Sunday 1 July 2012

ဦးဇင်းနေမိန္ဒ တွေးမိတဲ့ (သုည) ရဲ့ဘဝ




သုည ဆိုတဲ့ စာလုံးလေး ဟာ အတော်လေး တန်းဘိုးရှိပါတယ် တန်းဘိုးရှိတယ်ဆိုတာကို လူတိုင်းက လက်ခံပါတယ် ၊ အသိပညာ အသိဥာဏ်ရှိတဲ့ လူတိုင်းကပေါ့၊

သို့သော် အသုးံချမှု  မတတ်ရင် အဲဒိသုညလေးဟာ အင်မတန်မှ တန်ဘိုးနည်းသွားတတ်ပါတယ်၊ မရှိခြင်း ကိန်းဂဏန်းကိုပြထားတဲ့ အတ္တ လူသားတွေ အတွက် ပေါ့။

တနည်းအားဖြစ် ထို့ထက် ပိုပြီးပေါ်လွင်အောင်ရှင်းပြရရင် အကြောင်းအကျိုးကို မကြည့်ဘဲ ကိုယ်ထင်ရာကိုယ်မြင်ရာ ကိုယ့်အယူအဆနဲ့ကိုယ် ကိုယ်ကြိုက်သလိုလုပ်မယ်ဆိုတဲ့ လူသားတွေ အတွက်ပေါ့။အတ္တလူသားတွေ အများစုဟာ ဘာကြောင့် သုညလေးဟာ တန်းဘိုးမဲ့သွားတာလည်း ဆိုရင် ရှင်းပါတယ် ၊ သုညရှေ့မယ် (၁)-တစ်ဆိုတဲ့ ကိန်းဂဏန်းလေး  ရောက်လာရင် တန်းပြီးတော့ ဆိုလိုတာက ရောက်လာပြီဆိုတာနဲ့ ချက်ချင်းဆိုသလို သုညဆိုတဲ့ ဂဏန်းလေးနဲ့ (၁)-တစ်ဆိုတဲ့ ကိန်းဂဏန်းလေးကို ချက်ချင်းလက်ငင်းဆိုသလို  ပေါင်းစပ်ပြီးတော့ (၁၀)-တစ်ဆယ်ကွဆိုပြီး လက်မထောင်လိုက်လို့ပေါ့။



အတ္ထ လူသားတွေအတွက်တော့  သုည ဆိုတဲ့ ဂဏန်းလေးဟာ အင်မတန်ကို  တန်းဘိုးရှိလှပါတယ် ဘာဖြစ်လို့လဲဆိုတော့ အတ္တလူသားတွေဟာ အကြောင်းရယ်အကျိုးရယ် ဒီနှစ်ခုကို  ကြည့်ပြီးတော့  လုပ်တာဖြစ်တဲ့ အတွက်ကြောင့်ပါ ၊ အတ္ထလူသားတွေဟာ သူတို့ဆီကို (၁)-တစ်ဂဏန်း  ရောက်လာရင်လည်း သုည ဆိုတဲ့ ဂဏန်းလေးနဲ့  ပေါင်းစပ်ပြီးတော့  (၁၀)-တစ်ဆယ်ကွလို့ မပြောတတ်ဘူး တနည်းအားဖြစ်  မရှိခြင်းဆိုတဲ့   ကိန်းဂဏန်းများဖြစ်တဲ့ (၂)-နှစ်တို့  (၃)-သုံးတို့   အစရှိသည်ကို ဆွဲမယူဘူး ထို့ထက်ပေါ်လွင်ချင်ရင်တော့ အကြောင်းအကျိုးကိုကြည့်ပြီးတော့ လုပ်တာဖြစ်တဲ့ အတွက်ကြောင့် အတ္တတွေ မာန်မာနတွေ မတက်ဘူး ။(၁)-တစ်ဆိုတဲ့ ဂဏန်းလေး ရောက်လာရင် သုညလေးကိုဖျက်ပြီးတော့ (၁)-တစ်ဟာ တစ်ပါဘဲလို့ ပြောတတ်တယ် ။ဒါကြောင့်မို့ မရှိခြင်းဖြစ်တဲ့ ကိန်းဂဏန်းလေးဟာ တန်းဘိုးရှိသွားတာပေါ့။


ဒါကြောင့်မို့ လောကလူသားတိုင်း မရှိတာတွေကို အရှိလုပ်ပြီးတော့ မဟုတ်တာတွေကို အဟုတ်လုပ်ပြီးတော့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားမယ် အတ္တတွေဖြုတ်ပြီးတော့  နှလုံးလှလှလေး နဲ့ ရှင်သန်ကြပါ။          အရေးမကြီးတာတွေကို အရေးတကြီး မလုပ်ဘဲနဲ့  အရေးကြီးတာတွေကို အရေးတကြီးလုပ်ပြီးတော့ “ ကိုယ့်ရဲ့မိတ်ဆွေ ကိုယ့်ရဲ့အပေါင်းအသင်းများကို တန်းဘိုးထားပြီး  ကိုယ်ဖြစ်ချင်တာ ကိုယ်ထင်ရာ ကိုယ်မြင်ရာတွေကို ရှေ့တန်းထားပြီးတော့  မလုပ်ဘဲနဲ့ အကြောင်းအကျိုး ထိုနှစ်ခုကို ရှေ့တန်း ထားပြီး  လောကတာဝန် သာသနာ့တာဝန် တပည့်တာဝန်  ဒကာတာဝန် ဘုန်းကြီးတာဝန် ကျေပွန်အောင် ထမ်းဆောင်နိုင်ကြပြီး  လောကကို အလှဆင်နေသော လက်များ လှသထက် လှနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ် ။


