ကျမ ညနေစာချက်ပြုတ်ရန် ပြင်ဆင်ဖို့ မီးဖိုခန်းထဲ ဝင်သွားတယ်။ ကိုကျော်တစ်ယောက် အိမ်ရှေမှာ ဗီရိုဟောင်းတွေကို ဆေးသုတ်ရင်း ဆေးလိပ်ဖွာလိုက် ရေနွေးကြမ်းသောက်လိုက်နဲ့။ တစ်နေကုန်လို့ ညနေစောင်းပြီမို့ ကျမ အိမ်ရှင်မတာဝန်တွေ ထမ်းဆောင်ရတော့မယ်။ တာဝန်သိသူပီပီ ခပ်သွက်သွက်လေး မီးဖိုခန်းထဲ ဝင်သွားခဲ့တယ်။
မစားလို့ကလည်းမရ နေ့စဉ်စားနေရပြန်တော့လည်း တစ်ရက်နဲ့တစ်ရက် မတူအောင် ဘယ်လို ဟင်းမျိုးချက်ရမလဲ ခေါင်းစားလိုက်တာ။ မီးဖိုခန်းတာဝန်ကို ယူထားသူတွေကသာ အသိဆုံးဖြစ်တာပါ။ စားသုံးသူတွေက စားသုံးပြီးချိန် ဒီဟင်းလေးက ပေါ့တယ်... ငန်တယ်...ချိုတယ်..စပ်တယ်... အချဉ်လိုတယ် ဘာဖြစ်တယ် ညာဖြစ်တယ်သာ ဝေဖန်တတ်ကြတာ။ တကယ် တာဝန်ယူ ချက်ပြုသူအဖို့ကတော့ မသက်သာလှပေ။
ဟင်းကောင်းလေးတစ်ခွက်ရဖို့ သွင်ဦးဟဲ့ ကြက်သွန် .. ထောင်းဦးဟဲ့ ကြေအောင် ... အစုံပေါ့။ ကျမလည်း မီးဖိုခန်းမှာ ညနေစာအတွက် ပြင်ဆင်ရင်း တစ်ယောက်တည်း မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ရှုပ်ပွနေတာဘဲ။ စားချင်တဲ့ ဟင်းလေးချက်ပြုတ်ပြီး ပေနေတဲ့ ပန်းကန် / ခွက်တွေ ဆေးကြောပြီး အခန်းပြင် ထွက်လာခဲ့တယ်။
ရာသီဥတုကလည်း ပူလိုက်တာတော်။ လေလည်းမတိုက်တော့ အနေခက်တာပေါ့။ အကြတ် နေလေးလည်းဖြစ် လေငြိမ်ခိုက်လေးဖြစ်နေတော့ ကျမ အသဲနှလုံးထိ အပူလောင်လေရော။ ကဲ ချက်ပြုတ်တာလည်း နံဆော် ညစ်ပေနေပြီမို့ ခဏတစ်ဖြုတ်နားပြီး ရေချိုးဖို့ အသင့်ပြင်လိုက် တယ်။ ရေချိုးခါနီးတော့ (ကိုကျော့်)ကို အိမ်ရှေမှာ မတွေ့ရတော့။ အိမ်ကလူကြီး ဘယ်တွေ သွားပါလိမ့်။ ခါတိုင်းလိုဘဲ လမ်းထိပ်က အရက်ဆိုင်ကို သွားပြီထင်တယ်လို့ ပါးစပ်က ပွစိပွစိပြောရင်း ရေချိုးဘို့ သွားလိုက်တယ်။
ရေချိုးပြီးအပြန် ရှင်မတောင်သနပ်ခါး အစစ်ကိုသွေးပြီး မျက်နှာတွေရော လက်တွေပါ ဖွေးအောင် လိမ်းလိုက်တယ်။ သနပ်ခါးလေးလည်းလိမ်း နှုတ်ကလည်း တိုးတိုးဖွဖွလေး သီချင်းညည်းနေမိတယ်။ (ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ ဘယ်လိုအသားမဲမဲ ဝါဝါညက်ညက်ဖြူ)။ အိမ်ထောင်မကျခင်က ကိုကျော် ဆိုပြဖူးတဲ့ သီချင်းလေးပါ့။
