Friday 15 June 2012

ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုရန်



စာဖတ်သူများအားလုံးကို  ဦးစွာပထမ  မင်္ဂလာပါလို့  နှုတ်ခွန်းဆက်သ လိုက်ပါတယ်။ ဒီနေ့ဆို ကျမတို့မောင်နှမတွေ  မျှော်လင့်ထားကြတဲ့  မီးစက်အလှူလေး  ရေစက်ချ  လှူဒါန်းပြီးသွားပြီ  ဖြစ်ကြောင်း  (ပြည်တွင်းပြည်ပ  စေတနာအလှူရှင်များ ကျမဘလော့တွင်လာရောက်  လည်ပတ်ကြသော  မောင်နှမများအားလုံးနှင့်  အဖက်ဖက်မှ  တစ်တောင့်တစ်နေရာ  အားပေးသော  မိတ်ဆွေမောင်နှများအားလုံး  ဝမ်းမြှောက်ဝမ်းသာ  သာဓုခေါ်ဆိုနိုင်ဘို့ )  အသိပေးအပ်ပါတယ်။

မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်၊ နယုန် လပြည့်ကျော် ၁၁ ရက် 

၁၅. ၀၆. ၂၀၁၂ ( သောကြာနေ့ ) ယနေ့ မြန်မာစံတော်ချိန် နံနက် ၉း၀၀ နာရီအချိန်တွင် ဧရာဝတီတိုင်း ၊ ကျောင်းကုန်းမြိုနယ်၊ ၀က်ခြံဂယက်ကျေးရွာအုပ်စု၊ ကညင်ကုန်းကျေးရွာလေး အတွက် (၇) ရက်သားသမီးများနှင့် စေတနာရှင်အလှူရှင်များရဲ့ မီးစက်အလှူ နှင့် ပညာရေးဒါန အလှူလေး ကိုအောင်မြင်စွာ ရေစက်သွန်းချ လှူဒါန်းခဲ့ပါတယ်။ အလှူရေစက်ချပွဲတွင် ဦးဇင်းအရှင်ဝိမလ၀ံသနှင့် ရဟန်းသံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း၊ ကြွရောက်လာသော ကျေးရွာသူ/သားများနှင့် ဧည့်ပရိသတ်များအား မုန်းဟင်းခါးများဖြင့် တည့်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ စေတနာရှင် အလှူရှင်များအနေနဲ့ ယခုလိုမိမိတို့ ပြုလုပ်ရသော  ကောင်းမှုကုသိုလ် အစုစုတို့အတွက် သာဓုအနုမောဓနာ  ခေါ်ဆိုနိုင်ကြစေရန်  အသိပေးတင်ပြလိုက်ပါတယ်…။


ပြည်တွင်းပြည်ပမှ  စေတနာရှင် အလှူရှင်များနှင့်တကွ အခြားသော(၇)ရက်  သားသမီးအပေါင်းတို့အား ယခုပြုရသော ကုသိုလ်၏ အဖို့ဘာဂကို အမျှပေးဝေပါတယ်..။ အားလုံး အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်သော်.. သာဓု..........သာဓု...........သာဓု

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျမတို့ရဲ့ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ၀က်ခြံဂယက်ကျေးရွာအုပ်စု၊ ကညင်ကုန်းကျေးရွာလေး အတွက်မီးပေးနိုင်ရန်  မီးစက်အလှူ  / အလှူငွေကောက်ခံခြင်းကို ( ၁၁. ၀၄. ၂၀၁၂ ) ရက်နေ့တွင်စ တင်ခဲ့ပြီး ( ၁၁. ၀၅. ၂၀၁၂ ) ရက်နေ့တွင် အလှူခံငွေကောက်ခံခြင်းကို အောင်မြင်စွာဖြင့် ပိတ်သိမ်းခဲ့ပါတယ်။ စေတနာရှင်များရဲ့ ထက်သန်တဲ့ စေတနာသဒ္ဓါတရားကြောင့် တလအတွင်းမှာပဲ လိုအပ်တဲ့မီးစက် အလှူအတွက်ကုန်ကျမယ့် အလှူငွေထက် ကျော်လွန်တဲ့အလှူငွေကို ကျမတို့ လက်ခံရရှိခဲ့ပါတယ်။ မီးစက်အတွက် လုံလောက်သွားပြီး ပိုလျှုံလာတဲ့ အလှူငွေများကို ထိုကျေးရွာလေးရဲ့ လိုအပ်နေတဲ့နေ ရာလေးတွေမှာ ထပ်မံလှူဒါန်းဖို့ ကျမတို့ တိုင်ပင်ဆုံးဖြတ်ထားကြတဲ့ အတိုင်း ကျေးရွာအခြေခံပညာ မူလတန်းကျောင်းလေးရဲ့ လိုအပ်နေတဲ့ ကျောင်းသုံးစာအုပ်များနှင့် စာရေးစားပွဲထိုင်ခုံများကို ပညာရေးဒါန အလှူလေးအဖြစ် ထပ်မံလှူဒါန်းပေးခဲ့ပါတယ်…။ အလှူရှင်များအနေနဲ့ မီးစက်အလှူအပြင် တခြားအလှူလေး တခုပါအပို အဆစ်တိုးလာတာမို့ ကုသိုလ်တွေလည်း   တိုးလာသလို   ပိုပြီးလည်းဝမ်းသာကြည်နှုး  ပီတိ ဖြစ်ကြရမှာပါ..။



