Wednesday 4 July 2012

အောင်မြင်ကြီးပွားလိုသလား



တချို့   တချို့ 
---   ------   -----   -------   ---------   ----
တချို့တချို့သော သူတွေက မေးနေကြတယ် ၊ အရှင်ဘုရားတဲ့ တပည့်တော် အောင်မြင်ကြီးပွားချင်တဲ့ သူတစ်ယောက်ဖြစ်ချင်ပါတယ်  ဘုရားတဲ့။

ဦးဇင်းကိုလာပြီးတော့မေးတဲ့  လူတစ်ယောက်ဘဲ။ အောင်မြင်ချင်တာလားဆိုတော့ မဟုတ်သေးပါဘူး လူတိုင်းလူတိုင်း အောင်မြင်ကြီးပွားချင်ကြတာ အမှန်ပါဘဲ။ အောင်မြင်ကြီးပွားချင်တဲ့ သူတွေတည်းမယ် ဦးဇင်းလည်း အပါအ၀င်ဆိုရင် မှားလိမ့်မယ် မထင်ပါဘူး။ အောင်မြင်ကြီးပွားချင်တဲ့ သူတိုင်း မဖြစ်မနေ လက်ကိုင်ထားရမှာကတော့ “စိတ် “ပါ ဘဲ ဦးဇင်းတို့ အားလုံးကိုးကွယ်အားထားရာဖြစ်တဲ့ မြတ်စွာဘုရား ရှင်ကိုယ်တော်မြတ်ကြီး ဟောပြောမိန့်ကြားခဲ့တာကလည်း  ရှင်းရှင်းလေးပါဘဲ။  စိတ္တေန နီယတေ လောကော  အရာရာကို စိတ်ကသာလျင် ဦးဆောင်ပါတယ်တဲ့။

ဟုတ်ပါတယ် အားလုံးအားလုံး အောင်မြင်ကြီးပွားဘို့အတွက် နံပါတ်တစ် အလိုအပ်ဆုံးကတော့ စိတ်ဓာတ်ပါဘဲ စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေ  စိတ်ဓာတ်နိမ့်ကြတဲ့  သူတွေဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး ၊အရာရာကို အောင်မြင်ကြီးပွားချင်တယ်ဆိုရင်တော့ စိတ်ကောင်းရှိဘို့နဲ့ စိတ်ဓာတ်ထက်သန်ဘို့ စိတ်ဓာတ်မြင့်မြတ်ဘို့ အရမ်းအရေးကြီးပါတယ်၊ စိတ်ဓာတ်လည်း မှန်သွားပြီး စိတ်လည်း ထက်မြက်သွားပြီး ဆိုရင်တော့ အောင်မြင်ကြီးပွား လိုချင်သူတွေအတွက် လက်ကိုင်ကျင့်သုးံထားရမဲ့   မြတ်စွာဘုရား ဟောကြားခဲ့တဲ့  တရားကလည်း အရမ်းရိုးရှင်းပါတယ် ၊

“ ဥဋ္ဌာန သမ္ပဒါ ၊ ထကြွလုံ့လ ၀ီရိယ ရှိရမယ် ။ အာရက္ခ သမ္ပဒါ ၊ စောင့်ရှောက်ထိန်းသိမ်းတတ်ရမယ်။ ကလျာဏမိတ္တ သမ္ပဒါ ၊ မိတ်ကောင်းဆွေကောင်းရှိရမယ် ။ သမဇိဝိတ သမ္ပဒါ၊ မျှမျှတတ သုးံစွဲတတ်ရမယ်။ 
ကဲ အားလုံးသော အောင်မြင်ကြီးပွားလိုတဲ့ မိတ်ဆွေတို့ရေ ၊ လွယ်မရောင်နဲ့ ခက် ၊ တိမ်မရောင်နဲ့ နက်၊ ဆိုသလိုဘဲ လွယ်လွယ်လေးပါလို့တော့ မပြောလိုပါဘူး တကယ်လို့ အသင်ဟာ အောင်မြင်ကြီးပွား ချင်တယ်ဆိုရင်တော့ဖြင့် မဖြစ်မနေ အပေါ်က ရှင်တော်မြတ်ဘုရား ဟောကြားခဲ့တဲ့ တရားတွေကို လက်တွေ့ကျင့်သုံး ကျင့်ကြံကြည့်ပါလို့ တိုက်တွန်းပါတယ်။ အကျိုးတော့ လုံးဝမယုတ်ပါဘူး လက်ရှိ အောင်မြင်ကြီးပွားနေတဲ့ သူတိုင်းဟာလည်း ဒီတရားလေးပါက လွတ်ပြီးတော့ အောင်မြင်ကြီးပွားနေတဲ့သူ မရှိပါဘူး ၊ကဲ အားလုံး အားလုံး အောင်မြင်ကြီးပွားပြီး  ဘ၀မှာ သာယာဖြောင့်ဖြူး  နိုင်ကြပါစေ။


