မြရတနာရွာမှ ကိုရင်လေးများကို သင်္ကန်းစည်းပေးပြီးနောက် ပညာဆက်လက်သင်ယူရာတွင် လစဉ် တာဝန်ယူလာခဲ့ရာ ယခုဆိုလျှင် ၂ နှစ်ပြည့်ခဲ့ပါပြီ။ ဒီမှာဝင်ကြည့်လို့ ရပါတယ် - ( http://alwanmyolay.blogspot.com/2010/09/blog-post_03.html )။
၆လ ၁ကြိမ် စစ်ကိုင်းရှိ ဦးဇင်းဦးကောလ်ဝိဒထံသို့ ကိုရင်လေးများအတွက် တတ်နိုင်သမျှဖြင့် လစဉ် မြန်မာငွေ ကျပ် ၁သောင်း တာဝန်ယူလာပြီး လွှဲပေးခဲ့ရာ ၂၀၁၂ ဇွန်လတွင် အလှူရှင် (စကာင်္ပူမှ နန်းထွေး ၆သောင်း နှင့် မဆွေထူးမား မှ ၁ သိန်းတိတိ အလွမ်းမြို့လေးမှ ၆သောင်း ) ၆လစာကို စုစုပေါင်း မြန်မာငွေ - ၂သိန်း ၂သောင်းကျပ်တိတိကို ဦးဇင်းဦးကောလ်ဝိဒ (စစ်ကိုင်း) ထံသို့ အလွှဲပေးခဲ့ပြီးပါပြီ။
ဦးဇင်းဦးကောလ်မှလည်း အလှူငွေကိုလက်ခံရရှိပါကြောင်း ပြန်လည်အကြောင်းကြားလာသောကြောင့် အလှူရှင်များ ဝမ်းသာပီတိ သာဓုခေါ်ဆိုနိုင်ရန် ကျမ ဘလော့လေးမှာ ပြန်လည်တင်ပြပေးလိုက်ပါတယ်။ ဦးဇင်း မေလ်းမှ ငွေရောက်ရှိကြောင်းပြောလာသော စာကိုပါ တစ်ပါတည်း ပူးတွဲတင်ပြပေးလိုက်ပါတယ်။
အလှူရှင်များလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး လောကအကျိုး သာသနာ့အကျိုး ဆထက်တစ်ပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။
အလှူပိုစ့်အဟောင်းလေး ကြည့်ချင်ရင် ဘေးနားလင့်ကို နှိပ်ကြည့်ပါရှင့် - http://alwanmyolay.blogspot.dk/2010/10/blog-post_873.html အဲဒီအချိန်လေးကစပြီး ကိုရင်လေးတွေကို တာဝန်ယူလာတာ ကျမ နဲ့အတူ လတိုင်းအတူ အလှူမှာပါနေသူကတော့ ကျမ ရဲ့အရင်းနှီးဆုံး အချစ်ဆုံးသူငယ်ချင်း (နန်းထွေး)ပါဘဲ။ ယနေ့ချိန်ထိ သူနဲ့အတူ အလှူ ရေစက်လက်ဆုံကြသလို နောင်များလည်း အလှူများမှာလည်း အလှူရေစက်မှာ လက်ဆုံနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်။
ဇွန်လကတည်းက တင်ရန် ရည်ရွယ်ထားတဲ့ ပိုစ့်လေးပါ။သို့သော် အကြောင်းအမျိုးမျိုးကြောင့် ယခုလို နောက်ကျမှ ပြန်လည်တင်ပေးရသောကြောင့် နားလည်ပေးကြပါရန် အထူးမေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ်။
စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး
6 comments:
ကုသိုလ်တွေ အများကြီး ရမှာပေါ့ အမ...
အားပေးနေပါတယ်ဗျာ...:-)
ကြည်နူးဖွယ်ရာ အလှူလေးပါ ... သာဓုခေါ်ဆိုသွားပါတယ် မမရေ ... :)
ဒါထပ်မကလှူနိုင်ပါစေ မမရေ
ကျန်းမာပျော်ရွှင်ချမ်းသာပါစေ...
အလှူအတွက်သာဓု ခေါ်ဝမ်းမြှောက်ပီတိဖြစ်သွားပါတယ်.....
အဟမ်း အဟမ်း နောက်ကျသွားတယ် အမရေ..။
အမတို့အားလုံးရဲ့မွန်မြတ်တဲ့ အလှူအတန်းလေးတွေအတွက် ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓု သုံးကြိမ်ခေါ်ဆိုသွားပါတယ်...
သာဓု...သာဓု...သာဓု ...ပါခင်ဗျာ...
ခင်မင်စွာဖြင့်
ရာဇာထွေး
သာသနာ့ အလှူဒါယကာ ဒါယိကာမတွေ
ကျမ်းမာချမ်းသာကျပါစေ
ကိုယ်စိတ်နှလုံးရွှင်လန်းကျပါစေ
ဒီထက်မက ဆထက်ထံပိုးလှူနိုင်တန်းနိုင်ပါစေ....
သာဓု သာဓု သာဓု ပါခင်ဗျာ ....
ခင်တဲ့
မိုးသူ(တောင်ကြီး)
လာလည်သူအားလုံးကိုလည်း အလွမ်းမှ အထူးကျေးဇူးတင်ပါကြောင်း
Post a Comment