အခုလို အလှူလေးအထမြောက်သွားအောင် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အဖက်ဖက်မှ ပံ့ပိုးကူညီ လှူဒါန်းပေးကြသော   အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်မှ အလှူရှင်များဖြစ်ကြသော အရှင်ဝိမလ၀ံသ   ( ၀ိရဓမ္မ )၊ အရှင်သုဇာတ၊ အရှင်ဇနက ( မော်လူး )၊ အရှင်သာသန (နတ်မောက်)၊ နေရပ်ဖော်ပြမထားသော ဒေါက်တာအရှင်သုဇယဥာဏ နှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမှ  ဒေါ်ခင်မာတင် တို့အား၎င်း။



မြန်မာပြည်မှ  စေတနာအလှူရှင်များဖြစ်ကြသော  အရှင်ကောဝိဒ(စစ်ကိုင်းတောင်ရိုးဆွမ်းလောင်း)၊ မလွမ်း (အလွမ်းမြို့)၊ လမင်း(ချစ်စံအိမ်)၊   မတူးတူးမာ(မုံရွာ)၊  မခိုင်စုလှိုင်(ရန်ကုန်)၊  ဦးစောလွင် + ဒေါ်ကြည်စိန်(ပဲခူးတိုင်း- ဖဒို)၊ မခိုင်နှင်းအေး(ရန်ကုန်)၊ မောင်ဝင်းထွဋ်ဦး + မခိုင်ဇာအောင်(ရွှေတောင်မြို့)၊ ကိုဖိုးဇင် + မခင်ဝင်း ၊ ကိုဘိုဘို + မစုစု၊ ထိုက်ထိုက် + ဒိုက်ဒိုက်(မုံရွာ)၊ ဦးကျော်ငြိမ်း + ဒေါ်ရဲမေကြည်(ရန်ကုန်)၊ မစိုးစိုးငြိမ်း(ရန်ကုန်)၊ ကိုအောင်ကြီး + မသန္တာ (သား)မောင်အောင်ကိုကိုဦး၊ (သမီး)မမေမြတ်နိုးအောင် မိသားတစ်စု(ရန်ကုန်)နှင့် မမီမီထွန်း (ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့)တို့အား ၎င်း



အင်္ဂလန်နိုင်ငံမှ  စေတနာ့ရှင်အလှူရှင်များဖြစ်ကြသော  မိခင်ကြီးဒေါ်သန်းသန်းကို အမှူးထား၍ (သမီး)ရဟန်းမယ်တော် ဒေါ်မော်လီစိုးနှင့် (သားများ) မိုးမိုးဇော်စိုး၊ ကျော်ကျော်စိုး၊ သော်သော်စိုး၊ အရှင်ဝိမလဝံသ ၊ (ညီမ) ဒေါ်သန်းသန်းနု၊ (မောင်) ဦးလှအောင် မိသားတစုတို့အား၎င်း၊ ဒေါ်မီမီညွှန့် ၊ ဒေါက်တာဦးမျိုးညွန့် + ဒေါက်တာဒေါ်ခင်မာမာ သားသမီးမြေးတစ်စုနှင့်  ဒေါက်တာမာလာအေး  တို့အား၎င်း



