!!!! အရုပ်ဆိုင်ရှေအရောက် သားငယ်ခြေလှမ်းတွေ ဆက်သွားလို့ မရတော့ဘဲ ရပ်တန့်နေတယ်။ ကျမ သိလိုက်ပြီ။ အရုပ်ဆိုင်ထဲက တစ်ခုခုများ ကျမကို ဂျီကျပူဆာတော့ မယ်။ ခလေးသဘာဝဆိုတာ ကျမ နားလည်ပါတယ်။ ဒါပေမဲ့ ကျမ ဒီနေ့တော့ သူ့ကိုအလိုလိုက်မည် မဟုတ်တော့ပါ။
သား .. လာလေ မေမေတို့ ကားနောက်ကျတော့မယ်။ မေမေတို့ ကားနောက်ကျနေရင် သားဖိုးလေးက ဆူလိမ့်မယ် သားရဲ့။ သားကလိမ်မာပါတယ်။လာမေမေတို့ သွားကြရအောင်။ ဖိုးလေးက သားအတွက် မုန့်တွေအများကြီး ဝယ်ထားတယ်တဲ့ မေမေ့ကို မှာထားတယ်။ သွားကြရအောင်လို့ ကျမက သားကိုချော့မော့နေပေမဲ့ သားက နည်းနည်းတောင်မလှုပ်။
ကျမကလည်း သားဘာလို့ အဲဒီမှာ အကြာကြီးရပ်နေလဲ ရှေဆက်မသွားတာလဲဆိုတာ ကျမ သိနေပေမဲ့ ကျမ နှုတ်ကသားဘာလိုချင်လဲလို့ တိုက်ရိုက်မမေးခဲ့ပါ။ ကျမ ဘာပြောပြော နှုတ်ခမ်းစူပြီး ပေကပ်ကပ်နဲ့ ဆိုင်ရှေမှာ ရပ်နေတယ်။ မျက်နှာမှာလည်း ဘယ်သူ့မှ ဂရုမစိုက်တဲ့ ပုံစံမျိုးပေါ့။ သူ့အမူမယာလေးတွေက ခလေးမိုလို့ ချစ်ဖို့ကောင်းနေတယ်။
အကြာကြီးရပ်နေပြီမို့ ကျမသား ဘာလိုချင်လဲ မမေးလို့မဖြစ်တော့ပြီမို့ သားဘာလို့ ရပ်နေတာလဲ မေမေ့ကို စိတ်ကောက်နေတာလား။ ဖိုးလေးအိမ် မသွားချင်လို့လားလို့ စကားကိုသွယ်ဝှိုက်ပြောလိုက်တယ်။ သားက ခေါင်ခါပြတယ်။ သားကို ဘာလိုချင်လဲလို့ ကျမ မမေးခဲ့ပါ။ သား ဘာဖြစ်လို့ ဒီရောက်မှ ရပ်နေတာလဲမေးတော့ သားကကျမမျက်နှာကို တစ်ချက်မော့ကြည့် တယ်။ ပြီးတော့ ဘာမှမပြောဘဲ ခေါင်းပြန်ငုံ့သွားတယ်။
သား မေမေ့ကိုပြောစမ်း သားဘာဖြစ်နေလဲ။ မေမေ့ကိုစိတ်တိုအောင် မလုပ်နဲ့လို့ မာန်လိုက်တော့မှ သားက မေမေမျက်နှာလေးကိုကြည့်ပြီး သားဒီဆိုင်က အရုပ်လေးလိုချင်တယ် မေမေ။ မေမေဝယ်ပေးပါ မဝယ်ပေးရင် သား ဒီမှာဘဲရပ်နေမယ်လို့ ကျမကို ချိန်းခြောက်သလိုပြောလာတယ်။
ကဲ .. ဒါဆိုလာ ဆိုင်ထဲသွားမယ်။ သားလိုချင်တာ မေမေ့ကိုပြထား မေမေနောက်နေ့ လာဝယ်ပေးမယ်ဆို ချော့ပြောခဲ့တယ်။ တကယ်တော့ သား လိုချင်တာကို ကျမ ဝယ်ပေးမှာမဟုတ်ပါ။ သားကို ခဏတာချော့လိုက်တဲ့ ကျမရဲ့ နှစ်သိမ့်စကားပါဘဲ။ ဘာလို့လဲဆိုတော့ အရင်အပတ်ကဘဲ သားကိုဒီဆိုင်က အရုပ်ဝယ်ပေးခဲ့ပြီးပြီ။
