိုနဲ့ စိတ်ထဲတရားနာချင်စိတ် ပေါ်လာလို့ တရားနာနေကျ လင့်လေးဖွင့်လိုက်မိတယ်။
အဲဒီအချိန်မှာ မှတ်ပြီလားဟဲ့ အလွမ်းမြို့လို့ ကျမ ကိုယ်ကျမပြန်ပြောလိုက်တယ်။
ရှည်ချင်တဲ့လျှာ နဲ့ အငြိမ်မနေတဲ့ လက်ချောင်းတွေ ။
အဲဒီက စခဲ့တာဘဲ။
တရားနာတာဘဲ အေးဆေးမနာချင်ဘူး။ လက်ကရှည်ပြီး လိုင်းမှာခင်မင်တဲ့ မိတ်ဆွေကို လင့်လေး သွားပေးမိတယ်။ အစပထမတော့ ကျမတို့နှစ်ယောက် ဟိုပြောဒီပြော ထွေရာလေးပါပေါ့။ သူများအတင်းတွေ မဟုတ်ပေမဲ့ စိတ်ပျော်ရွှင်မှု့ ရစေမဲ့စကားလေးတွေ ရွေးပြီးပြောကြ နှုတ်ဆက်ကြ တယ်။ စကားပြောရင်း ကျမက သူ့လိုစကားလည်းမကြွယ် ပညာပါရမီမပြည့်စုံ ပညာမတတ်တော့ စကားများများ သိပ်မပြောတတ်။ ဒီတော့ ခါတိုင်းလိုဘဲ ကိုယ်နားထောင်နေကျ သီချင်းဖြစ်စေ ဖတ်နေကျဘလော့ဖြစ်စေ ဝမ်းသာစရာစကားဖြစ်စေ တရားဖြစ်စေ သူ့ကိုလင့်ရှယ်ပြီး ပို့ပေးနေကျပါ။
ကျမဒီနေ့ ပေးလိုက်တဲ့ လင့်လေးကလည်း ကျမစိတ်ထဲ တကယ့် ရိုးသာစွာ ခင်မင်မှုကြောင့်ပေတည်း။ပြီးတော့ ကျမ
မိတ်ဆွေကိုလည်း ကျမက လေးစား အားကျ အထင်ကြီး ထားမိ သူတစ်ယောက်ပါ။ သူ့ရဲ့
အရည်အချင်း သူ့ရဲ့လုပ်ဆောင်မှု့ သူ့ရဲ့နေထိုင်မှု့တွေက အစပေါ့။
ကျမ ပေးလိုက်သောလင့်ကို သူဖွင့်ကြည့်ပုံမရပါ။ သို့သော် သူဟာ ကွန်ပျူတာနှင့် ရင်းနှီးကျွမ်းဝင်သူ တစ်ဦးမို့ ကျမပေးလိုက်သော လင့်ကိုမြင်ယုံဖြင့် ကျမကို ဒီလိုလေး ချက်ချင်ပင်ပြန်ပြောလာတယ်။ ကျမ ပေးလိုက်တဲ့လင့်ကို စာဖတ်သူများလည်း စိတ်ဝင်စားတယ်ဆို ကလစ်ကြည့်ပါ။ ဒီလင့်လေး ကလစ်ကြည့်မှ ကျမပိုစ့်လေး ဆက်စပ်မိသွားမှာ။
(ကျမမိတ်ဆွေ).... : တရားမရှိတဲ့လူတွေ ကြည့်တဲ့နေရာလေ သူ့ဘက်ကနေ ဒီလိုလေးပြန်ပို့လာတော့ ကျမတော်တော် အံ့သြပြီး မယုံနိုင်အောင်ဖြစ်သွားတယ်။ ဘာပြန်ပြောရမှန်းကို မသိအောင် တုန်လှုပ်သွားတယ်။ ပြီးတော့ သူနဲ့ချက်တင်မှာ စာရိုက်နေတဲ့လက်တွေ တုန်နေတယ်။ ဝမ်းနည်းသွားတာ မဟုတ်ပေမဲ့ သူ့အလိုလို စိတ်မကောင်းစွာ မျက်ရည်ကျခဲ့မိတယ်။ ကျမ သေချာသိလိုက်တယ်။ ကျမ ကျတဲ့မျက်ရည်ဟာ ဝမ်းနည်းလို့ မဟုတ်ပါ။ ကျမ ဘာအပြစ်မှ မလုပ်ထားပါ။ ဒါပေမဲ့ ကျမ မျက်ရည်ဟာ ကျမခင်မင်ရင်းနှီး လေးစားရတဲ့ ကျမ မိတ်ဆွေပြောလိုက်တဲ့ ကျမပေးလိုက်တဲ့လင့်က (( တရားမရှိတဲ့သူတွေ ကြည့်တဲ့နေရာ)) ဆိုတဲ့ စကားလေးကြောင့်ပါဘဲ။ တကယ်တော့ သူဒီလိုပြောလိုက်တာ ကျမ ကိုစော်ကားတာ မဟုတ်ပေမဲ့ တစ်ခုခုကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပြောနေသလို ကျမ ခံစားရပြီး သူ့အတွက် စိတ်မကောင်းဖြစ်မိတာပါ။ သူဘာပြောပြော ကျမကတော့ တရားလေးဆက် နာနေဦးမှာဘဲ။ တရားမရလိုဘဲ နာတယ်လို့ သတိပေးတဲ့အတွက်လည်း ကျမ မိတ်ဆွေကို ကျမပိုလို့ ကျေးဇူးတင်မိပါတယ်။ သူ့စကားကြောင့် ကျမမှာ လိုအပ်မှု့တွေ ကျမ ပိုသိလာရတာပေါ့။ ကျေးဇူးပါလို့ ဒီဘလော့ကနေ ကျေးဇူးတင်စကားပါ ပြောလိုက်ပါတယ်။
ကျမ မိတ်ဆွေကို မိတ်ဆွေကောင်းတစ်ယောက်လို ကျမ ခင်မင်မိတာ အမှန်ပါ။ ဒါပေမဲ့ သူဒီလိုပြောလာမယ်လို့ ကျမဘယ်တုန်းကမှ မထင်ထားမိသလို ခင်မင်မှု့သက်တမ်းမှာလည်း ဒီလို တစ်ခါမှ မပြောခဲ့ဖူးပါဘူး။ ဒါပေမဲ့ ကျမကိုယ်တိုင်ကဘဲ သူ့ကိုနားလည်ပေးလိုက်ပါတယ်။ သူ့မှာလည်း စိတ်ရှုပ်စရာ စိတ်ညစ်စရာ လောကီအရှုပ်တွေထဲ နစ်မွှန်းလည်ပတ်နေပြီး လောဘ ဒေါသ မောဟ တွေနဲ့ မိတ်ဆွေပြုနေရလို့ နေလို့နေမှာပါလို့။
ကျမမိတ်ဆွေ ကျမကို ဘယ်လိုသဘောမျိုးနဲ့ဘဲ ပြောပြော ကျမစိတ်မဆိုးပါ။ သူ့ကို အပြစ်လည်းမမြင်ပါ။ ဒါတွေက စိတ်ဆိုး စိတ်မကောင်းဖြစ်စရာမှ မဟုတ်တာလေ။ ဒါပေမဲ့ ကျမ သင်ခန်းစာလေးတော့ ယူလိုက်တယ်။ မှတ်ပြီလား အလွမ်းမြို့ သိပ်ရှည်တဲ့ လျှာနဲ့ အငြိမ်မနေတတ်တဲ့ လက်ချောင်းတွေ စေတနာရှေထား ဆရာလုပ်ချင်ဦးဟဲ့ ဆိုပြီး ဒီပိုစ့်လေးရေးရင်း ခွင့်လွှတ်တဲ့ အပြုံးလေးနဲ့ ကျမသဘောကျစွာ တစ်ယောက်ထဲ ပြုံးနေမိတယ်။
စာဖတ်သူ မောင်နှမများလည်း ကျမလိုမဖြစ်ရလေအောင် ဂျီမေလ်း ဂျီတော့မှာ မိတ်ဆွေတွေနဲ့ စကားပြောမယ်ဆို (( စိတ်ရဲ့ရာသီဥတု)) အခြေနေကို အရင်ခန့်မှန်းကြပြီးမှ လိုရာကိုပြောကြပါလို့ သတိပေးလိုပါတယ်။ တော်ကြာ အလွမ်းမြို့လို အခန့်မသင့်တဲ့ အခိုက်အတန့် စိတ်ခံစားမှု့ ဒဏ်ရာလေးတွေ ဖြစ်လာမှာစိုးလို့ပါ။ စိတ်ဆိုတာ အရမ်းနုနယ်ပါတယ် ခံစားလွယ်ပါတယ်။ ဒါကြောင့် နုနယ်တဲ့စိတ်လေးတွေကို ချစ်သူဆီကဘဲဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းတွေ ဆီကဘဲဖြစ်ဖြစ် အရင်းနှီးဆုံး သူငယ်ချင်းတွေ ဆီကဘဲဖြစ်ဖြစ် မောင်နှမ ဆွေမျိုးတွေ ဆီကဘဲဖြစ်ဖြစ် ဘယ်သူဆီကမှ ဒဏ်ရာမရကြဘို့ သတိဆောင်ပြီး ကာကွယ်စောင့်ရှောက် ပေးကြပါ။