မလေးရှားနိုင်ငံမှ စေတန့ာရှင်အလှူရှင်များဖြစ်ကြသော မောင်နေလင်းစိုး၊ မောင်ဇာလင်းဟန် + မမျိုးမျိုး၊ လွင်ပြင် + jasmine (စံပယ်ချို)၊ ဦးညီဖြူ + ဒေါ်မြဝေ မိသားစု၊ ဦးအောင်ခင်ဇံ + ဒေါက်တာဒေါ်သန္တာအောင် (သမီး)မအေးခိုင်ဇံ၊ ဦးစံရီ + ဒေါ်သန်းသန်းအေး မိသားစု၊ ဦးလှမြင့် + ဒ်ါစန်းစန်း မိသားစု၊ ဦးမျိုးဝင်းတင် + ဒေါ်ငြိမ်းငြိမ်းဝေ မိသားစု၊ မောင်စိုင်းလေး၊ ရာဇာထွေး(blogမှတ်စု) နှင့်  အလှူခံပိတ်ပြီးတဲ့အချိန်မှာ  နောက်ဆုံးလာရောက်  လှူဒါန်းသွားကြတဲ့ ဦးညီညီအောင်နှင့်ဇနီး၊ ကိုလှိုင်နှင့်ဇနီး၊ ကိုထွန်းဇော်၊ ကိုသစ်ဆန်း၊ ကိုကျော်ကြီး၊ ကိုဇော်ထိုက်၊ မောင်ကျော်နှင့်  မနန်းမြတ်ထားခိုင် တို့ အား၎င်း



ဒိန်းမတ်နိုင်ငံမှ စေတနာ့ရှင်အလှူရှင်များဖြစ်ကြသော ကိုဂျွန်သိန်းမြင့်ဒင်၊ စောဘာတိုးဂေ၊ ကိုလင်းလင်းထွန်း ၊ ကိုဝင်းတင်(ကိုပြောင်ကြီး)နှင့်  ကိုအောင်ကျော်ဦး + မသီတာဦး (သား)မောင်ဇေဦး၊ သမီးကြီး - ရွှန်းရွှန်း နှင့် သမီးငယ်- နှင်းနှင်း မိသားတစ်စု တို့အား၎င်း

စင်္ကာပူနိုင်ငံမှ စေတနာ့ရှင်အလှူရှင်များဖြစ်ကြသော မင်းမင်း ၊ စောလင်းဦးခိုင်၊  ခင်သူဇာစိုး၊  မို့မို့မြင့်အောင်၊ ထက်လက်ဝင်း၊ ခွန်အောင်သူရစိုး၊ နော်ကွဲစော၊ မဆွေထူးမား၊ ကိုရင်မြင့်ထွဋ်၊   ကိုထွန်းမြတ်မိုး + မခင်ညိုနု (သား)အောင်ကောင်းကောင်း မိသားစု၊ မတင်ဇာကျော်၊ ဦးခင်မောင်ဝင်း + ဒေါ်ဌေး ၊ မောင်အောင်ကိုသန့် + မနှင်းအိခိုင် ၊  ကိုမျိုးအောင်စန်း + မကျော့ကျော့ခိုင်(သမီး)စောရဒီယာ မိသားစု၊ မသူသူလှိုင်၊ မငြိမ်းငြိမ်းအိ၊ မရင်ရင်စန်း၊ အန်တီတင့်(အန်တီတင့်၏အမှတ်တရလေးများ)၊ PPL နှင့် Jalan Papan , Avery Lodge မှ အမည်နာမ ကဗျည်းမထိုးသော  စေတနာရှင်   မြန်မာနိုင်ငံသားများအား၎င်း