ရည်ရွယ်ထားမှု မရှိပါ။ အတွေးတခု ရှင်သန်လာတာနဲ့ စာစု တခုအဖြစ် တင်ဆက်လိုက်တာဘဲဖြစ်ပါတယ် အသင့်အတွက်  ဒီစာစုလေးက တန်းဘိုးနည်းသွားမယ် ဆိုရင် တောင်းပန်ပါတယ် ။

စက်တင်ဘာဦးနေမိန္ဒ  
( အားလုံးကို  ဆုပ်ကိုင်ထားမယ်သုည ဆိုတဲ့ ကိန်းဂဏန်းလေးတွေကို)


မှတ်ချက်။ ဒီပိုစ့်လေးဟာ  ကျမ  မေလ်းထဲကို  ဦးဇင်းတစ်ပါးမှ ပေးပို့လားခြင်းဖြစ်တယ်။ ဦးဇင်း၏အတွေးများ  စုစည်းရေးသား တင်ပြထားသည်ကို  စာဖတ်သူ  မောင်နှမများအား  မျှဝေစေလိုသော  ဆန္ဒကြောင့်  ပို့ပေးပြီး  စာဖတ်သူ မောင်နှမများအား  အသိညဏ်အတိုအစလေးများ  ရစေလိုသော  ရည်ရွယ်ချက်ဖြင့်  ကျမ  အလွမ်းမြို့လေးမှ  ပြန်လည်  မျှဝေပေးခြင်းသာဖြစ်ပါတယ်။   စာဖတ်သူများ  ကိုယ်စိတ်နှစ်ဖြာ  ရွှင်လန်းချမ်းမြေ့ပါစေ။


စာဖတ်သူများကို  အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး

8 comments:

စံပယ်ချို said...

အလွမ်းရဲ့မျှဝေပေးမှုကြောင့်အများကြီးသိခဲ့ရပါပြီ

ရာဇာထွေး said...

ပို့စ်လေးဖတ်သွားပါမကြီးရေ..
သုည ကပေးတဲ့ အသိတရားလေးတခုပေါ့..
အခုလိုမျှဝေပေးလို့ ကျေးဇူးတင်ပါတယ်အမရေ..
ကွန်မန့်ရေးရင်းသတိရမိတယ်..ငယ်ငယ်ကကိန်းဂ ဏန်းတွေထဲမှာသုညကိုမကြိုက်ဘူးရယ်..အခုတော့ အကြိုက်ဆုံးဂဏန်းတစ်ခုကိုပြောပါဆိုရင်သုညပဲ..ဘာလို့လည်းဆိုတော့သူ့ရဲ့တန်ဖိုး(ဘ၀)ကိုနှစ်သက်မိလို့ပဲ..သူတစ်လုံးထဲဆိုရင်တန်ဖိုးမရှိပေမယ့်ကျန်တဲ့ကိန်းဂဏန်းတွေတန်ဖိုးတက်လာဖို့နောက်ကနေသူ(သုည) ရှိနေမှရမှာပါ..ကျန်တဲ့ကဂဏန်းတွေတန်ဖိုးတက်လာ ဖို့တန်ဖိုးမရှိတဲ့သုည(အဖြည့်ခံဘ၀)လေးကိုနှစ်သက်မိတာပါ..အဟီး... ပို့စ်နဲ့တော့မဆိုင်ဘူးနော် :D

ခင်မင်စွာဖြင့်
ရာဇာထွေး

အလွမ်းမြို့ said...

စံပယ်ရေ အသိလေးတစ်ခု ရခဲ့တယ်ဆိုဘဲ
ဝမ်းသာမိတယ်.အလွမ်းလည်း ဦးဇင်းဆုံးမတဲ့
စကားတွေနဲ့ အသိတွေထပ်လောင်ခဲ့ရတယ်။


ခင်မင်တဲ့
အလွမ်း

အလွမ်းမြို့ said...

ရာဇာ.
မောင်ငယ်ရေ ဘဝဆိုတာ သုညကဘဲ စခဲ့ကြတာဘဲ။
လက်ရှိ သုည ကပေးတဲ့အသိလေးတွေနဲ့ ဘဝကို
နေတတ် ကျေနပ်အောင် နေသွားဖို့အရေးကြီးတယ်
နော်။ အဟဲ။။ ((ဆရာလေး မလာခင် ဆရာမကြီး
လေသံဖြင့်))))



မကြီးလွမ်း

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

နာယူမှတ်သားသွားပါတယ်ခင်ဗျ

mstint said...

မျှဝေပေးတဲ့ စာစုလေးအတွက် ကျေးဇူးပါ အလွမ်းရေ။
မှတ်သားစရာလေးတွေမို့ ဖတ်ပြီး မှတ်သွားပါတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

အဟမ်း အဟမ်း သုညလေးအကြောင်းဖတ်ပြီး တစ်ခုခု
တွေးမိတယ် :)

Angelhlaing(May everybody be happy and healthy! said...

မျှဝေပေးလို့ ကျေးဇူးပါမမရေ... တစ်စု့တစ်ယောက်က ညီမလေးကို အတ္တကြိးတဲ့သူလို့ ပြောခဲ့ဖူးတာလေးတောင် အမှတ်ရမိတယ်...:):)