သားလက်ကိုဆွဲ ကျမတို့၂ယောက် ဆိုင်ထဲရောက်လာတယ်။ ဆိုင်ရှင်ဦးလေးကလည်း သားကိုသိနေပြီမို့ ပြုံးပြနှုတ်ဆက်လိုက်တယ်။ သားက အရုပ်တန်းတွေရှိရာသွားပြီး သူလိုချင်တာကို ရှာနေတယ်။ ကျမသားကို ရပ်ကြည့်နေတယ်။ အရုပ်ဒီလောက်များတဲ့ဆိုင်မှာ သား ဘာကိုရှာနေတာလဲ ဆိုတာ ကျမ မသိပါ။
ခဏကြာတော့ သားကျမနားကို ပြန်ရောက်လာတယ်။ စာအုပ်တစ်အုပ်ယူလာတယ်။ သား ဒီစာအုပ်ယူမယ်တဲ့။ ကျမ မျက်လုံးဗြူးသွားတယ်။ အမ်... သားနဲ့ဒီစာအုပ် ဘာဆိုင်တုန်း။ သား အသက်က (၇)နှစ် ဒီစာအုပ်က သားတို့အရွယ် မပြောနဲ့ကျမတောင် ဘာမစာအုပ်မှန်းကို မသိတာ။ ဈေးနှုန်းကြည့်လိုက်တော့ ဒေါ်လာ - ၂၀၀တဲ့။ အသက် (၇)နှစ်သားက ဒီစာအုပ်ဘာလုပ်မှာလဲ သူ့အတွက် ဘာအကျိုးပြုနိုင်မလဲ။ သူ စာအုပ်ထဲကစာတွေ ဘာဖတ်တတ်လဲ။
ကျမ စာအုပ်လေး အတွက်ကို လှန်ကြည့်လိုက်တယ်။ စာရွက်ပေါင်း ၂၀ ရွက်လောက်ဘဲရှိပြီး ဘာမှ ထူးထူးခြားခြား မရှိဘူး။ အဖုံးလေးနဲ့ မူလစာမျက်နှာလေးမှာ ခလေးအကြိုက် လူကြီးအကြိုက် စာသားနဲ့ ပုံလေးပါတာကလွှဲလို့ပေါ့။ ကျမ တော်တော်နားမလည် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ လတ်တလော အဆင်ပြေအောင်တော့ ကျမ သားကိုချော့ရမှာဘဲ။
သားလိုချင်တာ မေမေနက်ဖြန်လာဝယ်ပေးမယ်နော်။ မေမေ ဒီနေ့ပိုက်ဆံအိတ် အိမ်မှာမေ့ကျန်ခဲ့လို့ ဆိုပြီးခလေးကို မုသားသုံးခဲ့ရတယ်။ သားလည်း မေမေဝယ်ပေးမယ်ဆိုတဲ့ အသိနဲ့ပြုံးပြုံး ရွှင်ရွှင်ကျမတို့ ဦးတည်လာတဲ့ သားဖိုးလေးအိမ်ကို ခရီးဆက်ကြပါတယ်။ လမ်းခရီးတစ်လျှောက်မှာတော့ သားက သူလိုချင်တာရတော့မှာမို့ ပျော်ရွှင်နေပေမဲ့ ကျမမှာတော့ ညကျသားလေးကို ဘယ်လိုနားချရမယ် ဆိုတာ စဉ်းစားလာခဲ့တယ်။
ဒီလိုနဲ့ညဘက်ကျမတို့ အိပ်ချိန်ရောက်တော့ သားအနားသွားပြီး ကျမ သားကိုလက်လေးနဲ့ ထွေးပွေ့ ထားတယ်။ ပြီးသားကို ပုံပြောပြလိုက်တယ်။ ပုံပြောပြရင် ကျမသားကို နက်ဖြန်ဝယ်ပေးမယ်ဆိုတဲ့ စာအုပ်လေးကို သားကိုပြောပြတယ်။ သား မေမေပြောတာ သေချာနားထောင်နော်ဆိုတော့ သားက ဟုတ်ကဲ့ မေမေတဲ့။
