ကဗျာ...မဟုတ်ဘူး
ရင်ထဲကထွက်ကျလာတဲ့
ခံစားချက်တွေပါ
ပြောပြနေတာတွေကလည်း
ပုံပြင်မဟုတ်ဘူး
ရင်ထဲက ပွင့်အန်ကျလာတဲ့
ခံစားမှု့တွေပါ
လက်ဆွဲနှုတ်ဆက်တာကလည်း
လမ်းခွဲဖို့မဟုတ်ခဲ့ဘူး
နှလုံးသားရဲ့
အနက်ရှိုင်းဆုံးနေရာထိ တိုးဝင်ဖို့ပါ
ကျောချင်းကပ်ခဲ့တာ
ဝေးကွာမှာကြောက်လို့မဟုတ်ဘူး
ဖြစ်လာမဲ့ အတားအဆီးအတွက် ရှေနောက်
ကိုယ်စီထိပ်တိုက် ဖြေရှင်းကြဖို့ပါ
မျက်ရည်မိုးတွေစွေနေတာ
ငိုနေတာမဟုတ်ဘူး
မင်းမြင်တတ်အောင် ပြုံးပြနေတာပါ။
စာဖတ်သူများကိုအစဉ်လေးစားချင်ခင်လျှက်
အလွမ်း
အလွမ်း
8 comments:
မမရေ ... ညလေး တစ်ကယ်ရေးဖြစ်နေတာတွေက “ကဗျာ”တွေမဟုတ်ပါဘူး ... ရင်ထဲကတစ်ဆစ်ဆစ်နဲ့နာကျင်နေရတဲ့ ဒဏ်ရာဒဏ်ချက်တွေ အကြောင်းတွေ ဖြစ်ပါ၏ ... :)
ရေးချနေတာတွေက
ကဗျာ...မဟုတ်ဘူး
ရင်ထဲကထွက်ကျလာတဲ့
ခံစားချက်တွေပါ
.....
ဒီလိုနဲ့ ခံစားချက်လေးတွေ အကြိမ်ကြိမ် ရေးချနေမိရင်းပေါ့.....
ရေးချနေတာတွေက
ကဗျာ...မဟုတ်ဘူး
ရင်ထဲကထွက်ကျလာတဲ့
ခံစားချက်တွေပါ...
လေပြေ ခံစားချက်ကဗျာလေးကို ချစ်သူထက်ဦးပြီး ခံစားဖတ်ရှုသွားပါတယ်... :))))
ခင်တက်တဲ့
လေပြေချို
မျက်ရည်မိုးတွေစွေနေတာ
ငိုနေတာမဟုတ်ဘူး
မင်းမြင်တတ်အောင် ပြုံးပြနေတာပါ။
.....စာသားလေးကောင်းတယ်မကြီးလွမ်း....
ကောင်းလိုက်တဲ့ခံစားချက် -----ရေးချနေတာတွေက
ကဗျာ...မဟုတ်ဘူးဆိုလို့လေ။ အရမ်းကောင်းတယ်။
ခဏခဏ ချချရေးမိပါတယ်
ခံစားချက်တွေကိုပေါ့
ဘာလေးပဲလုပ်လုပ် ရင်ဘတ်နဲ့လုပ်တတ်သူပါလားနော်
ဒီကဗျာလေးကောင်းတယ်ဆိုတာ အပေါ်ယံမဟုတ်ဘူး .. ရင်ထဲက တစ်ကယ်ကြိုက်လို့ ပြောမိတာပါ :)
Post a Comment