မရှိမဖြစ်တဲ့ တရား
ဦးဇင်းကို လူတချို့ လာမေးကြတယ်။ တပည့်တော် အလုပ်လုပ်တာ လူမှုရေးအစရှိသည့် ကောင်းတဲ့ အလုပ်မှန်သမျှပေါ့ဘုရား။ ကြိုးစားမှု့ ရှိလျက်နဲ့လည်း မအောင်မြင်ဘူးဖြစ်နေတယ် ဘုရားတဲ့ ၊ အဲဒါ ဘာလိုအပ်နေလဲ မသိဘူးဘုရားတဲ့။ တပည့်တော်မှာ လိုအပ်နေတာလေးများ ရှိရင် လမ်းညွှန်းပေးပါဦး ဘုရားတဲ့ ၊ ဦးဇင်းကလည်း ပြန်မေးလိုက်တယ် ဒကာကြီးမှာ လုံလ ၀ီရိယကော ရှိလား။ နောက်ထပ် ရရှိလာတဲ့ ငွေကြေးတွေအပေါ်မှာကော ထိန်းသိမ်းစောင့်ရှောက်မှုရှိလား မိတ်ကောင်းဆွေကောင်းတွေ ထိုက်သင့်သလောက် ရှိလားဆိုတော့ ရှိပါတယ် ဘုရားတဲ့၊ အဲဒါတွေ အားလုံးပြည့်စုံနေရင်တော့ အောင်မြင်သင့် သလောက်တော့ အောင်မြင်ရမှာပါဘဲလို့ ဦးဇင်းက တွက်ထားတာ။ ဒါပေမဲ့ သူ့မှာ မထင်မှတ်ဘဲနဲ့ လိုအပ်နေတဲ့ အရာဝတ္ထုတခုက အင်မတန်မှ ကြီးမားလွန်းတယ်။ ဘာလိုအပ်နေလဲဆိုတော့ ယုံကြည်မှုဘဲ။ သူ့မှာ ယုံကြည်မှု မရှိတော့ အရာရာ ကျရှုံးနေတာပေါ့။ မိသားစု အရေးကော ဘာသာရေး လူမှုရေးအစရှိသည်ကော ၊ သူနဲ့စီးပွား လုပ်ဖော်ကိုင်ဖက်တွေရော အဲဒါတွေအပေါ်မှာ ယုံကြည်မှု အရမ်းအားနည်းနေတယ်။
အဲဒါကြောင့်မို့ ဒကာကို ယုံကြည်သင့် ယုံကြည်ထိုက်တာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ကိုင်ကြိုးစားပါလို့ ဦးဇင်းက တိုက်တွန်းလိုက်ပါတယ်။ ယုံကြည်မှု့ရှိရှိနဲ့ လုပ်ကိုင်ကြိုးစားမယ် ဆိုရင်တော့ ဘာမဆို ထိုက်သင့်သလောက်တော့ အောင်မြင်မှာပါ။ စိတ်ဓါတ်မကျပါနဲ့။ ဇွဲမလျှော့ပါနဲ့လို့ တိုက်တွန်းပြီး ဦးဇင်းလည်း ဒကာကို ပြန်ပြောလိုက်တယ်။ ဟုတ်ပါတယ် ကျွန်တော်တို့ ဦးဇင်းတို့ အားလုံး ဘာသာရေးဘဲ ဖြစ်ဖြစ်လူမှုရေးဘဲဖြစ်ဖြစ် စီးပွားရေးဘဲဖြစ်ဖြစ် ယုံကြည်မှုမရှိရင်တော့ဖြင့် လုံးဝ လုံးဝ မအောင်မြင်ပါဘူးလို့ တိုက်တွန်းလိုက်ပါတယ်။ ယုံကြည်မှုဟာ ဘယ်လောက် အရေးကြီးသလဲဆိုရင် တကယ်လို့ မိမိဟာ မိမိသားသမီး ဇနီးမယား အစရှိတဲ့ မိတ်ကောင်းဆွေကောင်းတွေ အပေါ်မှာ ချစ်နေပြီးတော့ မြတ်နိုးနေပြီးတော့ ယုံကြည်မှု မရှိဘူး ဆိုရင်တော့ ချစ်တာတွေ မြတ်နိုးတာတွေဟာ အလကားဖြစ်သွားမှာပါ။ ချစ်တာတွေ မြတ်နိုးတာတွေဟာ တန်းဘိုးမဲ့သွားမှာ အသေချာပါ ။