တကယ်လို့ ဒဏ်ရာရလာခဲ့မယ်ဆိုလည်း အလွမ်းမြို့လို ခွင့်လွှတ်ပြုံးလေးနဲ့ ခဏတာ အတွင်း ပြေပျောက်နိုင်အောင် ကြိုးစားကြပါ။ အပြင် ဒဏ်ရာဆိုတာ လူတွေမြင်နိုင်ပေမဲ့ အတွင်းဒဏ်ရာဆိုတာ မြင်ဖို့ခက်တယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ ချစ်သူတွေကြားလည်း အငြိုးအတေးရှိတာလည်း မကောင်းသလို မိတ်ဆွေ သူငယ်ချင်းတွေကြားလည်း အငြိုးအတေး မထားကြပါနဲ့လို့ စေတနာရှေထား ပြောလိုရင်း ဒီပိုစ့်လေးကို ဒီမှာတင် အဆုံးသတ်ခွင့်ပြုပါ။
(မှတ်ချက်) ညီမလေး လမင်း(ချစ်စံအိမ် http://chitsaneainlove.blogspot.com/ လည်း ချစ်သူပေးသော အကြင်နာတွေကို ဝေဒနာဒဏ်ရာလို့ မှတ်ယူပြီး သီလရှင်ဝတ်ဖို့ စိတ်မကူးနဲ့နော်။ စိတ်ဆိုတာ မထားတတ်ရင် ခံစားရတယ်ကွဲ့..အဟီး.....
ကျမပိုစ့်ခေါင်းစဉ်နဲ့ ကျမပြောလိုသော စကားများ ရေးသောစာများဟာ သက်ဆိုင်ချင်မှ သက်ဆိုင်မယ်။ ဒါကြောင့် သီးခံပြီး ဖတ်ပေးသော ညီအစ်ကို မောင်နှမအားလုံးကို အထူးပင်ကျေးဇူးတင်ပါတယ်။
အဆင်ပြေရဲ့လား (အဆိုတော်တွေလိုပေါ့) အဆင်ပြေတယ်ဆို လက်ခုပ်သံလေး ကြားချင်ပါတယ်။
စာဖတ်သူများကို အစဉ်လေးစား ချစ်ခင်လျှက်
အလွမ်းမြို့
15 comments:
လမင်းလည်းလွမ်းတယ် တခုခုကို ဟီး..
ဒီတခါ ချစ်သူပေးတဲ့အကြင်နာကိုဝေဒနာလို့မှတ်လိုက်ပါတော့မယ် ဖြဲးးးးးးးးးးးး
အဆင်ပြေပါတယ်ခင်ဗျ၊ လက်ခုပ်လည်းတီးပါတယ်ခင်ဗျ၊ ဖြောင်း...ဖြောင်း...ဖြောင်း
လူ့အသိုင်းအဝိုင်းမှာ ရပ်တည်နေသမျှ ကာလပတ်လုံးမှာ
မဖြစ်မနေကြုံတွေ့ရတဲ့ အခက်အခဲလေးတွေပေါ့ အလွမ်းရေ။
စိတ်ချမ်းသာမှု စိတ်ဆင်းရဲမှုဆိုတာ ကိုယ်တိုင်ရှာဖွေရတာမို့
အလွမ်းရဲ့ သုံးသပ် ဆုံးဖြတ်ချက်လေးကို အားပေးသွားတယ်နော်။
စကားမစပ် မှတ်ချက်ရဲ့ အပေါ်နှစ်ပိုဒ်မှာ 'အခမသင့်တဲ့' ဖြစ်နေတယ် 'အခန့်မသင့်တဲ့'
ဆိုတဲ့စာသားကို သုံးတာထင်ပါရဲ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အလွမ်းရေ ခံစားဖတ်ရှု့သွားပါတယ်
ဖြစ်ရလေမကြီးလွမ်းရယ့်
ပဲ မှတ်ပလားဟဲ့ မိလွမ်းရဲ့ ။
(ကန်တော့နော်)
အဟေးဟေး ဆြာကြီးလေသံနဲ့
ရတုန်းဖိဟောက်ထားမှ။
အင်... သူက ဘာလို့ အဲ့လိုပြောရတာလဲ >.<
မကြီးလွမ်းပေးတဲ့ လင်ခ့်လေးဖွင့်ကြည့်တယ်.. Problem loading page ဖြစ်နေလို့ ကြည့်မရဘူး.. ဒါပေမယ့် အဲ့ဒါ ဓမ္မဒေါင်းလုပ် က တရားမလား..