သနပ်ခါးလိမ်းပြီး ထမင်းဝိုင်းပြင်လိုက်တယ်။ စိတ်ထဲမှာတော့ ကိုကျော်ကို အားရပါးရစားစေချင်သလို ကျမလည်း အားရပါးရ စားမယ်ပေါ့။ ( မန်ကျီးရွက်+ မြေပဲသုပ်ရယ် - ကန်စွန်းရွက်+မှိုကြော် ရယ် ငါးလေး အိုးကပ်အစပ်ချက်ရယ် - ငရုပ်သီးငပိကြော်ရယ် တမာချဉ် တို့လေးရယ်ပေါ့။ ကျမ ထမင်းဝိုင်းလေး ပြင်ပြီးချိန်ထိ ကိုကျော် အရိပ်ယောင်ကိုတောင် မမြင်ရသေး။ အိမ်ကလူကြီး ဘယ်တွေသွားနေပါလိမ့်လို့ တစ်ယောက်တည်း မေးနေတယ်။ အနီးနားပါတ်ဝန်းကျင်ကို ရှာကြည့်တော့လည်း အရိပ်ယောင်လေးတောင် မတွေ့။ ကျမ စိတ်ထဲမှာ အင်သေချာပြီ။ ဒင်း အရက်ဆိုင် သွားတာဘဲဖြစ်မယ်။
ဘာဘဲဖြစ်ဖြစ်လေ အိမ်ဦးနတ်ဖြစ်သူမို့ ထမင်းစားဖို့ စောင့်ရမှာက ကျမတို့ မယားတွေရဲ့ ဝတ္တာရားကိုး။ ဗိုက်ထဲမှ ဆာလှောင်မှု့ကြောင့် အသံပေါင်းစုံ မြည်လာတယ်။ ဂွီး... ဂွမ်း ... စုံနေပါလေရော။ ကျမ နာရီကိုကြည့်လိုက် ထမင်းဝိုင်းလေးဘက် မျက်စပ်ပစ်လိုက် ဗိုက်လေးကို လက်နဲဖိလိုက် စောင့်လာလိုက်တာ နာရီဝက်ကျော်လို့ ၄၅ မိနစ်ရောက်ပြီမို့ --- နှုတ်ကလည်း ကိုကျော်ရေ တစ်ခြားအချိန်မှာသာ ရှင့်ကိုကျမ သီးခံစောင့်မယ် ခုတော့ ဗိုက်ဆာနေပြီ ကျမ ရှင့်ကို သီးခံစောင့်နိုင်ပေမဲ့ ကျမ ဗိုက်ထဲက ဆူညံ့သံတွေက ရှင်းကိုသီးခံ မစောင့်နိုင်တော့ဘူး။ စားနှင့်တော့မယ်။ ရှင်လည်း ဘယ်တွေ သဝေထိုးနေမှန်းမသိ။
စိတ်ထဲ ထမင်းဝိုင်ပြင်တုန်းကလို အားရပါးရစားမယ်လို့ စိတ်ကူးထားသော်လည်း ကိုကျော် မပါတော့ ထမင်းဝိုင်းက ခြောက်ကပ်နေပြီး ကျမ ချက်တဲ့ဟင်းတောင် ကျမ အတွက် အရသာမရှိဖြစ်နေတယ်။ အရသာမရှိလည်း ဗိုက်ပြည့်အောင်တော့ စားရမှာဘဲလို့ စိတ်ထဲကမကျေမနပ်ပြောပြီး ထမင်းစားနေတုန်းကိုကျော် အိမ်ရှေလမ်းလေးထဲ သီချင်းလေးဆိုပြီး ပြန်ဝင်လာတယ်။
