Friday 13 July 2012

သူငယ်ချင်းသို့



သူငယ်ချင်း  ဒို့တွေတူညီတဲ့ဆန္ဒနဲ့
ပန်းတိုင်ကို  ညီညာစွာဖြင့်
လျှောက်ခဲ့ကြတယ်။

အမောတွေကိုယ်စီထမ်း
ပင်ပန်းမှုတွေ လွယ်ထားရပေမဲ့
ဒို့တွေနှလုံးသားကိုယ်စီမှာ အေးချမ်းမှုတွေ 
အပြုံးပန်းဆင်နေတယ်။

လှမ်းမြင်နေရတဲ့ ပန်းတိုင်လမ်း
ဒို့တွေ ရဲရဲချီတက်မယ်။
လှဲကျရင် ကူထူ 
ဖေးမကာကူပြီး
ငါတို့တွေ အနိုင်ယူမယ်။



ရေးထားတာကြာပြီဖြစ်တဲ့  စာတိုလေးကို  ဒီနေ့မှဖြင့်တင်ဖြစ်ခဲ့တယ်။ ကညင်ကုန်းမီးစက်အလှူ  မလုပ်ခင်က  ရေးထားခြင်းဖြစ်ပါတယ်။



စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းပြီး ဘဝအမောတွေပြေနိုင်ကြပါစေ


စာဖတ်သူများကိုအစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့


13 comments:

အောင်သက်ခိုင် said...

လှမ်းမြင်နေရတဲ့ ပန်းတိုင်လမ်း
ဒို့တွေ ရဲရဲချီတက်မယ်။
လှဲကျရင် ကူထူ
ဖေးမကာကူပြီး
ငါတို့တွေ အနိုင်ယူမယ်။
အရမ်းအားရှိသွားတယ်ဗျာ

အောင်သက်ခိုင် said...

လှမ်းမြင်နေရတဲ့ ပန်းတိုင်လမ်း
ဒို့တွေ ရဲရဲချီတက်မယ်။
လှဲကျရင် ကူထူ
ဖေးမကာကူပြီး
ငါတို့တွေ အနိုင်ယူမယ်။
အရမ်းကောင်းတယ်ဗျာ

မိုးညချမ်း said...

“လှမ်းမြင်နေရတဲ့ ပန်းတိုင်လမ်း
ဒို့တွေ ရဲရဲချီတက်မယ်။
လှဲကျရင် ကူထူ
ဖေးမကာကူပြီး
ငါတို့တွေ အနိုင်ယူမယ်။” ... အားအင်တွေစီးဆင်းသွားသလိုပဲ မမရေ ... :)

မိုးညချမ်း said...

“လှမ်းမြင်နေရတဲ့ ပန်းတိုင်လမ်း
ဒို့တွေ ရဲရဲချီတက်မယ်။
လှဲကျရင် ကူထူ
ဖေးမကာကူပြီး
ငါတို့တွေ အနိုင်ယူမယ်။” ... အားအင်တွေစီးဆင်းသွားသလိုပဲ မမရေ ... :)

နွေလ said...

ကျွန်တော်တို့အတူတူ
ခရီးဆက်ကြတာပေါ့ အစ်မရေ . . .
ဘလော့ရွာလေးက
သူငယ်ချင်းမောင်လေးတစ်ယောက်

နွေလ

စံပယ်ချို said...

မိတ်ဆွေ သူငယ်ချင်းအားလုံး
လှဲကျရင် ကူထူ
ဖေးမကာကူပြီး
ငါတို့တွေ အနိုင်ယူမယ်-----------
အဲလိုလေးအမြဲဖြစ်ပါစေရှင်

အလွမ်းမြို့ said...

လာရောက်မန့်သွားတဲ့ မောင်ငယ် ညီမငယ်များ အားလုံးလည်း မကြီးလွမ်း လှဲကျရင် လာထူကြနော်။
ပစ်မထားကြနဲ့။ ကရိန်းကားတော့ ခေါ်ခဲ့။ လူက ဝက်ဖြစ်နေတော့ မထူနိုင်မှာ ချိုးလို့။။ အဟီး။ အားလုံးပျော်ရွှင်ပါစေ။



အားလုံးကို ချစ်တဲ့
တစ်ယောက်တည်းမချစ်ဘူး။
မကြီးလွမ်း

Anonymous said...

သူငယ်ချင်းအကြောင်းကို ဖတ်သွားပါတယ်...း)

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

စာတိုလေးလာဖတ်သွားပါတယ်...မကြီးလွမ်း

Candy said...

ကဗျာလေးက အားမာန် အပြည့်နဲ့ :D

ချစ်စံအိမ် said...

ကဗျာလေးဖတ်ပြီးအင်အားကိုဖြစ်စေပါတယ်မမရေ..

mstint said...

အားမာန်အပြည့်နဲ့ကဗျာလေး အားပေးသွားတယ် အလွမ်းရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးသူ(တောင်ကြီး) said...

အမောတွေကိုယ်စီထမ်း
ပင်ပန်းမှုတွေ လွယ်ထားရပေမဲ့
ဒို့တွေနှလုံးသားကိုယ်စီမှာ အေးချမ်းမှုတွေ
အပြုံးပန်းဆင်နေတယ်။

သူငယ်ချင်းဆိုတာ လူသတ္တ၀ါတွေအတွက်မရှိမဖြစ်

လို့ ဆိုရင် လွန်အံ့မည်မထင် ။ ။