Monday 30 July 2012

(DK-ချဉ်ပေါင်ကြော်)

ဘာမှတော့မဟုတ်ပါဘူး။ အလွမ်းလက်ရာလေး  တင်ပြချင်လို့  တင်လိုက်တာပါ။ တိုင်းတစ်ပါးမှာဆိုတော့  မြန်မာစာတွေငတ်တော့   နီးစပ်ရာလေးတွေ   အဖော်ပြုခဲ့တာဘဲ။

ကဲ... အောက်မှာတော့  ချဉ်ပေါင်ကြော်။ ဒါပေမဲ့  မြန်မာပြည်ချဉ်ပေါင်လို  ရိုးတံနီရှည်ရှည်တွေ  မဟုတ်ဘူးနော်။ ဒီမှာလည်း  ချဉ်ပေါင်လေးတွေ  ရှိပါတယ်ဆိုတာ။

တိုင်းတစ်ပါးမှာ  ချဉ်ပေါင်ငတ်တော့  ချဉ်ပေါင်အစား  ဒါလေးကြော်စားကြတယ်။ ချဉ်ပေါင်အရသာပါဘဲ။ မြန်မာစာတွေ  ငတ်တော့  အစားထိုးရှာကြံစားကြပေမဲ့  တိုင်းတစ်ပါးမှာ  မိသားစုငတ်  ဇနီးမေတ္တာငတ်  ချစ်သူမေတ္တာငတ်ပြီး  နီးစပ်ရာလေးတော့  ခုလိုမရှာ(....) ကြပါနဲ့နော်။။ P..


ဒီချဉ်ပေါင်လေးတွေကို ဒီလိုမြက်ခင်းတွေမှာ  ရှာရတယ်။ တောလမ်းလေးတွေက အပင်ငယ်တွေကြားထဲ  သူပေါက်တယ်။


 (အိမ်ကလူကြီးနဲ့  ညနေဖက် စက်ဘီးစီးထွက်ရင်း  အမောပြေထိုင်နေကြ နေရာလေး။)
 အခု  တင်ပေးလိုက်တဲ့အောက်ပုံက  ချဉ်ပေါင်အုံကြီးလို့  မြင်သာအောင်  ရိုက်တင်ပေးထားတာပါ။ တကယ်  ကြော်ဖို့ဆိုရင်တော့  အရွက်နုတာလေးတွေ  ရွေးခူးရမယ်။
ချဉ်ပေါင်အုံ

အောက်ကပုံက  ခူးပြီး အလည်တိုင်ထုတ်ချွေထားတာ။
ရေသေချာပြောင်အောင်ဆေးပြီး
အိုးထဲထည့် ဆားလေးနဲ့
ကျိုထားလိုက်တာ။
(သန့်စင်ဆေးကြောပြီးသားပုံ)
 ဒါလေးကတော့ ချဉ်ပေါင်ထဲထည့်ကြော်မဲ့ 
ပုဇွန်ခြောက်

ချဉ်ပေါင်မွှေနွမ်းလာပြီးနောက် ဆီသတ်ပြီး ပုဇွန်ခြောက် နဲ့ မျှစ်+ချဉ်ပေါင် ကြော်လိုက်တာ။
ဒါလေးကတော့ ကြော်နေစဉ်  မီးဖိုပေါ်က
အိုးထဲမှ ချဉ်ပေါင်ကြော်ပုံလေးပါ


ဒီအောက်ကပုံလေးကတော့  ကြော်ထားပြီးသား
အသင့်စားသုံးရန်လေးပါ။



ကဲ...လာလည်သူများလည်း  မြန်မာချဉ်ပေါင်မဟုတ်သော  (DK)ချဉ်ပေါင်ကြော်လေးကို  မြည်းကြည့်ချင်တယ်ဆို ခပ်ယူသွားကြပါ။ အရသာကတော့ ကောင်းမှကောင်း....(ကိုယ့်ဟာကြော်ထားတာမို့ ပြောတာနော် P)



စာဖတ်သူများကို  အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့

14 comments:

လွင်ပြင်လှိုင်းငယ် said...

စားချင်စရာလေး ။

စံပယ်ချို said...

အလွမ်းရဲ့ ချဉ်ပေါင်ကြော်လေးကစားချင်စဖွယ်လေးပါကွယ်
ကြည့်ရင်းနဲ့ကို အရသာရှိပုံလေး
jas ကချဉ်တဲ့အရသာကိုကြိုက်တယ် အိမ်ကလူကမကြိုက်ဘူး...
ကြော်စားရင်လဲနဲနဲလေးပဲကြော်တယ်တစ်ယောက်ထဲစား
တာလေ-----
ဒီနေ့တော့ထမင်းစားကောင်းမယ်နော်
ထမင်းပိုချက်ပါ

mstint said...

မြန်မာအစားအစာဆိုရင် မက်မက်မောမော ကြော်ချက် စားသောက်ရတဲ့ အလွမ်းတို့လို တိုင်းတစ်ပါးရောက်နေသူတွေကို ကြော်ကျွေးချင်တယ်။ အလွမ်းကြော်တဲ့ချဉ်ပေါင်ကြော်ကလည်း စားချင်စရာ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

ဟင့်..စားချင်တယ်ဆိုနေမှ..မမလူဇိုး..ချစ်တော့ဘူး..:):)

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ချဥိပေါင်ကြော်လားစားသွားတယ်နော်...
မကြီးလွမ်း

ချစ်စံအိမ် said...