တစ်ယောက်တည်း ထမင်းထိုင်စားနေတဲ့ ကျမ အနားလာပြီး (မိန်းမရေ) အကိုလည်း အပြင်သွားတာ မပြောခဲ့မိဘူး။ တစ်ယောက်တည်း စားနေတာလား။ ဗိုက်ဆာရောပေါ့လို့ ချော့မော့တောင်းပန်ပြီး ကျမပါးက သနပ်ခါးဖွေးဖွေးလေးကို လေအဝှေ့တစ်ချက်မှာ နမ်းလိုက်တယ်။ အဲလိုချော့လာတော့လည်း မိန်းမသားကိုး စိတ်ထဲပျော့သွားတာပေါ့။ ကျမလည်း ကိုကျော် ရှင် ထမင်းမစားဘူးလား ကျမ ခူးထားပြီးပြီ။ လက်ဆေးရေ အသင့်ဘေးမှာရှိတယ်။ စားကြရအောင်လို့ ခေါ်လိုက်တော့ (ကိုကျော်က) ပြုံးစိစိနဲ့ ကျမကိုကြည့်ပြီး (မိန်းမ) ချက်တဲ့ဟင်းအနံတွေ ရတာနဲ့တင် ဗိုက်ပြည့်သွားပြီတဲ့။
ကျမပြောချင်တဲ့ ကိုယ်ချင်းစာတတ်ပါဆိုတဲ့ အကြာင်းရာလေးက ခုမှစမှာနော်။
ကျမပြောချင်တဲ့ ကိုယ်ချင်းစာတတ်ပါဆိုတဲ့ အကြာင်းရာလေးက ခုမှစမှာနော်။
ရှင်ကလည်းတော် မဟုတ်တာတွေ သိပ်ပြောတယ်။ လေကြောရှည်မနေနဲ့ လက်ဆေး ထမင်းစားကြမယ်လို့ ကျမပြောထပ်လိုက်တော့ (ကိုကျော်မှ အပြင်မှာစားလာခဲ့ပြီ) ဗိုက်မဆာသေးဘူး။ ညနက်မှ ဗိုက်ဆာရင် တစ်ခါပြန်စားမယ်လို့ ပြောလာတယ်။ ကျမ ကိုကျော့် မျက်နှာကို သေချာကြည့်ပြီး ..... ရှင်..... အဲဒီ အိမ်ကိုသွားပြီး ထမင်းပါစားခဲ့တာပေါ့လို့ ထပ်မေးလိုက်တယ်။ ကိုကျော်ကလည်း ဒါပေါ့ မိန်းမရာ။ ချစ်တင်နဲ့ ဝင်ဦးလာခေါ်လို့ လိုက်သွားတာပါ။ကိုယ်တို့ရောက်နေချိန် သူတို့ထမင်းစားချိန်ဖြစ်လို့ ထမင်းဝင်စားခဲ့တာလေ။ သူတို့က ဒီည ပဲပြုတ်နဲ့မျှစ်နဲ့ ကြော်တယ်။ ငပိရည်လေးနဲ့ဘဲ။ ရှင်တို့ (၃)ယောက်တောင် သွားစားကြတယ် ဟုတ်လားလို့မေးပြီး ပါးစပ် အဟသားလေးနဲ့ အံ့သြမိတယ်။
ကျမဘာမှ ဆက်မပြောတော့ဘဲ တိတ်ဆိတ်စွာဘဲ ထမင်းကို ဆက်စားလိုက်တယ်။ ထမင်းစားပြီး ရေနွေးကြမ်းသောက်ချိန်မှ ကိုကျော်ရေ ရှင်ဒီကိုလာခဲ့ပါဦး။ ရှင့်ကို မေးစရာလေးရှိလို့ ဆိုပြီးခေါ်လိုက်တယ်။ ကိုကျော်ကလည်း လာပါပြီ မိန်းမရေ။ ကဲပြော ... မိန်းမဘာပြော ချင်လို့လဲ။ ကျမ သူ့မျက်နှာကို သေချာကြည့်ပြီး ရှင် ဘာသဘောနဲ့ အဲဒီအိမ်ကို ထမင်းသွားစားတာလဲ။ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်။ ပြီးတော့ ကျမတို့ကလည်း မစားနိုင်မသောက်နိုင်တာလည်း မဟုတ်။ အဲဒီအိမ်ကအပြန် သူဝယ်ထားတာလေးတွေ တောင်းလာတတ်တယ်။ ခရမ်းချဉ်သီးက အစပေါ့။ ရှင်ကလည်းတော် ရှင်ဒီလိုလုပ်တာ ကျမတို့ ရပ်ကွက်ထဲ သိက္ခာကျတယ်။ လူအမြင်လည်း မကောင်းဘူးတော့လို့ ပြောလိုက်တော့ .... ကိုကျော်က မိန်းမရာ နင်မသိပါဘူး။