ဒီလိုနဲ့ ကျမဦးတည်ပြောချင်တဲ့ စကားဆီသားလေးကို သယ်သွားခဲ့တယ်။ သားလည်း ကျမစကားလုံးတိုင်းကို မျက်လုံးလေးပြူး နားလေးစွင့် နားထောင်နေခဲ့တယ်။ သား မနက်ကလိုချင်တဲ့ စာအုပ်က ဘာစာအုပ်လဲဆိုတာ သားသိလားဆိုတော့ သားကမသိဘူးမေမေတဲ့။ သားကို မေမေ အဲဒီစာအုပ်ဝယ်ပေးခဲ့မယ်ဆို သား ဘယ်နေရာမှာ အသုံးပြုမှာလဲလို့ မေးလိုက်တော့လဲ မသိဘူးတဲ့။ ဒီစာအုပ်တန်ဖိုး ဘယ်လောက်လဲဆိုတာ သားသိလားဆိုတော့ သိတယ်တဲ့။ ဒေါ်လာ (၂၀၀)တဲ့။ ဒါဆို သားက ဒီစာအုပ်ကို ဘာလို့လိုချင်တာလဲလို့ ကျမ မေးလိုက်တော့ သားက စာအုပ်အဖုံးလေက အရုပ်လေးလိုချင်လို့တဲ့။
ခလေးပီပီ သူ့စိတ်ထဲရှိတာ ပြောလိုက်တာဘဲ။ အဲတော့ ကျမသားကိုထပ်မေးလိုက်တယ်။ သား ကိုကိုနဲ့ မမ ကိုချစ်လား။ မေမေကိုရော ချစ်လားဆိုတော့ သားက ချစ်တာပေါ့ မေမေရဲ့တဲ့။ ဒါဆိုသားကို မေမေပြောပြမယ်။ သားအခုလိုချင်တဲ့ စာအုပ်ကိုသားဘယ်မှာ သုံးမယ်ဆိုတာလဲ သားမသိ။ ဘာစာအုပ်လဲဆိုတာ သားမသိ။ သားသိတာ စာအုပ်တန်ဖိုး (၂၀၀)ဘဲ။ သားစိတ်ထဲမှာ ဒီငွေ (၂၀၀)က ဘာမှမဟုတ်လောက်ဘူး မေမေ ပေးနိုင်တယ်ဆိုတာလောက်ဘဲ။
သားကိုမေမေ ပြောပြမယ်နော်။ အရင်အပတ် သားအတွက် ခလေးဂိမ်းဝယ်တာ သားမှတ်မိလား။ အဲဒီဂိမ်းလေးကို သားကြိုက်တယ်မို့လား။ အဲဒီနေ့ သားဆော့သေးတယ်မို့လား ဆိုတော့ ဟုတ်ကဲ့ မေမေတဲ့။ သား ကိုကိုနဲ့မမလည်း အားလပ်ချိန် သားဂိမ်ကိုယူတော့တယ်မို့လား။ အဲတော့ သား ဂိမ်းဝယ်တော့ ကိုကိုနဲ့မမက သားနဲ့အတူ ကစားလို့ရတယ်။ အခု သားဝယ်ချင်တဲ့ သားလိုချင်တဲ့ စာအုပ်လေးက ကိုကိုလည်းနားမလည်ဘူး မမလည်းနားမလည်ဘူး မေမေလည်းနားမလည်ဘူး သားလည်း နားမလည်ဘူး။ အရုပ်လေးလှလို့ ဝယ်ချင်တာဘဲဆို သားအတွက်အလကားဘဲပေါ့။ သား မေမေ ပိုက်ဆံဖြုန်းသလို ဖြစ်တာပေါ့သားရယ်။
အဲဒီစာအုပ် ဒေါ်လာ (၂၀၀)က သားပြောသလို လွယ်လွယ်လေး မေမေဝယ်ပေးလို့ရပါတယ် ဆိုတာဟုတ်ပါတယ်။ မေမေ သားကိုဝယ်ပေးလို့ရပါတယ်။ ဒါပေမဲ့ သားအတွက် အကျိုးမရှိတာမို့ မေမေတော့ မဝယ်ပေးချင်ဘူးသား။ သားပြောသလို ဒေါ်လာ(၂၀၀)မေမေ့မှာ ရှိတာမှန်ပေမဲ့ သားလိုချင်တာ မေမေ မဝယ်ပေးချင်ဘူး။ သား ဒီစာအုပ်ဝယ်ပြီး ဘာမှသုံးလို့ ရတာမဟုတ်သလို ဘာအတွက်သုံးတာလဲ သားမသိဘူး။ သားပြောတဲ့ ဒီငွေ (၂၀၀)ဟာ မေမေတို့ မိသားစု (၁)လ မီးဖိုချောင်အတွက် လုံလောက်သလို အိမ်လစာပေးလည်း ရတယ်။ဒါမှမဟုတ် သား ကိုကိုနဲ့မမ ကျူရှင်စရိတ် အသုံးပြုမယ်ဆိုလည်း လုံလောက်တယ်။ ဒါမှမဟုတ် သား မွေးနေ့မှာသား အလှူပြုချင်တယ် မွေးနေ့ပွဲမှာ သူငယ်ချင်းတွေကို ကျွေးချင်တယ် သားဖိုးဖိုးဖွားဖွားကို ကန်တော့ချင်လို့ လက်ဆောင်ဝယ်ချင်တယ်ဆိုလည်း သုံးလို့ရတယ်။
