အလွမ်းမြို့တစ်ယောက် ပျောက်နေတာကြာပေါ့။ ရှုပ်တော့ ရှုပ်နေပါတယ်။ ဘာတွေရှုပ်နေမှန်း မသိတာ။ စာရေးဘို့ကလည်း ပျင်းနေတာထက် သူများတွေလို စာမရေးတတ်တော့ ရေးစရာလည်း မရှိ ဖြစ်နေပြန်ရော။ ဒီတော့ အပြင်သွားတုန်း လက်ထဲပါတဲ့ ဖုန်းစုတ်စုတ်လေးနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို လာလည်သူများအတွက် တင်ပေးလိုက်ပါတယ်။ တော်တော်စုတ်တဲ့ ဖုန်းနဲ့ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို အားပေးသွားပါဦးရှင်။
ဒါလေးကတော့ ကမ်းခြေတစ်ခုမှ ညနေဆည်းဆာနေဝင်ချိန်ပေါ့။ နေလုံးကြီးက ပြူးပြူးအယ်အယ်ကြီး ဝင်နေသလို ဘေးနားမှာလည်း လမင်းကလည် နေလုံးနဲ့အပြိုင် ထွက်လာပါတယ်။ ကျမ ရိုက်တဲ့နေရာနဲ့ အတော်ဝေးသလို ဖုန်းကလည်း အညံ့စားလေးမလို့ ကင်မရာလေး မကောင်းပါဘူး။ ဒါပေမဲ့ အားပေးသွားပေါ့။
( မှတ်ချက် ) - လမင်းဆိုတာ ညဘက်မှာ အလင်းရောင်ပေးပြီး အေးချမ်းတဲ့ လမင်ကိုပြောတာနော်။ (ချစ်စံအိမ် ဘလော့ပိုင်ရှင် သီလရှင် အကြားအမြင်ရ ဗေဒင်ဆရာမ လမင်း) မဟုတ်ပါကြောင်း ထပ်လောင်း သတိပေးအပ်ပါတယ်။ အဟီး
( မှတ်ချက် ) - လမင်းဆိုတာ ညဘက်မှာ အလင်းရောင်ပေးပြီး အေးချမ်းတဲ့ လမင်ကိုပြောတာနော်။ (ချစ်စံအိမ် ဘလော့ပိုင်ရှင် သီလရှင် အကြားအမြင်ရ ဗေဒင်ဆရာမ လမင်း) မဟုတ်ပါကြောင်း ထပ်လောင်း သတိပေးအပ်ပါတယ်။ အဟီး
နေအဝင်နဲ့ လအထွက်လေးပေါ့။
ဝေးဝေးက ရိုက်ထားတာ။
ဒါလေးကတော့ ဈေးထဲသွားရင်း တွေ့ထားတာလေးကို ရိုက်ထားတာပါ။
ခလေးမလေးတွေက ချစ်ချာလေးတွေ။
မောင်ငယ်လေးတွေ အတွက် အပင်ပန်းခံရိုက်လာတာ။(အဟီး)
မောင်ငယ်လေးတွေက ခလေးမလေးကိုကြည့် ညီမလေးတွေက (ရွှေရောင်ကိုကိုကြီး ကိုကြည့်ပေါ့နော်)
ဒီအောက်က ပုံလေးတွေကတော့ ခံတပ်ဟောင်းတစ်ခုပေါ် တက်ကြည့်ပြီး အမြင့်ကနေမှ အောက်ကို ရိုက်ထားတဲ့ပုံတွေပါ။ ခံတပ်ဟောင်း ကိုတက်တုန်းက ကြောင်အိမ်လှေခါးနဲ့တက်ရပြီး အမြင့်ကြီးလို့ မထင်ခဲ့တဲ့ မိလွမ်းတစ်ယောက် ကံကောင်းလို့သာပေါ့ ခံတပ်ဟောင်းပေါ် အိပ်ကျန်ခဲ့ရခါနီး။ တက်စတုန်းကတော့ အဟယ်... ဟုတ်နေတာဘဲ လေသံက မာမာဘဲ။ လမ်းတစ်ဝက်ရောက်တော့ ငိုသံပါလာခါနီး။ အပြန်ဆင်းမှာတော့ သိရတော့တာဘဲ။ အဖော်တွေက ဘေးကိုသေချာထိန်းပေးကြ လက်ကိုင်သံတန်းကိုလည်း မြဲမြဲကျစ်ကျစ်ပါအောင် ကိုင်ထားပြီး လိပ်လိုဘဲ ဆင်းလာတာ။ လေးဘက်ကုန်းဆင်းလို့ မရလို့။ မဟုတ်ရင်တော့ ဒီလိုဆင်းလာဦးမှာ။ မသောက်ဘဲ မူးတယ်ဆိုတာ ဒါဘဲ။
ဒီအောက်ဆုံးကတော့ မနေ့ကမှ အပြင်သွားတုန်း ဈေးလမ်းထဲ ကျောင်းသူလေးတွေ ဘင်ခရာတီးနေတာ မြင်လို့ ချစ်စရာခလေးမလေးတွေနဲ့အတူ သံစုံမြူးဇစ်လေးတွေကို ကြိုက်လို့ အမြန်ရိုက်ထားလိုက်တာပါ။ ခလေးမလေးတွေများ ညီညာပြီး ချစ်ချာလေးတွေ။ ကြည့်ရှူ့အားပေး ကြပါဦးနော်။
လာလည်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။
စာဖတ်သူများကို လေးစားချစ်ခင်လျှက်
အလွမ်းမြို့
13 comments:
အောင်မြတ်လေးးးး
ဖုန်းကအတော်ညံ့နေလို့ဘဲတော်..