ဒီလူ ကိုဗလကြီးက ပိုက်ဆံရှိသလောက် သိပ်ကပ်စေးနဲတာ။ သူကိုယ်တိုင်မစားသလို သူများကိုလည်း ဘယ်တုန်းကမှ မကျွေးဘူး။ ပိုက်ဆံမရှိတာလည်း မဟုတ်ဘဲနဲ့။ ပိုက်ဆံရှိတာလည်း လွန်ရော။ အလှူအတန်း ပေးဖို့နေနေသာသာ သူ့ဗိုက်တောင် သူမသထာဘူး မိန်းမရ။ ကိုကျော့်စကားအဆုံး အဲတာနဲ့ ရှင်ထမင်းသွားစားတာက ဘာဆိုင်တုန်းလို့ မေးလိုက်တော့ ကိုကျော်က သူက သိပ်ကပ်စေးနှဲတာလေ။ ဒီလို ကြုံတိုင်း ဝင်ဝင်စားပေး သူဝယ်ထားတာလေးတွေ တောင်းခဲ့။ သူ ဒီလောက်ချမ်းသာတာ။ ဒီလောက်တော့ လုပ်ပေးရမှာပေါ့တဲ့။
ကိုကျော်နဲ့ကျမ စိတ်တွေမတူတာတွေ တစ်ခါတစ်ခါ ညှိရသိပ်ခက်တယ်။ ကျမ ကိုကျော်ကိုဘာမှ မပြောတော့ဘူး။ ဒါပေမဲ့ စိတ်ထဲမကျေအေးသေးတာတော့ အမှန်ဘဲ။
နာရီကြည့်လိုက်တော့ (၈) နာရီထိုးပြီ။ ညအိပ်ယာဝင်ချိန်ရောက်တော့မယ်။ ခါတိုင်းဆို အိပ်ယာဝင်နောက်ကျ တတ်တဲ့ ကျမ ဒီနေ့တော့ ထူးထူးဆန်းဆန်း သွားတိုက်ပြီး အိပ်ယာထဲဝင်ခဲ့တယ်။ အိပ်ယာနောက်ကျ ဝင်တတ်တဲ့ကျမကို ကိုကျော်က ထူးဆန်းတဲ့အကြည့်မျိုးနဲ့ ကြည့်နေမိတယ်။ သိပ်မကြာပါ ကိုကျော်လည်း အိပ်ယာဝင်ခဲ့တယ်။ အိပ်ယာပေါ် လှဲနေပေမဲ့ ကျမ အိပ်မပျော်သေးပါ။ အိပ်ယာအစောကြီး ဝင်ဖြစ်တာကလည်း ကျမမှာ အကြံရှိနေတာကိုး။ ကိုကျော်က အဲတာတွေ မသိခဲ့ဘူး။
အိပ်ယာနားရောက်တော့ မိန်းမ ... အိပ်ပျော်ပြီလားလို့ တိုးတိုးလေးမေးလာတော့ မအိပ်သေးပါဘူးတော်။ ကျမ ရှင့်ကိုပြောစရာတွေ ရှိသေးလို့ စောင့်နေတာ။ ကဲ ... ဒါဆိုပြောလေ ဘာပြောမလဲ။ ကျမ ကိုကျော့် လက်ကလေးကို ကိုင်ထားပြီး သူ့ကိုမေးလိုက်တယ်။ ရှင် ကိုယ်ချင်းစားတတ်လား။ သားသား မီးမီး တွေနဲ့ မိသားစုစုံစုံ မလိုချင်ဘူးလား။ ခုလို ကျမတို့ အတူလက်တွဲတဲ့ဘဝမှာ ရှင့်စိတ်ထဲမှာ အခက်အခဲ ပြသနာတွေ ရှိခဲ့ဖူးလား။ အကြပ်အတည်းတွေရော မရှိဘူးလားလို့ မေးလိုက်တယ်။ ကိုကျော်က မိန်းမကလည်း ဘာတွေလာမေးတာလဲကွယ် ဒါတွေက ကိုယ်တို့မှမဟုတ်ဘူးကွဲ့ မိသားစုတိုင်းမှာ ဖြစ်ချင် ရှိချင် ရှိသင့်တဲ့ စိတ်လေးတွေဘဲတဲ့။