သူက ဗုဒ္ဓဘာသာ မဟုတ်လို့လား..
အင်း.. စိတ်ထဲ မထားပါနဲ့ မမရယ် :)
တီတင့်ရေ. လာလည်ပြီး ခုလို စားလုံးပေါင်းကျတာလေး ထောက်ပြပေးသွားတာ ကျေးဇူးကမ္ဘာပါ။
တီတင့်လည်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေရှင်။
ရိုသေစွာဖြင့်
အလွမ်း
လာရောက်လက်ခုပ်တီး အားပေးသော မိတ်ဆွေသစ်ကိုလည်း ဝမ်းသာစွာ ကြိုဆိုနှုတ်ဆက်ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။
ခင်မင်တဲ့
အလွမ်း
ညီမလေးကန်ဒီရေ။ မကြီးဆီလာလည်လို့ ကျေးဇူးတင်ပါတယ်။ ဟုတ်ပါတယ် ညီမလေးပြောတာ ဓမ္မဒေါင်းလုပ်က
တရားလေးပါ။ မနေ့ည ပိုစ့်လေး မတင်ခင်ရော တင်ပြီးတော့ရော မကြီးသေချာပြန်စစ်ပါတယ်။ လင့်လေး
အလုပ်လုပ်ပါတယ်။ ညီမလေး မန့်တာမြင်ပြီး အခုပြန်ဖွင့်တော့ ညီမလေးပြောသလိုပါဘဲကွယ်။ ညီမလေးရေ သူက
ဗုဒ္ဓဘာသာ စစ်စစ်ပါ။ ဗုဒ္ဓဘာသာ မဟုတ်တာက မကြီးလွမ်းပါကွယ်။
ညီမလေးလည်း ပညာရေးမှာ ထူးချွန်အောင်မြင်ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ
ခင်တဲ့
မကြီးလွမ်း
ဇာနည်လေးရေ။။ မိလွမ်းကတော့ ငါးဖယ်ဖြစ်နေပြီ။ ထုလေ မာလေ မိလွမ်းပေ။
မိလွမ်းကလည်း မိလွမ်းကိုး။ နှုတ်ရှည် လက်ချောင်းအားနေတာကိုး။
ဇာနည်ရေ ဖိဟောက်လည်း ဒီက ငါးဖယ်နော်။သတိတော့ထား။
ဟောက်ရင်း ဟောက်ရင်း အသံဝင်သွားဦးမယ်။ အဟဲ
ခင်မင်တဲ့
မကြီးလွမ်း
လွင်ပြင်ရေ လာလည်တဲ့အတွက် အလွမ်းမှကျေးဇူးတင်ပါတယ်။
လွင်ပြင်တို့ ဇနီးမောင်နှံ ထာဝရ ချစ်ခင်ပျော်ရွှင်နိုင်ပါစေ။
ခင်မင်တဲ့
အလွမ်း
လမင်းငယ်။ မကြီးပြောတာက အကြင်နာကို ဝေဒနာလို့ မမှတ်နဲ့နော်။ ကိုယ့်ဟာကိုယ် လမ်းကြောင်းရှာပြီး မှတ်ချင်ရင်တော့မှတ်။
ပြီးမှ ဆရာလေး နာမည် ဆွဲမထည့်ကြေး။။။ခိ ခိ ခိ
ချစ်တဲ့
မကြီးလွမ်း
အဟမ်း အဟမ်း....
မန့်တော့ မယ် နော် ... အမြဲနောက်ကျနေကြမို့ ရိုးရာမပျက်ရလေအောင်
နောက်ဆုံးမှ ပဲမန့်လိုက်ပါတယ်... သူပြောတော့လည်း သူ့စကားပေါ့အမရာ..
