မောင့်လက်ကိုဆွဲ အတူတွဲလို့
လမ်းလျှောက်ထွက်ခဲ့ကြတယ်။
ကိုယ်စီစက်ဘီး
ယှဉ်ကာနှင်းပြီး အမောတွေပျောက်
ပန်းတွေကောက်ရင်း သံပြိုင်သီချင်း
တူဆိုဖူးတယ်။
အလွမ်းမျက်နှာ သာနေရင်ဖြင့်
တစ်လောကလုံးအလင်း
မောင့် မှာလင်းပြီး
အပြုံးပန်းဝေ
အပန်းတွေ ပြေပြီး
ခပ်အေးအေးလေး
မောင် ပြုံးပြတယ်။
ရေချမ်းတစ်ခွက် ခပ်ကာတိုက်လို့
အမောပြေစေ မောင့်ချစ်သက်ရေ
ဆိုကာပြောပြီး ပြုံးပြကျီစယ်
နောက်တတ်သေးတယ်။
သံသရာဆုံးတိုင်
မောင့်လက်ကိုတွဲ
8 comments:
ဘ၀တလျှေက်လုံးမှာ
အလွမ်းတွေပျောက်ပြီးပန်း
လှလှတွေ ထာဝရကောက်နိုင်ပါစေ
ချစ်တဲ့ jas
မှောင်ရေ အဲလေ မောင်ရေ ကဗျာအတွက်ဂုဏ်ပြုလိုက်တော့နော် ။
ကဗျာလေးလာအားပေးသွားပါတယ် မမအလွမ်း
ကိုယ်စီစက်ဘီလေးနဲ့ ဝါဆိုလပြည့်မှာ ဘုရားသွားမကွဲ့
ခင်တဲ့မောင်ငယ်
ဇာနည်
အလွမ်းဆိုတော့ မကြီးလွမ်းပေါ့နော် :D :D
ကဗျာလေးက ကြည်နူးစရာလေး :)
မမရေးတာလား ကိုကိုရေးတာလား..။
အားကျတယ်ကွာ..:P
တွဲပြီးသောလက် မဖြုတ်စတမ်း ဘဝဆုံးတိုင် အခက်အခဲအားလုံး ကျော်လွှားနိုင်ပါစေ အလွမ်းရေ။
ကဗျာလေး အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment