Monday 9 July 2012

အသံတွေကြားနေရတယ်


အသံတွေကြားနေရတယ်




အသံတွေ  ကြားနေရတယ်ဆိုတဲ့ ပိုစ့်ခေါင်းစဉ်လေးမြင်တော့  စာဖတ်သူများက  (ဦးကျော်ဟိန်း) အသစ်များလားလို့   စိတ်ထဲထင်ချင်  ထင်မိမှာပါ။ ဒါပေမဲ့  အခု  အလွမ်းမြို့ပိုစ့်က  ((အသံတွေကြားနေရတယ်)) ဆိုတာက  (ဦးကျော်ဟိန်း)  မဟုတ်ပါ။ ကျမနဲ့  ရင်းနှီးတဲ့   ဦးဇင်းတစ်ပါးက  ရေးပို့လာသော  ပိုစ့်လေးဖြစ်ပါတယ်။ ဦးဇင်းနေမိန္ဒရဲ့  အသံတွေကြားနေရတယ်ဆိုတဲ့   ပိုစ့်လေးကို  စာဖတ်သူများအား  မျှဝေပေးလိုက်ပါတယ်။

ဦးဇင်းနေမိန္ဒပြောတဲ့  အသံတွေကြားနေရတယ်ဆိုတာက.....  ဒီလို ....


တစ်ချို့တစ်ချို့သော လူတွေက  ပြောကြတယ် ပြောနေကြတယ်  မြတ်စွာဘုရား၏  ၀ါဒက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ပေါ့။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်က ငါဘုရားသာ ကိုးကွယ်ပါ။ ခရစ်ယာန်တွေ မူဆလင်တွေ ဟိန္ဒူတွေက မကောင်းပါဘူးလို့  တခါမှ  မမိန့်ကြားဖူးခဲ့ဘူးနော်။ မြတ်စွာဘုရားရှင် ကိုယ်၌က ကိုယ်တိုင်က  ငါဘုရားကို ကိုးကွယ်မည်ဆိုလျင် ဧဟိလာလဲ့ ပဿ ကြည့်လဲ့ ရှူ့လဲ့ ဝေဖန်ဦး စဉ်းစားဦး မေးမြန်းဦးလို့  မိန့်ကြားခဲ့တာပါဘဲ။ နောက်ပြီး  ငါဘုရားကို  မကိုးကွယ်လို့ မင်းတို့ကို ငရဲကျစေလို့ တခါမှလည်း မမိန့်ခဲ့ပါဘူး။ ဘုရားရှင် အဆူဆူ မိန့်ကြားခဲ့တဲ့ စကားလေးကိုယ်က ရှင်းရှင်းလေးပါဘဲ။ ချစ်သားချစ်သမီးတို့ မကောင်းတာတွေကိုယ်ပယ် မကောင်းမှုတွေကိုရှောင် ကောင်းမှုတွေကိုဆောင် စိတ်ကိုဖြူစင်အောင်  ထားမည်ဆိုလျင် ချစ်သားချစ်သမီးတို့  လောကရဲ့ အေးငြိမ်းရာ ချမ်းသာရာ အစစ်မှန်တွေ  ရရှိမှာပါဘဲလို့   ဟောဖော်မိန့်ကြားခဲ့တာပါ။

 အဓိက ဦးဇင်းဆိုလိုချင်တာကတော့ လူတိုင်း လူတိုင်း မိမိတို့ စိတ်ဓာတ်နဲ့လုပ်ရပ်က ပိုပြီးတော့ ပဓာနကြပါတယ် ဆိုတဲ့ အကြောင်းကို ပြောချင်တာပါ။


အတွေးကောင်းရင် အကြံကောင်းပါတယ် အကြံကောင်းရင် လုပ်ရပ်ကောင်းပါတယ် လုပ်ရပ်ကောင်းရင် အများသူငှါ ကြည်ဖြူစွာဖြင့်  လက်ခံပါတယ်။ အားလုံး အားလုံး ဘ၀ရဲ့ အေးငြိမ်းရာ ချမ်းသာရာ အစစ်အမှန်တွေ   ရရှိနိုင်ကြပါစေ။


စက်တင်ဘာဦးနေမိန္ဒ( အမှန်တရားကို ဘယ်သူအနိုင်ရဖူးလဲ) 
vennaymeinda2007@gmail.com


စာဖတ်သူမောင်နှမများအား  စေတနာရှေထား  ပြန်လည်မျှဝေ  သိစေလို  ကျင့်သုံးစေလိုသော  စိတ်ကူးကြောင့်  ဦးဇင်းနေမိန္ဒပေးပို့လာသော  မေလ်းကိုပြန်လာဖော်ပြ  မျှဝေလိုက်ခြင်းပါ။ စာဖတ်သူများလည်း  ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာချမ်းသာကြပြီး  ဘဝအမောတွေ  ပြေနိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ပါတယ်။


စာဖတ်သူများကို  အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး

11 comments:

3rdthameetaw said...

အသံတွေကြားနေရတယ် ဆိုလို့ 
အပေါ်ထပ်ကလားအောက်ထပ်ကလား
ဆိုတာလာကြည့်တာ ဟီးးးးးးးးးး

စံပယ်ချို said...

အလွမ်းရေ ဘာသံများလဲလို့အပြေးလာခဲ့တယ်
မှတ်သားစရာရလိုက်လို့အမောပြေရပါတယ်

နွေလ said...

ဘာတွေကြားနေရတာလဲ အစ်မရေ
လာရောက် နာကြားသွားတယ်နော်

လွင်ပြင်လှိုင်းငယ် said...

အသံတွေကြားနေရပါတယ်

ချစ်စံအိမ် said...

မသိပါဘူး လမင်းအကြောင်းတွေများကြားနေတာလားလို့
တော်သေးတယ် မဟုတ်လို့ ..:P

မိုးသူ(တောင်ကြီး) said...

အသံတွေကြားနေရတယ်ဆိုလို့ 

အပျိုကြီး မလမင်း မင်္ဂလာဆောင်တဲ့သတင်းများလားလို့ 

အမောတကော ပြေးလာလိုက်တာ ဟိဟိ

ခင်တဲ့
မိုးသူ(တောင်ကြီး)

မိုးညချမ်း said...

“လူတိုင်း လူတိုင်း မိမိတို့စိတ်ဓါတ်နဲ့ လုပ်ရပ်က ပိုပြီးတော့ ပဓါနကြပါတယ်” ... မှတ်သားလိုက်နာဖွယ်ရာပါ မမရေ ... :)

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

အသံတွေနားထောင်သွားပါတယ်ခင်ဗျ..
ဘာသံတွေလဲတော့သိဘူး...ဟီး

အွန်လိုင်းကျေးရွာ said...

မှတ်သားထိုက်ပါတယ်

ရာဇာထွေး said...

မှတ်သားဖွယ်ရာပို့စ်ကောင်းလေးပါမကြီးရေ..
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊
ဖြူအောင် စိတ်ကိုထား” တဲ့အရမ်းမှန်တယ် အမရေ။ ကြားခဲ့တဲ့အသံလေးနားထောင်သွား
ပါတယ်ခင်ဗျာ...။

“ဓမ္မစကား
နေ့တိုင်းကြားက
စိတ်ထားဖွေးလက်
သိဥာဏ်ထက်၏”

တဲ့အမရေ။ တနည်းအားဖြင့်ဓမ္မအသံတွေပေါ့။

ခင်မင်စွာဖြင့်
ရာဇာထွေး

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်ကောင်းတဲ့ အသံပဲ မမ..
မျှဝေပေးလို့ ကျေးဇူးပါမမရေ...