ကိုယ်တွေက တရားရှာချင်လို့အဲဒီနေရာသွားတယ်လို့ ပဲသူ့စကားကို အဓိပ္ပာယ်
ကောက်လိုက်ပေါ့.. ဖြေတတ်ရင်ကျေနပ်စရာပါ...အမတင်ပေးလိုက်တဲ့
http://dhammadownload.com ဆိုက်လေးကတော်တော်လေးကောင်း
တဲ့ တရားတော်တွေ၊ တရားစာအုပ်တွေ၊ ဆရာတော်ကြီးတော်တော်များရဲ့ တရား
တော်တွေကို စုံစုံလင်လင်စုဆောင်းတင်ပြပေးထားတဲ့ ဆိုက်ကောင်းလေးပါ အမ
ရေ... အမြဲတမ်းလည်းသွားဖြစ်ပါတယ်အမရေ.. လူတကိုယ် အကြိုက်တမျိုး ခွင့်
လွတ်လိုက်ပါ အမရေ...http://www.dhammavideo.com/ ဒီဆိုက်လေး
လည်းတော်တော် ကောင်းပါတယ် အမရေ.. အမသိပြီးသားနေမှာပါ၊ အခု လင့်
လေးပေးခဲ့ပေမယ့် အမနဲ့ ကျွန်တော် အကြိုက်ချင်းမတူ ရင် တရားမရှိတဲ့သူတွေ
ကြည့်တဲ့နေရာ လို့ အမပြောချင်ပြောမှာပါ... အကြိုက်ချင်းတူရင်တော့ အမကျွန်တော့်
ကိုကျေးဇူးမှာပါ... အင်း ပြောချင်စကားကတော့ ဒါပဲ အမရေ... ကိုယ်ကစေတနာနဲ့
လုပ်ပေးလိုက်တဲ့ အရာလေးတခုက လူတချို့အတွက်စိတ်အနှောင့်အယှက်ဖြစ်သွားတတ်
သလို လူတချို့အတွက်တော့ တော်တော်လေးစိတ်ချမ်းသာမှုကိုရစေတတ်ပါတယ်အမရေ..
ကိုယ်စေတနာ ကိုယ်အသိဆုံးမို့ တဖက်ကဘယ်လိုပဲ တုန့်ပြန်တုန့်ပြန် မတုန်လှုပ်သွားပါနဲ့
အမရေ..(( မှတ်ထား အလွမ်းမြို့ လေး သိပ်ရှည်တဲ့ လျှာ ဆိုတာအရသာပိုသိတယ်....
အငြိမ်မနေတတ်တဲ့ လက်ချောင်းတွေ ဆိုတာ အနုပညာသမား(စာပေ၊ ဂီတ၊ သဘင်)
လက် တဲ့ မှတ်ထားနော် ... :) ))
ခင်မင်စွာဖြင့်
ရာဇာထွေး
ရာဇာလေးရေ စိတ်မဆိုးပါဘူး. နားလည်ခွင့်လွှတ်ပြီး ပြုံးနေမိတာ။ ပိုစ့်လေးတင်လိုက်တယ်ဆိုတာကလည်း ကိုယ်လို လျှာရှည် လက်ဆော့သူတွေ သတိရှိဖို့ပေါ့။ ရာဇာပေးတဲ့လင့် မကြီးမကြိုက်စရာ ဘာအကြောင်းမှ မရှိ။ မကြီးကိုယ်တိုင်လည်း အလည်သွားနေကြမို့လေ။ ကျေးဇူးတင်တယ်ဘဲ ထပ်ပြောရမှာပေါ့။ သိပြီးပေမဲ့လည်း။ အဟဲ။
ခင်မင်တဲ့
မကြီးလွမ်း
အဟမ်း အဟမ်း(လည်ချောင်းရှင်းသံ)
လောကမှာ လူအမျိုးမျိုးစိတ်အထွေအထွေ ရှိတယ်ဆိုတာ
လက်တွေ့ မို့ ယုံသွားပြီမလား မကြီးလွမ်းရေ...ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ်နှစ်သက်ရာကိုယ်လုပ်နေရရင် လောကကြီးက ကျေနပ်စရာပါ
ကိုယ်နှစ်သက်တဲ့ အရာတခုကို တပါးသူ က နှစ်သက်ချင်မှ နှစ်သက်ပါလိမ့်မယ်
တခုတော့ ကျေးဇူးတင်ကြောင်းလေးပြောပါရစေ
file size 26.262MB ashinpyinNyeintThara ရဲ့ 
တရားတပုဒ်ကိုတော့ download ချပြီးနားထောင်ခွင့်ရရှိသွားပါတယ်
တရားအလှူအတွက်ကျေးဇူးတင်ပါတယ် မကြီးလွမ်းရေ .....
ခင်တဲ့ 
မိုးသူ(တောင်ကြီး)
Post a Comment