အခုသားလိုချင်တဲ့ စာအုပ်က ဘယ်သူအတွက်မှ အကျိုးလည်းမပြုသလို သားအတွက်လည်း အကျိုးမရှိပါဘူးသား။ သားလိုချင်တယ်ဆိုတာ မေမေသိတယ်။ ဒါပေမဲ့ သားဘာလို့ လိုချင်တယ် ဘာအတွက်လိုချင်တယ် ဘယ်မှာအသုံးပြုရမယ်ဆိုတာ သားမှမသိတာ။ သားဝယ်ပြီး ၁ပတ်လောက်ဆို သား ဒီတိုင်းပစ်ထားမှာ မေမေသိတယ်။သားဒီစာအုပ်ယူမယ်ဆို သားမေမေ့ကို မချစ်လို့ ကိုကိုနဲ့မမကို မချစ်ဘဲ သားကိုယ်သားဘဲ ချစ်လို့။ သားအတွက်လည်း အသုံးမဝင် ကိုကို+မမ အတွက်လည်း အသုံးမဝင် သူတစ်ပါးအတွက်လည်း အသုံးမဝင်တဲ့ စာအုပ်ကိုမယူပါနဲ့လား။ သား မေမေ့ကို ချစ်တယ်ဆိုရင်ပေါ့။ ကျမ စကားဆုံးတော့ သားအခန်းထဲကနေ ကျမ ထွက်သွားခဲ့တယ်။
သားရဲ့စိတ်ခံစားမှု့ကို ကျမ သိချင်လို့ခုလို သားကို အခန်းထဲထားပြီး ကျမ အပြင်ထွက်သွားခဲ့တာပါ။ မကြာပါဘူး သား ကျမနောက်ကိုလိုက်လာပြီး မေမေ့ဆိုပြီး ကျမ ခါးကိုလာဖက်ပြီး ငိုတယ်။ ကျမ သားခေါင်းလေးကို အသာပွတ်သပ်ပေးပြီး မငိုပါနဲ့သားရယ်လို့ ချော့လိုက်တယ်။ အဲဒီတော့မှ သားက မေမေ ဒီစာအုပ်လေး သား မယူတော့ဘူးလို့ ကျမကိုဖက်ပြီး ပြောခဲ့တယ်။
ကျမ နှုတ်မှလည်း ငါ့သားကလိမ်မာပြီးသား မေမေ သိတာပေါ့။ သားလိမ်မာတယ်ဆိုတာ အဲလိုလေးပြောပြီး နှစ်သိမ့်ပေးလိုက်တယ်။
အဲဒီအချိန်ကစ သား. စိတ်ထဲမှာ အဲဒီစာအုပ်ဝယ်ဖို့ အစွဲအလန်းမရှိတော့ပါဘူး။ ခလေးသဘာဝမို့ အရုပ်လေးပါတာကို လိုချင်ကြတာမှန်ပေမဲ့ မိဘဖြစ်တဲ့ ကျမတို့က ခလေးတွေကို မဝယ်ပေးဘူးဆိုတဲ့ စကားလုံးကြမ်းကြမ်းတွေ သုံးနှုန်းပြီး ရိုက်နက်ပြောဆို သူတို့လေးတွေကို စိတ်ဒဏ်ရာပေးမဲ့အစား ခုလို အကျိုးအကြောင်းလေးကို သေချာရှင်းပြတော့ သိတတ်တဲ့ လူကြီးမဆိုထားနဲ့ဦး ခလေးငယ်လေးတောင် လက်ခံလာတတ်ပါတယ်။