အဲတာဆို ရှင်ကို ကျမတစ်ခုပြောမယ်။ နောက်နောင် အဲဒီ (ဦးဗလကြီး)အိမ်ကို အလည်သွားရင် ငရဲကြီးမဲ့ စကားတွေမပြောနဲ့ ပြီးတော့ ဘာမှအတင်းအကျပ်ပြောပြီး စားသောက်တာတွေ ယူခဲ့တာတွေ မလုပ်ခဲ့ပါနဲ့တော်။ ကျမလေ သူတို့မိသားစုလေးကို သနားလို့ပါ။ သူမှာ ပိုက်ဆံရှိတာတော့ မှန်တာပေါ့တော်။ ဒါပေမဲ့ မိသားစုမှာ ဘာအခက်ခဲရှိမှန်း ကျမတို့ အပြင်ကလူတွေ မသိရဘူးလေ။ သူ့သားလေးနဲ့ သူ့မိန်းမကိုတောင် ကောင်းကောင်းကျွေးဖို့ သူမစဉ်းစား မကျွေးတာ။ သူ့သားလေးကို ကြည့်လိုက်ပါလား ပိန်လှီနေတာ။ ကျမတို့တွေကတော့ သူတို့မိသားစုလေးကို ပိုပြီး နွေးထွေးမှု့တွေ မေတ္တာတွေပေးပြီး ဂရုစိုက်ပေးရမှာ။
သူတို့မှာ ပိုက်ဆံရှိပေမဲ့ မိသားစုအခက်ခဲတွေ ရှိနေမှာပေါ့။ သူကိုယ်တိုင် မစားရဲ မသောက်ရဲတဲ့ဘဝမှာ ရှင်က သွားသွားစားတာရော ရှင် မျိုကျလို့လားတော်။ သူလည်း ခလေးမှမဟုတ်တာ။ အသက် (၅၅)ဆိုတဲ့ အရွယ်မှာ ဘဝမျိုးစုံကို သူဖြတ်သန်းခဲ့ပြီးပြီလေ။ အကောင်းအဆိုး အကုန်သူသိနေတာဘဲ။ မကြာခင် နေဝင်ပြီး အမှာင်ကျရတော့မဲ့ ဘဝတွေပါ။ တရားအားထုတ်ပြီး နိဗာန်လမ်းအတွက် ပြင်ဆင်ရမဲ့ အချိန်မှာ သူမှာ တဏှာရာဂတွေ မကင်းသေးဘူး။ လောဘတွေ မကင်းသေးဘူး။ သင်္ခါရသဘောတွေ နားလည်ပေမဲ့ လက်မခံတတ်သေးဘူး ဆိုရင်တောင် ရှင်တို့ကျမတို့က သူ့ကို တရားလေးပြ သူလက်ခံ လာအောင် ပြောပြတတ်ရမှာပေါ့။
ရှင်တို့ သူငယ်ချင်းတွေက သူ့ကို ကပ်စေးနှဲတဲ့အကျင့် လိမ်တတ်တဲ့ အကျင့်တွေကို ပြောင်းလဲပေးချင် တယ်ဆိုတာ ရှင်တို့တွေ စုစုပြီး သူ့အိမ်မှာသွားစား သွားသောင်းကျန်းတိုင်း သူက အမြင်မှန်ရလာမှာ ပြောင်းလဲလာမှာမှ မဟုတ်တာ ကိုကျော်ရယ်။ ရှင်တို့ကိုယ်တိုင်က မှားနေတာပါ။ ခုလို ၃ ယောက်သား သွားစားကြတော့ သူတို့မိသားစုလေးတွေ ဘယ်လို ညနေစာ စားကြမှာတုန်း။
သူ့ရဲ့ကပ်စေးနှဲပြီး မုသာ(လိမ်)သော စကားလုံးတွေသုံးတတ်ပေမဲ့ သူများကိုထိခိုက်တာမှ မဟုတ်တာ။ ရှင်တို့ကဘာလို့ သူများစိတ်ဆင်းရဲအောင် သွားလုပ်ကြတာလဲ။ ရှင့်မယ်လည်း မိသားစုနဲ့ရယ် ကိုယ်ချင်းစာကြည့်ပေါ့ကွယ်။ ဧည်သည် ၁ ယောက်မကဘူး ၁၀ ယောက် ကျမတို့အိမ်မှာ လာတည်းခို စားသောက်သွားတာ ကျမတို့အတွက် အခက်အခဲအဖြစ်ပေမဲ့ သူတို့မိသားစုအတွက် တကယ် အခက်ခဲပါ ကိုကျော်ရာ။ အခုဆို ရှင်ကတော့ အိပ်ယာထဲ လဲလှောင်းနေပြီး ဒီနေ့ သူ့ အိမ်သွား နှိပ်စက်သောင်းကျန်းခဲ့တာတွေကို ပြန်တွေးပြီး ပျော်နေပေမဲ့ သူ့မှာတော့ ရှင့်လိုပျော်နိုင်မှာ မဟုတ်ဘူး။ သူအတွေးတွေ ဘယ်လောက်ဝင်နေမလဲ။ ဘယ်လောက် စိတ်ဆင်းရဲသွားပြီလဲ။ ရှင့်အတွက်လည်း အကျိုးမရှိသလို တစ်ဖက်လည်း အကျိုးယုတ်ပါတယ်တော်။
ကျမစကားတွေ ဆက်တိုက်ပြောနေပေမဲ့ ကိုကျော်က တိတ်ဆိတ်နေတယ်။ ကျမ သူလက်လေးကို အသာလှုပ်ပြီး ရှင်အိပ်ပျော်နေတာလို့ မေးလိုက်တယ်။ ကိုကျော်က မအိပ်ပါဘူး မိန်းမရာ.. မိန်းမခုလို ပြောတော့ ကိုယ် ဒီနေ့လုပ်ခဲ့တာတွေအတွက် တွေးမိပြီး စိတ်မကောင်းဖြစ် သွားလို့ပါ။ ဒါနဲ့ မဆီမဆိုင် ကျမ ကိုကျော့်ကို မေးလိုက်တယ်။
ဘယ်လိုလုပ်မေးလိုက်တာလဲ မိန်းမရာ ချစ်လို့ဘဲယူထားတာဘဲ အခု အိမ်ထောင်သက်တောင် အတော်ရလာပြီဘဲ။ ဒီမေးခွန်းမေးစရာ လိုသေးလားတဲ့။ ဒါဆို ရှင်ကိုကျမ ဂတိ တစ်ခုတောင်းမယ်။ ရှင်နောက်ဆို တစ်ဖက်သူတွေ စိတ်ဆင်းရဲမဲ့အလုပ်တွေ မလုပ်စမ်းပါနဲ့ ကိုကျော်။ ကျမကိုချစ်တယ်ဆိုရင် ရှင် ကျမ စကားလေး နားထောင်နော်။ ((ဦးဗလကြီး)) ကိုမှမဟုတ် မည်သူ့ကိုဘဲဖြစ်ဖြစ် ခုလို သူတို့စိတ်ထဲ အနာတရ နာနာကျင်ကျင် အခက်အခဲ ဖြစ်စေမဲ့အရာတွေကို မလုပ်မိအောင်နေပါတော်။
ရှင်သိထားရမှာက ရှင်သူများဆီက ရဖို့ထက် သူများကို ဘာပြန်ပေးဆပ်ရမလဲဘဲ အမြဲတွေးထားပါ။ ဘယ်တော့မှ သူများဆီက လိုချင်တပ်မက်မှု့တွေကို မထားနဲ့။ ပေးဆပ်မှု့နဲ့ဘဲ ဘဝကိုပျော်ရွှင်အောင် ကျမတို့နှစ်ယောက် ကြိုးစားသွားကြရအောင် ကိုကျော်ရာ။
အချိန်တောင် အတော်နောက်ကျနေပြီ။ မနက်လည်း အလုပ်သွားရဦးမှာမို့ အနားမှနှိုးစက် နာရီလေးကို လှမ်းကြည့်လိုက်တော့ ၁၀နာရီထိုးပြီ။ မနက်အလုပ်အတွက် အားယူရဦးမှာမို့ ကိုကျော် ရှင်မနက်အလုပ်သွားရဦးမယ် ကျမ စကားကောင်းတာနဲ့ အချိန်တော်အတော် နောက်ကျနေပြီ ရှင်လည်းအိပ်တော့။ ကျမလည်း အိပ်တော့မယ်။ကျမ တရားဟောနေတာကို နာယူပြီး ကိုကျော်တစ်ယောက် အပြုံးတွေပိုက်ပြီး ကျေနပ်ခြင်းတွေနဲ့ အိပ်စက်သွားလေရဲ့.....