ချဉ်ပေါင်လိုပဲချဉ်လာမမရေ
ဆီများတယ်နော်လျှော့စားပါ..လူနဲ့ မတည့်ဘူး..မမရေ..

မိုးသူ(တောင်ကြီး) said...

ချဉ်ပေါင်ကြော် နဲနဲလေးမြည်းကြည့်တာ

အားးးးးးးပါးပက်ပက်စက်စက်ချဉ်တယ်

ပုဇွန်ခြောက်နဲသွားပုံရတယ်

ပုဇွန်ကျော့လေးတွေပါထည့်ကြော်ရင်

ကောင်းမှကောင်း ဟီးဟီး(စတာပါနော်)

ခင်တဲ့
မိုးသူ(တောင်ကြီး)

အလွမ်းမြို့ said...

စံပယ်-လွင်ပြင်-တီတင့်-လာရောက်အားပေးတာ ကျေးဇူး
ပါရှင့်။

(မိုးသူ)ရေ- ချဉ်ပေါင်ပါဆို ချိုပေါင်မှ မဟုတ်တာ. ကွေးကွေး ပုဇွန်ခြောက်ပါတာမှ အကောင်ကြီးကြီးတွေနော်။

(ညီမလေးလမင်း)ရေ ဆီများတယ်ဆိုတာ ဟုတ်တယ်။ဒီလိုမျိုက ဆီများမှ အကြာထားလို့ရသလို ဒီချဉ်ပေါင်က
ဆီများမှ စားလို့ကောင်းတာ။
သူက မြန်မာချဉ်ပေါင်
အတိုင်းပါဘဲ။ စားတဲ့အခါ ဆီတော့ မစားဘူးပေါ့။ကြော်တဲ့အချိန်သာ။

(ညီမလေး အိန်ဂျယ်လေး)ရေ မမလူဇိုးဟုတ်ပါဘူး။
ချစ်ကြည့်ပါလား မမကို လူဇိုးမဟုတ်ဘူးဆိုတာ သိမယ်.

(အလွမ်းကဗျာများမောင်ငယ်ရေ) အားမနာနဲ့များများ
သာစားသွားနော်။

((လာလည်သူအားလုံး အထူး ကျေးဇူးတင်ပါတီ))

ကြည်ဖြူခင်ခင် said...

အွန်.. ချဉ်ပေါင်ရွက်က ဂလိုလား.. ထူးဆန်းပါ့.. ညလေးကြည်ဖြူသိတဲ့ ချဉ်ပေါင်က မြန်မာပြည်ကချဉ်ပေါင်နီပဲ သိတာ.. ကြော်ပြီး လူမြင်အောင် ပြထားတာကလဲ.. စားချင်စဖွယ်.. သရေယိုစရာကွယ်.. မကြီးလွမ်းနော်.. အဲ့ကနေ.. သရေယိုအောင်ကြီးပဲ မလုပ်နေနဲ့.. .. နရဲကြီးမယ်.. :P

Phyu Lwin said...

ကြော်ထားတာ တကယ့်မြန်မာချဉ်ပေါင်အတိုင်းပဲ စားချင်စရာလေး.. ညီမလေးတို့ဆီမှာလဲ အဲလိုအရွက်မျိုးရှိမယ်ထင်တယ်.. တခါမှတော့ မစားဖူးသေးဘူး

Unknown said...

ကြည့်ရင်းနဲ့တောင် စားချင်လာပြီဗျာ....:-)

လေပြေချို said...

လွမ်းရေ.. ချဉ်ပေါင်ကြော်လေးကို အတွေးလေးနဲ့ မြည်းကြည့်တာ ကောင်းမှကောင်းပဲ..ဆီများတာကလွဲရင်ပေါ့
ဆီများများစားခြင်းသည် ကျန်းမာရေးကိုထိခိုက်စေနိုင်ပါသည်တဲ့...:))))

ခင်တက်တဲ့
လေပြေချို

မိစံ said...

စားမှာဘဲစားမှာဘဲ..၀ကိုလာမတားနဲ့း))
ချဉ်ပေါင်ရွက်က တစ်မျိုးလေးဘဲနော်မကြီး
သူ့မြင်ရင်ဘယ်လိုကြော်ကြော်
ဘယ်လိုချက်ချက်
ရေလုံပြုတ်တောင်ကြိုက်ပါတယ်း))
ပုဇွန်ခြောက်လေးအကောင်လိုက်ခိုးစားသွားပါတယ်း)

ချစ်ညီမ
သမံစီး

Anonymous said...

ကြည့်ချမ်း..ကြည့်ချမ်း..ဒီ မကြီးအလွမ်း တာမီးကို ဂွီအောင် ..အဲအဲ စားချင်အောင် လုပ်နေပါတယ်ဗျို့ .....းP

လက်ရာလေးက တကယ့်လက်ရာကောင်းပဲ ...DHL နဲ့ ပါဆယ်ပို့ပေးလိုက်ပါဗျို့....းး))