အဲဒီအချိန်ကစ သား. စိတ်ထဲမှာ အဲဒီစာအုပ်ဝယ်ဖို့ အစွဲအလန်းမရှိတော့ပါဘူး။ ခလေးသဘာဝမို့ အရုပ်လေးပါတာကို လိုချင်ကြတာမှန်ပေမဲ့ မိဘဖြစ်တဲ့ ကျမတို့က ခလေးတွေကို မဝယ်ပေးဘူးဆိုတဲ့ စကားလုံးကြမ်းကြမ်းတွေ သုံးနှုန်းပြီး ရိုက်နက်ပြောဆို သူတို့လေးတွေကို စိတ်ဒဏ်ရာပေးမဲ့အစား ခုလို အကျိုးအကြောင်းလေးကို သေချာရှင်းပြတော့ သိတတ်တဲ့ လူကြီးမဆိုထားနဲ့ဦး ခလေးငယ်လေးတောင် လက်ခံလာတတ်ပါတယ်။
ကျမ စာဖတ်သူများကို ဘာပြောပြချင်လဲဆိုတော့ အသက်(၇)နှစ်အရွယ် ရှိတဲ့ခလေးလေးဟာ ခလေး သဘာဝအလျှောက် အရုပ်ပါတဲ့ စာအုပ်လေးကို လိုချင်မိတာမှန်ပေမဲ့ စာအုပ်ရဲ့အသုံးဝင်ပုံနဲ့ တန်ဖိုးကို သူ့မေမေသေချာရှင်းပြတော့ သူနားလည်သွားခဲ့တယ်။
ကျမတို့နေ့စဉ်ကြုံတွေ့နေရတဲ့ လောကမှာ ဘယ်အရာဘဲ ပြုမှုဆောင်ရွက်ပါစေ မပြူခင် စဉ်းစားသင့်တာက ကျမတို့အခု ပြုလုပ်လိုက်မဲ့အလုပ်ဟာ ကိုယ်အတွက် အကျိုးရှိမလား ဒါမှမဟုတ် သူတစ်ပါးအတွက်အကျိုးရှိမလား မပြုခင်စဉ်းစားသင့်ပါတယ်။ ဘယ်အမှု့ဘဲပြုပြု ကိုယ့်အတွက်လဲ အကျိုးမရှိ သူတစ်ပါးအတွက်လည်း အကျိုးမရှိရင် မလုပ်ဆောင်သင့်ပါဘူး။
ကိုယ့်စိတ်ရဲ့ ဦးဆောင်မှု့နောက် ကိုယ်လုပ်ဆောင်မယ်ဆို ကိုယ့်အတွက်အကျိုးရှိပါစေ သို့မဟုတ် သူတစ်ပါးအတွက် အကျိုးရှိပါစေ။ သင့်ရဲ့ ကုန်ဆုံးသွားမဲ့ ငွေဖြစ်စေ အချိန်ဖြစ်စေ မိမိအတွက် ဖြစ်စေ (သို့မဟုတ်) လိုအပ်နေသူတွေအတွက် အကျိုးပြုအသုံးချမယ်ဆို သင်ဟာ တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်သွားမယ်ဆိုတော ဧကန်မုချမလွှဲပါ။
စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး
17 comments:
အသုံးချနိယာမလေးကို လာဖတ်သွားတယ်
အလွမ်းရေ ..
မှတ်သားဖွယ်ရာလေးပါပဲ
အလည်လာရင်း စာလေးကိုဖတ်သွားတယ်နော်
မှတ်သားစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
ဇာတ်လမ်းလေးကကောင်းသလို..
ပေးထားတဲ့အသိပညာကလည်းကောင်းတယ်..
မကြီးလွမ်း...
အဲနည်းလေးမှတ်ထားမယ် မမ..
လမင်းကလေးရရင်မဆူဘူး ပိုစ့်လေးအတိုင်းပြောမယ် :P
သားလေး ..ရလာမယ့်နေကျရင်..မမလိုပဲ ဆုံးမရမယ် ဟိဟိ ..ခုတော့ ဖေဖေအရင်ရှာအုံးမှ...:P:P:P
အားပေးသွားတယ် အမရေ...
ကလေးတွေကို နားလည်သဘောပေါက်အောင် မိဘတိုင်းက ခုလိုလေး ပြောမယ်ဆိုရင် အနာဂတ်ရဲ့ သားသမီးကာင်းရတနာလေးတွေ ဖြစ်လာမှာ အမှန်ပါပဲဗျာ...
