Wednesday 11 July 2012

သားမိုက်နောင်တ


အမေ။။
အမေ့လက်အစုံနဲ့ ချီပွေ့
အမေ့ တေးသံသာသာနဲ့ ချော့သိမ့်
အမေ့ ဂရုဏာအကြင်နာ အနမ်းနဲ့
ကျနော် အိပ်ခဲ့ဖူးရတယ်။

အမေ။
အမေ့ရဲ့အင်အားတွေနဲ့
ကျနော့်  အနာဂါတ်လမ်းမှာ
အစွမ်းကုန်   အလင်းပြပေးခဲ့တယ်။
အမေ့ ပဲ့ပြင်မှု့  အမေ့ထိန်းကျောင်းမှု့
အမေ့ ဆိုဆုံးမမှုတွေနဲ့ ကျနော်
ကြီးပြင်းခဲ့ရတယ်။


ဒီလိုနဲ့
လောကကြီးထဲ ကျနော်ကျင်လည်
ဘဝရဲ့ သာယာမှု့
 လောဘရဲ့အလိုလိုက်မှုတွေကြား
ကျနော် အမေ့ စကား
အမေ့ ရုပ်သွင် အိုဇာပင်ကို
ကျနော်  မေ့ပျောက်တတ်ခဲ့တယ်။

အမေ... လောဘသမားတွေ ကမ်းတဲ့လက်
အတ္တသမားတွေ ခင်းတဲ့လမ်းထဲ
ကျနော်  နင်းပျော်ခဲ့ပြီ။

 အမေ့စကားသံ  ကျနော်နားအား 
 ခါခါလာရောက် ရိုက်ခတ်သော်လည်း
ကျနော်  နားထဲခါးသီးစွာပင် 
လက်မခံဘဲ  ငြင်းထုတ်မိပြီ။


 ဒီနေ့မှာတော့
အပြန်နောက်ကျ သားမိုက်ဘဝ
စိတ်မိုက်ခြေရာ  လျှောက်ခဲ့ရာကို ခွင့်လွှတ်ပါလို့
တောင်းပန်ပေမဲ့ အမေ့နားထဲ
မကြားနိုင်ပြီမို့
သားမိုက်နောင်တ  ရမိပါပြီ ။


သူငယ်ချင်းတစ်ယောက်အတွက်  ရေးပေးခြင်းဖြစ်သည်။



စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး  လိုရာဆန္ဒပြည့်ဝကြပါစေ



စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့

10 comments:

ချစ်စံအိမ် said...

တို့ မတို့ ကဒါလည်းရတာပဲကို..

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

အမလွမ်း
ကဗျာလေးလာဖတ်သွားပါတယ်ခင်ဗျ...

စံပယ်ချို said...

အလွမ်းမြို့လေးရေ----- မြို့မမပေါ့ဘူးနော်
သူလဲ အဌားရေးတယ်ပေါ့လေ တော်လိုက်တာသူငယ်ချင်းရေ
ကဗျာလေးတွေဖကိလက်ရေးနိုင်ပါစေ

ဖြိုးဇာနည် said...

သူငယ်ချင်းတစ်ယောက်အတွက်လို့ခေါင်းစဉ်တပ်ထားပေမဲ့ အားလုံးနဲ့သက်ဆိုင်တဲ့ကဗျာလေးပါ

လွင်ပြင်လှိုင်းငယ် said...

သူလဲရင်ဘတ်ငှားနေပြီ ကဗျာလေးကောင်းတယ်

မိုးသူ(တောင်ကြီး) said...

မကြီးလွမ်းရေ

အခုလို မေမေ ကဗျာတွေဖတ်၇ရင်

ပျော်သလိုလို ကြည်နူးသလိုလို ၀မ်းနည်းသလိုလို

စိတ်ထဲမှာ အမျိုး အမည်မသိတဲ့ ခံစားချက်မျိုး

ခံစားရတယ်...အင်းပေါ့နော် ကျွန်တော့်မှာ ဖေဖေမှ

မရှိတော့ပဲ လောကကြီးမှာမေမေ တဦးထဲပဲ

ရှိတော့တယ် အခုကွန်မန့် လေး ရေးတာတောင်

မျက်ရည်တွေဝဲနေတယ်ဗျာ .....

ကဗျာလေးကကောင်းလွန်းလို့ 

နှလုံးအိမ် တည့်တည့်ကိုထိမှန်သွားပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

3rdthameetaw said...

လာဖတ်သွားတယ် အလွမ်းရေ...

Angelhlaing(May everybody be happy and healthy! said...

ချစ်စွာသော အမေ့ကိုတောင် သတိရသွားတယ် မမရေ... :(
ကဗျာလေး ကထိတယ်.....တည့်တည့်ပဲ...

လူရွှင်တော်လေး said...

အရမ်းကောင်းတယ်ဗျာ ၇င်ထဲကိုေ၇ာက်အောင် စူးတယ်ဗျာ

လေပြေချို said...

ဒီကဗျာလေး အရမ်းကြိုက်တယ်သိလား :)
ခင်တဲ့
လေပြေချို