ကျမစကားတွေ ဆက်တိုက်ပြောနေပေမဲ့ ကိုကျော်က တိတ်ဆိတ်နေတယ်။ ကျမ သူလက်လေးကို အသာလှုပ်ပြီး ရှင်အိပ်ပျော်နေတာလို့ မေးလိုက်တယ်။ ကိုကျော်က မအိပ်ပါဘူး မိန်းမရာ.. မိန်းမခုလို ပြောတော့ ကိုယ် ဒီနေ့လုပ်ခဲ့တာတွေအတွက် တွေးမိပြီး စိတ်မကောင်းဖြစ် သွားလို့ပါ။ ဒါနဲ့ မဆီမဆိုင် ကျမ ကိုကျော့်ကို မေးလိုက်တယ်။
(ရှင်ကျမကို တကယ်ချစ်လား ကိုကျော် ဆိုတော့)
ဘယ်လိုလုပ်မေးလိုက်တာလဲ မိန်းမရာ ချစ်လို့ဘဲယူထားတာဘဲ အခု အိမ်ထောင်သက်တောင် အတော်ရလာပြီဘဲ။ ဒီမေးခွန်းမေးစရာ လိုသေးလားတဲ့။ ဒါဆို ရှင်ကိုကျမ ဂတိ တစ်ခုတောင်းမယ်။ ရှင်နောက်ဆို တစ်ဖက်သူတွေ စိတ်ဆင်းရဲမဲ့အလုပ်တွေ မလုပ်စမ်းပါနဲ့ ကိုကျော်။ ကျမကိုချစ်တယ်ဆိုရင် ရှင် ကျမ စကားလေး နားထောင်နော်။ ((ဦးဗလကြီး)) ကိုမှမဟုတ် မည်သူ့ကိုဘဲဖြစ်ဖြစ် ခုလို သူတို့စိတ်ထဲ အနာတရ နာနာကျင်ကျင် အခက်အခဲ ဖြစ်စေမဲ့အရာတွေကို မလုပ်မိအောင်နေပါတော်။
ရှင်သိထားရမှာက ရှင်သူများဆီက ရဖို့ထက် သူများကို ဘာပြန်ပေးဆပ်ရမလဲဘဲ အမြဲတွေးထားပါ။ ဘယ်တော့မှ သူများဆီက လိုချင်တပ်မက်မှု့တွေကို မထားနဲ့။ ပေးဆပ်မှု့နဲ့ဘဲ ဘဝကိုပျော်ရွှင်အောင် ကျမတို့နှစ်ယောက် ကြိုးစားသွားကြရအောင် ကိုကျော်ရာ။
အချိန်တောင် အတော်နောက်ကျနေပြီ။ မနက်လည်း အလုပ်သွားရဦးမှာမို့ အနားမှနှိုးစက် နာရီလေးကို လှမ်းကြည့်လိုက်တော့ ၁၀နာရီထိုးပြီ။ မနက်အလုပ်အတွက် အားယူရဦးမှာမို့ ကိုကျော် ရှင်မနက်အလုပ်သွားရဦးမယ် ကျမ စကားကောင်းတာနဲ့ အချိန်တော်အတော် နောက်ကျနေပြီ ရှင်လည်းအိပ်တော့။ ကျမလည်း အိပ်တော့မယ်။ကျမ တရားဟောနေတာကို နာယူပြီး ကိုကျော်တစ်ယောက် အပြုံးတွေပိုက်ပြီး ကျေနပ်ခြင်းတွေနဲ့ အိပ်စက်သွားလေရဲ့.....
မှတ်ချက်- စိတ်ကူးသက်သက်ဖြင့် ပုံဖော်ရေးသားထားသည်။ တိုက်ဆိုင်မှု့များရှိရင် တိုက်ဆိုင်မှု့လို့သာ နားလည်ပေးပါ။ စာရေးမကောင်းသော်လည်း စာဖတ်သူများကို ကိုယ်ချင်းစာစိတ် ထားတတ်ဖို့ ဥပမာပေး ကြိုးစားပုံဖော်ထားသည်။ စာဖတ်သူမောင်နှမများလည်း ကိုယ်ချင်းစာစိတ် ထားနိုင်ကြပြီး ဘဝအမောတွေ ပြေနိုင်ကြပါစေ။
စာဖတ်သူများကို အစဉ်လေးစား
ချင်ခင်လျှက်
အလွမ်းမြို့လေး
9 comments:
စိတ်ကူးလေးက ကောင်းတယ်အလွမ်းရေ
ဒီလိုလူမျိုးတွေ လည်းရှိတတ်တာပဲလေ
ပြောသင့်တာပေါ့..
မန်ကျီးရွက်+ မြေပဲသုပ်
စာဖတ်ပြီး စားချင်နေပြီ
ဘယ်နဲ့လုပ်ရမလဲ
ကိုလွင်ပြင်က ငါးသလဲထိုးအိုးကပ်အရမ်းကြိုက်တယ်
ငါးလေးအိုးကပ်ဆိုလို့ပါ
ဘယ်နေရာပဲဖြစ်ဖြစ်ကိုယ်ချင်းစာနာတတ်မှုလေးရှိ
နေရင်ကမ္ဘာကြီးသာယာလှပနေမှာပါရှင်
အာအပေါ်က ကောင်းမိ ကောင်း၇က်ဖတ်လာပြီးမှ
အောက်ဆုံးကျမှ စိတ်ကူးသက်သက်တဲ့ 
တကယ်ထင်နေတာ
ဒါအပြင်မှာလဲတကယ်ရှိတတ်ပါတယ်
ဘာဖြစ်ဖြစ်
မိသားစုလေးနွေးနွေးထွေးထွေးတည်ဆောက်
နိုင်ဖို့ က အဓိကပါပဲ ....