ကလေးတွေရဲ့ နူးညံ့ဖြူစင်တဲ့စိတ်လေးမှာ မှန်ကန်တဲ့ အတွေးလေးတွေ စုစည်းဖွဲ့စည်းပြီး သန္ဓေတည်သွားဘို့က အနီးကပ်လမ်းညွှန်ပြပေးတဲ့ အုပ်ထိန်းသူတို့အပေါ်မှာ မူတည်တယ် အလွမ်းရေ။ ဇာတ်လမ်းလေးကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကောင်းလိုက်တဲ့ အသိပေးပို့စ်လေးပါ မကြီးလွမ်း၊ အရေး အသား ညိမ့်ညိမ့်လေးနဲ့ တကယ်ပဲ မေကြီးက သားငယ်ကို နားလည်အောင် သေချာရှင်းပြသလို စာဖတ်သူတွေကိုလည်း သေချာလေးကို ရှင်းပြခဲ့တာပဲ ..
အင်း ညီမလေး အိန်ဂျယ်လှိုင်ကတော့နော် ...အဟဲ ပဲ ပြောတော့်မယ်းP
ပညာပေးတဲ့ ပို့လေးကို အားပေးသွားတယ်နော် အလွမ်း ။ကျန်းမာရေးလဲ ဂရုစိုက်အုံး ။
မေ့နေတဲ့ အသိတရားလေးတွေကိုသံချောင်းခေါက်ပေး
လိုက်သလိုပါပဲ
မမကြီး...... လာဖတ်သွားတယ်...ဖတ်ရတာ ပညာရတယ်..
မမကြီးကိုကျေးဇူးတင်ပါတယ်..ကျမ်းမာပျော်၇ွှုင်ပါစေ...
အန်တီတင့်ပြောသလိုပါပဲ လွမ်းရေ...“ကလေးတွေရဲ့ နူးညံ့ဖြူစင်တဲ့စိတ်လေးမှာ မှန်ကန်တဲ့ အတွေးလေးတွေ စုစည်းဖွဲ့စည်းပြီး သန္ဓေတည်သွားဘို့က အနီးကပ်လမ်းညွှန်ပြပေးတဲ့ အုပ်ထိန်းသူတို့အပေါ်မှာ မူတည်ပါတယ်”...။
ခင်တက်တဲ့
လေပြေချို
ကောင်းလိုက်တဲ့ပို့စ်လေးပါမကြီးလွမ်းရေ...
ကလေးဆိုတဲ့အရွယ်အင်မတန်နူးညံ့သိမ်မွေ့တဲ့အရွယ်ပါ..ထိလွယ်ရှလွယ်အရွယ်ဆိုရင်လည်းမမှားပါဘူးအမ
ရေ...သူတို့ရဲ့ဖြူစင်နေတဲ့အသိစိတ်ဓါတ်ကလေးတွေဟာအုပ်ထိန်းသူမိဘတွေကြောင့်အရောင်တွေစွန်းထင်းကုန်ကြတတ်တာပါ...မကြီးရဲ့ဒီပို့စ်လေးကတော့အ
ရွယ်သုံးပါးလုံးအတွက်တန်းဖိုးရှိတဲ့ပို့စ်လေးပါအမရေ..
ကျွန်တော်တို့အတွက်တော့လေ့လာသင်ယူစရာတွေပေါ့ခင်ဗျာ...ပို့စ်လေးအတွက်ကျေးဇူးတင်ပါတယ် မကြီးရေ.....
ခင်မင်စွာဖြင့်
ရာဇာထွေး
အသိတရားရစေတဲ့ ပိုစ့်လေးပါ မကြီးလွမ်းရေ
ခင်တဲ့ မိုးသူ(တောင်ကြီး)
မကြီးလွမ်းရေ.. ၀တ္ထုတိုလေးက တကယ်ကို ဗဟုသုတပေးသွားတာပဲ.. အရေးလဲကောင်း.. ပညာပေးလေးလဲကောင်းနဲ့.. အချက်အပြုတ်ကောင်းတဲ့ ငါ့မကြီးလွမ်းရေးထားလို့ဖြစ်မယ်.. :)
သားလေးက လိမ္မာလိုက်တာ။ ကိုယ်ကိုတိုင်လဲ အသိတရားယူသွားတယ်။ ကျေးဇူး မမ။
သားလေးက လိမ္မာလိုက်တာ။ ကိုယ်ကိုတိုင်လဲ အသိတရားယူသွားတယ်။ ကျေးဇူး မမ။
Post a Comment