စုပေါင်းအလှူငွေများကို နှိုးဆော်ကောက်ခံပေးပြီး အလှူအတွက်  တဖက်တလမ်းမှ ၀ိုင်းဝန်း  ပံ့ပိုးကူညီပေး ကြသော  စင်္ကာပူမှ  အကိုဌေးနိုင်ဝင်း၊ မလေးရှားမှ အမခင်သန်းရီနှင့် မဇူလိုင်မိုး တို့အား၎င်း၊ ကညင်ကုန်းကျေး ရွာလေးမီးလင်းစေရန် မီးစက်အလှူအတွက်  စတင်သန္ဓေတည်  ဦးဆောင်ပေးခဲ့သော ဦးဇင်းအရှင်ဝိမလ၀ံသ (၀ိရဓမ္မ)၊ ဒီအလှူလေးအတွက် အဖက်ဖက်မှ မမောနိုင်၊ မပမ်းနိုင် စိတ်အားထက်သန်စွာဖြင့် စီစဉ်လုပ်ဆောင်  အကြံပေးခဲ့တဲ့ (မောင်ငယ်ရာဇာထွေးဘလော့မှတ်စု) အလှူလေးနဲ့ ပတ်သက်တိုင်း  ပြောသမျှလက်ခံ  သဘောတူထောက်ခံ  အားပေးသော စိတ်တူကိုယ်တူ ကူညီခဲ့သော ညီမငယ်လေး ချစ်လမင်း(ချစ်စံအိမ်)၊ မအားလပ်  အလုပ်တာဝန်တွေကြားထဲမှ အလှူငွေများကို တာဝန်ယူ  ကောက်ခံပေးကြသော စင်္ကာပူမှ  တာဝန်ခံများဖြစ်တဲ့ သူငယ်ချင်းနန်းထွေးစန္ဒာ၊ ကိုဇော်ဇော်၊ မြန်မာပြည်မှ တာဝန်ခံများဖြစ်ကြသော ဦးဇင်း အရှင်သီရိန္ဒ(တာမွေ) ၊ အမမကြင်စန်း(သင်္ဃန်းကျွန်း)နှင့်  သူငယ်ချင်း တူးတူးမာ(မုံရွာ)တို့အား ကညင်ကုန်းကျေးရွာ  ရွာသူ/သားများ ကိုယ်စားအထူးပင်  ကျေးဇူးတင်ရှိပါကြောင်း၊ စေတနာရှင်အလှူရှင်များရဲ့ စေတနာ၊ မေတ္တာ၊ ဂရုဏာတွေကို ကျမတို့ အလှူဖြစ်မြောက်ရေးအဖွဲ့မှလည်း အမြဲတမ်း ကျေးဇူးတင်အမှတ်တရ ရှိနေမှာဖြစ်ကြောင်း ရိုသေလေးစားစွာဖြင့်  မှတ်တမ်းတင်  ပြောကြားလိုပါတယ် ။



နောက်ထပ်   ကျေးဇူးတင်စကား   ပြောချင်သူတွေကတော့ ကညင်ကုန်းကျေးရွာ မီးစက်အလှူလေးနဲ့ ပတ်သက်တဲ့ ကျမတို့ရဲ့ အလှူခံပို့စ်လေးများကို အများသူငါ ဖတ်ရှု့လှူဒါန်းနိုင်စေရန် လက်ဆင့်ကမ်း  ဖြန့်ဝေပေးကြသော အိမ်လွမ်းသူအပြုံးပန်းဈေးmm-flashsongs နှင့် တေးသီဌက် ဆိုက်တို့မှ တာဝန်ခံ Admin များအားလုံးကိုလည်း ကျမတို့ အလှူဖြစ်မြောက်ရေး အဖွဲ့မှ ကျေးဇူးအထူးပင် တင်ရှိပါကြောင်း  ရိုသေလေးစားစွာ ဖြင့်ပြောကြား လိုပါတယ် ။



စေတနာရှင် အလှူရှင်များရဲ့  ကောင်းမှုတို့ကြောင့်   ကညင်ကုန်းကျေးရွာလေးလည်း မီးရရှိခဲ့ပါပြီ…။ ပိုလျှံလာတဲ့  အလှူငွေလေးတွေနဲ့လည်း ကညင်ကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းလေး အတွက် လိုအပ်နေတဲ့ကျောင်းသုံး ဗလာစာအုပ်နှင့် ကလေးငယ်များအတွက်  စာရေးစားပွဲထိုင်ခုံများကိုလည်း ပညာရေးဒါန အလှူလေးတစ်ခုအဖြစ် ထပ်မံပြီးလှူဒါန်းနိုင်ခဲ့ပါပြီ …။ ဒါကြောင့်  ကျမတို့  အားလုံးရဲ့ ကညင် ကုန်းကျေးရွာမီးစက် အလှူပွဲလေးနှင့်  ပညာရေးဒါန အလှူပွဲလေးဟာလည်း   အထမြောက် အောင်မြင်စွာ  ပြီးဆုံးသွား ပြီဖြစ်ပါကြောင်း သဒ္ဓါကြည်လင် စေတနာရှင် အလှူရှင် အပေါင်းတို့အား မိမိတို့အလှူဒါနအတွက် ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓုအနုမောဒနာ  ခေါ်ဆိုနိုင်စေရန် လေးစားစွာဖြင့် အသိပေးနှိုးဆော် အကြောင်းကြား အပ်ပါတယ်။