စက်တင်ဘာဦးနေမိန္ဒ 
( အမှန်တရားကိုဘယ်သူ အနိုင်ရဖူးလဲ) ၁ ၊ ၆ ၊ ၂၀၁၂



မှတ်ချက် - ဒီပိုစ့်လေးဟာ  ဦးဇင်းနေမိန္ဒမှ  အောင်မြင်ကြီးပွားချမ်းသာလိုသော  ဒကာ / ဒကာမ များအတွက်  ရည်ရွယ်ပြီး  ရေးသားပေးပို့လာသောကြောင့်  ကျမ  အလွမ်းမြို့မှ  စာဖတ်သူမောင်နှမများအား  စေတနာ  ရှေထားပြန်လည် မျှဝေလိုက်ပါတယ်။ စာဖတ်သူ  မောင်နှမများအားလုံး  ဘဝအမောတွေပြေနိုင်ကြပြီး  လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ။


စာဖတ်သူများကို  အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး

7 comments:

စံပယ်ချို said...

ဟုတ်ပါ့အလွမ်းရေ
အောင်မြင်ကြီးပွါးဖို့ အဓိက စိတ်ဆိုတာ
တန်ဖိုးရှိတဲ့ပိုစ့်လေး
ကျေးကျေးနော်အလွမ်းရေ

Angelhlaing(May everybody be happy and healthy! said...

မမရေ.. ပို့စ်ကောင်းလေး တစ်ပုဒ် ဖတ်ခွင့်ရလို့ ကျေးဇူးပါလို့...

အောင်သက်ခိုင် said...

စိတ္တေန နီယတေ လောကော အရာရာကို စိတ်ကသာလျင် ဦးဆောင်ပါတယ်တဲ့။
တန်ဖိုးရှိတဲ့ပို့စ်လေးဖတ်သွားတယ်အမရေ
ကျေးဇူးအလန်းဗျာ

အောင်သက်ခိုင် said...

စိတ္တေန နီယတေ လောကော အရာရာကို စိတ်ကသာလျင် ဦးဆောင်ပါတယ်တဲ့။
အရမ်းကောင်းတဲ့ပို့စ်လေးအတွက်ကျေးဇူး
အလန်းအမရေ

မိုးသူ(တောင်ကြီး) said...

စိတ်အာဟာရကိုဖြည့်တင်းပေးတဲ့ 

စာကောင်းလေးတပုဒ်ဆိုရင် လွန်အံ့မထင်ပါ

ခင်တဲ့
မိုးသူ(တောင်ကြီး)

ချစ်စံအိမ် said...

ဟုတ်ကဲ့ပါ လိုက်နာကျင့်သုံးနေပါတယ်..
ကျေးဇူးတင်ပါတယ်ရှင်..

ရာဇာထွေး said...

မှတ်သားဖွယ်ရာပို့စ်ကောင်းလေးပါ အမရေ...
ဖတ်မှတ်သွားပါတယ်ခင်ဗျာ....

ခင်မင်စွာဖြင့်
ရာဇာထွေး