လှလိုက်တဲ့မြင်ကွင်းလေးတွေ..
ပုံလေးတွေယူသွားတယ်နော်း)
ဗေဒင်ဆရာမဆီတော့သွားပြီးပါဘီ
သများကိုအော်လွှတ်လိုက်တယ် :D
မမတို့အလုပ်များနေတာကို ဒါကြောင့် :P
အမံစီး...အမီးစံရေ...ကြိုက်ရင်တော့ ယူသွားပါကွယ်။(ဓါတ်ပုံ)
သီလရှင်က အအော်ကျင့်နေတာဖြစ်မယ်။
တရားမှတ်တာနဲ့ မှားပြီး။
ညလေးကိုအော်တယ်ပေါ့ တူက.. ဖြစ်မှာပါလေ။သူ့ဗေဒင်ရုံးက (အမျိုးသားများသီးသန့်)လို့ရေးထားတာ
ညလေး မဖတ်မိလို့နေမှာပေါ့။ နောက်ဆို တွားမေးတော့နဲ့နော်..
ဖုန်းစုတ်လေးမို့ပါပဲလေ
ပြောတော့ပါဘူး ပြောပြန်ရင် မိဂျက်တို့လွန်ရာကျမပေါ့ကွယ်
ပုံတွေအားလုံးရှယ်ပါပဲနော်
မကြီးလွမ်းရေ .... နေ၀င်နေတဲ့ နောက်ဆုံးပုံလေးကို သဘောကျမိတယ်။ နောက်ပြီး ခေါင်မိုးစိမ်းစိမ်းတွေရယ် တိမ်တွေက သုံးအချိုးတစ်လောက်ဖြစ်နေတဲ့ပုံကိုလဲကြိုက်တယ်။ တိမ်တွေက ပြာစင်နေတာပဲ။း)
အဟဲ မယီးလွမ်းရေ
မိုးသူတို့ မရောက်ဖူးတဲ့ နေရာတွေဓါတ်ပုံလေးတွေရိုက်ပြလို့ 
ကျေးဂျူးပါဗျ
ခင်တဲ့
မိုးသူ(တောင်ကြီး)
နောက်တစ်ခေါက် ပို့စ်အတွက် ဓာတ်ပုံရိုက်ဖို့ အလွမ်းမြို့လေးရဲ့ ဖုန်းစုတ်လေး ငှားချင်တယ်း)
ရိုက်ချက်တွေကောင်းပါ့ကွယ်။ (စကားမစပ် တီတင့်အလွမ်းမြို့ကို အမြဲကြိုဆိုပြီး ဖိတ်ပါတယ် အထင်တွေလွဲနေပြီထင်တယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါနော်။
မေတ္တာဖြင့်
အန်တီတင့်
အပေါ်ဆုံးက နေ၀င်တဲ့ပုံလေးတွေ အရမ်းလှတယ် မကြီးလွမ်း...
ဖုန်းအစုတ်နဲ့မို့ပဲ ကင်မရာနဲ့ဆို ဘယ်လောက်လှအောင် ရိုက်ပြမလဲ မသိဘူး >.<
ဟုတ်ပနော်..ဖုန်းများကောင်းရင်တော့လား..မမတစ်ယောက်တော့..လေ:)
သာမီးစံက တိုးတိုးတိတ်တိတ်ဗေဒင်ဆရာမ လမင်းအကြောင်း ဒီမှာအကျယ်တဝင့်ဖော်
ပြထားတာကိုး...:)))
လှလိုက်တာ.. ရိုက်တဲ့သူတော်လို့ဖြစ်မယ်.. :D
မကြီးလွမ်းရေ.. နေ၀င်ဆည်းဆာတွေက မကြီးလွမ်းလိုပဲ.. လွမ်းစရာကောင်းလိုက်တာ.. :)
ကမ်းခြေပုံလေးတွေ လှလိုက်တာ မမလွမ်းရေ..
လွမ်းချင်စရာ သိပ်ကောင်းတယ် ။
ခင်တဲ့
မြတ်
မကြီးလွမ်းရေ...
ရိုးရာမပျက်ရလေအောင် နောက်ဆုံးမှလာမန့်သွားပါတယ် :P
အဲဒီဖုန်းအစုတ်လေးပေးပါလား... အမရေ သီလရှင်က တကယ်
အကြားအမြင်ချို့တဲ့နေပြီလား.. အဲမှားလို့ အကြားအမြင်ရနေပြီလားးP
ပုံလေးတွေက တော်တော်ကောင်းတယ်နော်အမ.. ကျွန်တော် ကင်မရာ
နဲ့ရိုက်ရင်တောင် အဲလိုပုံကောင်းကောင်း မထွက်ဘူး... အမဖုန်းစုတ်လေး
ကတော်တော်အလုပ်ဖြစ်တယ်နော်..
ခင်မင်စွာဖြင့်
ရာဇာထွေး
Post a Comment