ချမ်းသာခြင်း ဆင်းရဲခြင်းတွေဆိုတာ
အတိတ်ရဲ့ ရှေးဘုန်းရှေးကံနဲ့ ဆိုင်မယ်ထင်တယ်
ဗုဒ္ဓဘာသာဖြစ်ခွင့်ရတဲ့  လူ့ ဘ၀မှာ
ကုသိုလ်ကောင်းမှုလေးလုပ်ပြီး
မိသားစုပြည့်ပြည့်စုံစုံလေးဖြစ်၇င်သိပ်ကောင်းတာပေါ့
ဒါပေမယ့်တခုတော့ရှိတယ်ဗျ
ကျွန်တော်ကတော့ ၀ထ္ထုလေးထဲက
ကိုကျော်စိတ်အတိုင်းပဲ ချမ်းသာရဲ့ သားနဲ့ 
လှူဖို့ တန်းဖို့  နဲ့ ကိုယ့်ဝမ်း ကိုယ့်မိသားစု
ဝမ်းရေးကိုတောင်မသဒ္ဒါတဲ့ သူတွေဆို
ကြည့်လို့ ကိုမရဘူး
လူ ဖြစ်ရတဲ့ အခိုက်တန့် လေးမှာတော့
အဲလိုမျိုးမဖြစ်သင့်ပါဘူး ...
ခင်တဲ့ 
မိုးသူ(တောင်ကြီး)
ကိုယ်ချင်းစာတတ်ဖို့ အမြဲသတိထားဆင်ခြင်ပါတယ်.. မကြီးလွမ်းရေ.. သတိပေးပို့စ့်လေးအတွက်လည်း ကျေးဇူးတင်ရင်း မန်ကျီးရွက်+ မြေပဲသုပ်ရယ် - ကန်စွန်းရွက်+မှိုကြော် ရယ် ငါးလေး အိုးကပ်အစပ်ချက်ရယ် ငရုပ်သီးငပိကြော်ရယ် တမာချဉ်တို့လေးရယ်ကိုလည်း သရေယိုခဲ့တော့.. မကြီးလွမ်းနဲ့များ အပြင်မှာဆုံခွင့်ရရင်.. ညလေးကိုလည်း အဲ့အမယ်လေးတွေနဲ့.. ဧည့်ခံပါဦးလို့..း)
ချစ်တဲ့
ကြည်ဖြူ
ဘဝနဲ့ယှဉ်တဲ့အတွေးလေးနဲ့မို့ ဖတ်လို့ကောင်းတယ် အလွမ်းရေ။ တစ်ခါတစ်ရံ မိမိရဲ့ အမှတ်မထင် လုပ်ဆောင်မှုလေးဟာ တစ်ဖက်သားအတွက် ကြီးမားတဲ့ ထိခိုက်မှုမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ အရာရာမှာ ကြိုတင်တွေးတော ချင့်ချိန်စဉ်းစားပြီးမှ လုပ်သင့်ပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တစ်ကယ့်ကို စဉ်းစားတွေးတော သင့်တာ အမှန်ပဲ မမရေ... ဂွတ်တယ်..
မှတ်သားထားလိုက်ပါမယ်မမရေ..
“သူများဆီက ရဖို့ထက် သူများကို ဘာပြန်ပေးဆပ်ရမလဲဘဲ အမြဲတွေးထားပါ။ ဘယ်တော့မှ သူများဆီက လိုချင်တပ်မက်မှု့တွေကို မထားနဲ့။” ... မမရေ လောကမှာကိုယ့်ဆီက ပေးဆပ်မှုထက် သူများဆီကလိုချင်မှုတွေသာ ရှိနေကြမယ့် သူမျိုးတွေအတွက် ဒီပိုစ့်လေးက အရမ်းကိုအသုံးဝင်တယ် ... :)
စိတ်ကူးယဉ်ဆိုပေမယ့် တွေးတောစရာတွေအများကြီးပေးလိုက်ပါတယ် အပြင်မှာလဲ ရှိတတ်မှာပါ ။
Post a Comment