အလှူရှင်များအားလုံး အောက်ပါ မီးလှူရကျိုး ရှစ်ပါး နဲ့ ပြီးပြည့်စုံနိုင် ကြပါစေ…


      မီးလှူရကျိုးရှစ်ပါး

၁။ လုံခြုံစွာကြီးပွားချမ်းသာခြင်း

၂။ အမျိုးမြတ်ခြင်း။

၃။ ဥာဏ်ပညာကြီးမားခြင်း။

၎။ အင်္ဂါကြီးငယ်တို့နှင့်ပြည့်စုံခြင်း

၅။ အဆင်းလှခြင်း။

၆။ ကိုယ်ရောင်ကိုယ်ဝါတောက်ပခြင်း။

၇။ ဘုန်းတန်ခိုးကြီးခြင်း။

၈။ ဘေးအန္တရာယ်ကင်းခြင်း။


ဆောင်။ ။ လုံခြုံစွာ့၊ ကြီးရတဲ့ချမ်းသာ၊ မျိုးမြတ် ဥာဏ်ကြွယ်နှင့်။ အင်ကြီးငယ်ပြည့်စုံရ။ ဆင်းလှရောင်ဝါ၊

ဘုန်းတေဇာ၊ ကြီးစွာပတန်ခိုး၊ ရန်ဘယာ၊ ဘေးကာဆီးတယ်၊ မီး၏အကျိုး။


မေတ္တာရပ်ခံချက်နှင့် အထူးတောင်းပန်ချက်   ။  (ပြည်တွင်းပြည်ပ  အလှူရှင်များ  အားလုံးရှင့် ) ကျမတို့  အလှူအတွက်  ကောက်ခံရရှိသော  ငွေများစာရင်း၊ အလှူအတွက်  အထွေထွေကုန်ကျငွေ  အသုံးစာရင်း များနှင့်  အလှူမှတ်တမ်းများကို များမကြာမှီအချိန်အတွင်းမှာ  ဖော်ပြပေးသွားပါမယ်။ ဒီနေ့တစ်ခါတည်း  ဓါတ်ပုံနှင့်တစ်ကွမဖော်ပြနိုင်တာကိုလည်း  တောင်းပန်ပါတယ်။  မြန်မာပြည်သို့  ရေစက်ချအလှူအတွက်  ပြန်လည်ရောက်ရှိနေတဲ့ ဦးဇင်းအရှင်ဝိမလ၀ံသထံမှ  ( ပေးပို့လာတဲ့အခါ  ရရှိတဲ့အခါ )ကျမတို့  တင်ပြပေးပါမယ်...။ ယခု ဦးဇင်းရောက်နေတဲ့  နေရာမှာ အင်တာနက်အသုံးပြုရတာ  အဆင်မပြေခြင်း၊ ဖုန်းခေါ်ဆို  ဆက်သွယ်ရာတွင် အခက်အခဲရှိနေခြင်းကြောင့် အခုချိန်မှာ တခါထဲ မတင်ပြပေးနိုင်တာကို အလှူများအနေနဲ့  ကျမတို့  အပေါ်နားလည်ခွင့်  လွတ်ပေးပါရန် မေတ္တာရပ်ခံပါတယ် ။



စေတနာရှင် အလှူရှင်များ နှင့်  ညီအကို မောင်နှမတွေအားလုံး ဘ၀အမောတွေပြေပြီး  ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာချမ်းသာကြပါစေလို့  ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။..

မှတ်ချက်။ ပိုစ့်တစ်ပုဒ်လုံးကို  အစအဆုံးရေးပေးသော  မောင်ငယ်ရာဇာထွေကို  ကျေးဇူးတင်ရှိပါကြောင်း


စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး


7 comments:

Snow May said...

အလှူအတွက် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်သွားပါတယ် မကြီးလွမ်းရေ. ပျော်ရွှင်ပါစေ.

ကိုရင် said...

တူသောအကျိုးကို ရရှိခံစားနိုင်ကြပါစေဗျာ..

လွင်ပြင်လှိုင်းငယ် said...

သာဓု သာဓု သာဓု

နွေလ said...

ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ် အစ်မရေ

စံပယ်ချို said...

ပီတိတွေ အများကြီးပေါ့နော်
နောင်လဲဒီထက်လှူနိုင်ကြပါစေ

ဖြိုးဇာနည် said...

သာဓုတွေအထပ်ထပ်ခေါ်မိပါတယ်
မုဒိသာပွားမိခြင်းပါ။

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ကျွန်တော်လည်းသာဓုခေါ်သွားပါတယ်နော်
သာဓု...သာဓု...သာဓု