ဥပမာလေး တစ်ခု ပြောပြရရင်တော့ တောကြီး မျက်မည်းတည်းက အိမ်လေး တစ်လုံးမှာ သို့တည်း မဟုတ် တဲလေး တစ်လုံးတည်းမယ် လူငါးယောက်ဝိုင်းထိုင်ပြီး လူတစ်ယောက်ကို ဖယောင်တိုင် တစ်တိုင် ထွန်းထားပေါ့။ ဖယောင်တိုင် တစ်တိုင်စီထွန်းထားတဲ့ အခါမှာ အဲဒီ တဲလေးထဲမှာ အဲဒီ အိမ်လေးထဲမှာ အလင်းရောင်ဝေဖြာနေလို့ မဟုတ်လား။ အဲဒီလို အချိန်မှာ လူငါးယောက်တည်းက တစ်ယောက်က ပထမဦးဆုံး ဖယောင်တိုင် တစ်တိုင်ကို မီးငြိမ်လိုက် သူငြိမ်းလိုက်တဲ့ ဖယောင်တိုင်လေးကို အချစ်လို့ နာမည်ပေးလိုက်ပါ။ နောက်ထပ်မကြာမှီ အချိန်မှာ ဒုတိယ တစ်ယောက်က ဖယောင်တိုင် တစ်တိုင်ကို မီးငြိမ်လိုက်။ အဲဒီ ဒုတိယ တစ်ယောက်ငြိမ်လိုက်တဲ့ ဖယောင်တိုင်ကိုတော့ မေတ္တာလို့ နာမည်ပေးလိုက်ပါ ၊ ဘယ်နှစ်ယောက်ရှိသွားပြီးလဲ နှစ်ယောက်နော်။ နောက်ထပ်တစ်ခါ တတိယ တစ်ယောက်ဆီက မီးငြိမ်လိုက်ပါ သူ့ကိုတော့ ဂရုဏာလို့ နာမည်ပေးလိုက်ပါ၊ အချစ်ရယ် မေတ္တာရယ် ဂရုဏာရယ် သုံးယာက်ဖြစ်သွားပြီးနော် ၊နောက်ထပ် တစ်ခါ စတုတ္ထတစ်ယောက်ဆီက ဖယောင်တိုင် တစ်တိုင်ကို မီးငြိမ်လိုက်ပါ။ သူ့ကိုတော့ မုဒိတာလို့ နာမည်ပေးလိုက်ပါ။
အဲဒီအချိန်မှာ မထင်မှတ်ဘဲနဲ့ လူတစ်ယောက်က အဲဒီအိမ်လေးထဲကို အဲဒီ တဲလေးထဲကို ၀င်ရောက်ပါတယ်။ နောက်ထပ် ကျန်နေတဲ့ ဖယောင်တိုင်ကိုတော့ မီးမငြိမ်းပါနဲ့လို့ ပြောလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ ဒီကျန်နေတဲ့ ဖယောင်တိုင်လေးကို ငြိမ်းလိုက်မယ်ဆိုရင် မင်းတို့ ငါးယောက်ကြားမှာ မှောင်သွားမှာပေါ့တဲ့။ အဲဒီလို မှောင်သွားတဲ့ အခါဆိုရင် အရာရာဟာ ဘာမဆို ဘာမှ မကောင်းတော့ဘူးတဲ့။ မင်းတို့အခု ငါးယောင်ငြိမ်းလိုက် တဲ့ ပထမဦးဆုံး ဖယောင်တိုင်ကိုအချစ် လို့မှတ်ထားပါ။ ဒုတိယ ငြိမ်လိုက်တဲ့ ဖယောင်တိုင်ကိုတော့ဖြင့် မေတ္တာလို့ မှတ်ထားပါ။ တတိယ ဖယောင်တိုင်ကိုတော့ဖြင့် ဂရုဏာလို့ မှတ်ထားပါတဲ့ ။စတုတ္ထ ဖယောင်တိုင်ကိုတော့ မုဒိတာပေါ့ကွာ ၊ အဲဒါတွေ ငြိမ်းလိုက်တာဟာ မင်းတို့ကြားမှာ သိပ်ကွာဟတဲ့ ကြီးမားတဲ့ ပြဿနာ မဟုတ်သေးဘူးတဲ့ ၊ တကယ်လို့ နောက်ဆုံးကျန်နေတဲ့ ဖယောင်တိုင်လေးကို