Friday 31 August 2012

ချစ်သူဖတ်ဖို့-၃



ရေးချနေတာတွေက
ကဗျာ...မဟုတ်ဘူး
ရင်ထဲကထွက်ကျလာတဲ့
ခံစားချက်တွေပါ


ပြောပြနေတာတွေကလည်း
ပုံပြင်မဟုတ်ဘူး
ရင်ထဲက ပွင့်အန်ကျလာတဲ့
ခံစားမှု့တွေပါ


လက်ဆွဲနှုတ်ဆက်တာကလည်း
လမ်းခွဲဖို့မဟုတ်ခဲ့ဘူး
နှလုံးသားရဲ့ 
အနက်ရှိုင်းဆုံးနေရာထိ  တိုးဝင်ဖို့ပါ


ကျောချင်းကပ်ခဲ့တာ
ဝေးကွာမှာကြောက်လို့မဟုတ်ဘူး
ဖြစ်လာမဲ့ အတားအဆီးအတွက် ရှေနောက်
ကိုယ်စီထိပ်တိုက် ဖြေရှင်းကြဖို့ပါ


မျက်ရည်မိုးတွေစွေနေတာ
ငိုနေတာမဟုတ်ဘူး
မင်းမြင်တတ်အောင် ပြုံးပြနေတာပါ။



စာဖတ်သူများကိုအစဉ်လေးစားချင်ခင်လျှက်
အလွမ်း

8 comments:

မိုးညချမ်း said...

မမရေ ... ညလေး တစ်ကယ်ရေးဖြစ်နေတာတွေက “ကဗျာ”တွေမဟုတ်ပါဘူး ... ရင်ထဲကတစ်ဆစ်ဆစ်နဲ့နာကျင်နေရတဲ့ ဒဏ်ရာဒဏ်ချက်တွေ အကြောင်းတွေ ဖြစ်ပါ၏ ... :)

Angelhlaing(May everybody be happy and healthy! said...

ရေးချနေတာတွေက
ကဗျာ...မဟုတ်ဘူး
ရင်ထဲကထွက်ကျလာတဲ့
ခံစားချက်တွေပါ
.....
ဒီလိုနဲ့ ခံစားချက်လေးတွေ အကြိမ်ကြိမ် ရေးချနေမိရင်းပေါ့.....

လေပြေချို said...

ရေးချနေတာတွေက
ကဗျာ...မဟုတ်ဘူး
ရင်ထဲကထွက်ကျလာတဲ့
ခံစားချက်တွေပါ...
လေပြေ ခံစားချက်ကဗျာလေးကို ချစ်သူထက်ဦးပြီး ခံစားဖတ်ရှုသွားပါတယ်... :))))
ခင်တက်တဲ့
လေပြေချို

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

မျက်ရည်မိုးတွေစွေနေတာ
ငိုနေတာမဟုတ်ဘူး
မင်းမြင်တတ်အောင် ပြုံးပြနေတာပါ။
.....စာသားလေးကောင်းတယ်မကြီးလွမ်း....

လရိပ်အိမ် said...

ကောင်းလိုက်တဲ့ခံစားချက် -----ရေးချနေတာတွေက
ကဗျာ...မဟုတ်ဘူးဆိုလို့လေ။ အရမ်းကောင်းတယ်။

3rdthameetaw said...

ခဏခဏ ချချရေးမိပါတယ်
ခံစားချက်တွေကိုပေါ့

ဖြိုးဇာနည် said...

ဘာလေးပဲလုပ်လုပ် ရင်ဘတ်နဲ့လုပ်တတ်သူပါလားနော်

Phyu Lwin said...

ဒီကဗျာလေးကောင်းတယ်ဆိုတာ အပေါ်ယံမဟုတ်ဘူး .. ရင်ထဲက တစ်ကယ်ကြိုက်လို့ ပြောမိတာပါ :)