ငြိမ်းလိုက်မယ် ဆိုရင်တော့ဖြင့် မင်းတို့ အတွက် တကယ့်ကို အင်မတန်မှကြီးမားတဲ့ ပြဿနာဖြစ်သွားမှာပေါ့တဲ့။ အဲဒါဆို ဟုတ်ပါပြီ နောက်ဆုံးကျံန်နေတဲ့ ဖယောင်တိုင်လေးကို ဘယ်လို နာမည်ပေးမလဲတဲ့။ သူ့ကိုတော့ ယုံကြည်မှုလို့ နာမည်ပေးလိုက်ပါတဲ့။ အဲဒီ ယုံကြည်မှုဆိုတဲ့ ဖယောင်တိုင်လေးကိုတော့ မင်းတို့ကြားမှာ ဘယ်သောအခါမှ ဘယ်တော့မှ မငြိမ်လိုက်ပါနဲ့။
ဟုတ်တယ် ကျွန်တော်တို့ အားလုံး လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ဘာအရေးပြဿနာကိုဘဲ ဆောင်ရွက်ဆောင်ရွက် တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုမရှိဘူး ဆိုရင်တော့ ဘယ်သောအခါမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဘာကိုလုပ်လုပ် ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ အားလုံးသော မိတ်ဆွေ သင်္ဂဟတို့ ယုံကြည်မှု ဆိုတဲ့ အလင်းတန်းလေးကို ကိုင်ဆောင်ပြီး တစ်ဦးနဲ့ တစ်ဦး နားလည်မှုတွေ ပေးပြီးတော့ လူမှုရေး ဘာသာရေး စီးပွားရေး သားရေးသမီးရေး အစရှိတဲ့ အရေးပေါင်းစုံကို ဆောင်ရွက်နိုင်ပြီး သာယာအေးငြိမ်း ကြပါစေလို့ ဆန္ဒပြုပါတယ်။
စက်တင်ဘာဦးနေမိန္ဒ
( အမှန်တရားကိုဘယ်သူ အနိုင်ရဖူးလဲ)
vennaymeinda2007@ gmail.com
မှတ်ချက်။ ဦးဇင်းနေမိန္ဒပေးပို့လာသော မေလ်းမှပြန်လည်ဖော်ပြပေးခြင်း ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ပိုစ့်တင်နောက်ကျခြင်းအတွက်လည်း ဦးဇင်းကို ဒီပိုစ့်လေးကနေဘဲ လက်စုံမိုး တောင်းပန်လိုက်ပါတယ်။
စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ဘဝအမောတွေ ပြေနိုင်ကြပါစေ။
စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး
5 comments:
မမလွမ်းရေ..
မြတ် စာလာဖတ်သွားပါတယ်။း)
နောက်ဆုံးတစ်တိုင်ပဲ ကျန်မယ်ဆိုရင်တောင် မငြိမ်းရမယ့် ဖယောင်းတိုင်လေးဟာ ယုံကြည်မှုလို့ မှတ်သားသွားပါတယ်။
ဖတ်သွားပါတယ် မမရေ..........
စာတွေလာဖတ်သွားပါတယ်ခင်ဗျ....
ဟုတ်ပါတယ်. လူတစ်ဦးနဲ့တစ်ဦးကြားမှာ ယုံကြည်မှုက အဓိကပေါ့.. မကြီးလွမ်းရေ..
အမ အလွမ်းရေ ..ထရီဆာ လည်းဖတ်သွားခဲ့တယ်နော် ...းး)
Post a Comment