အားလုံးဘဲ မင်္ဂလာပါ ...ပါ....ပါ..... ( အဆင်ပြေလား အဆင်ပြေတယ်ဆို ပိုက်ဆံ နည်းနည်းချေးပါ။) P.....အာဇာနည်ကို အားကျပြီး အော်ကြည့်တာ။ အယ် လောလောဆယ် တင်စရာပိုစ့်လေးလည်းမရှိတော့ ခက်ပြီ။ အင်းလေ လာလည်သူတွေလည်း ဓါတ်ပုံကြည့်ခွင့်ရအောင် အလွမ်း ဓါတ်ပုံတစ်ချို့တင်မယ်နော်။ စက်တင်ဘာ (၂၂)ရက်နေ့က မိလွမ်းရဲ့ ရန်ကုန်အိမ်မှာ သံဃာတစ်ချို့ ပင့်ပြီး တစ်ရက်ပဌာန်းလေးနဲ့ ဘုရားအနေကဇာတင်ခဲ့တယ်။ လာလည်တဲ့ သူငယ်ချင်းများလည်း ဓါတ်ပုံ ကြည့်သွားကြပေါ့။ မိလွမ်းပုံတော့ မပါဘူးနော်။ -P-
ဒါကတော့ မိလွမ်းတို့ ရန်ကုန်အိမ်က (ဘုရားကျောင်းဆောင်)နှင့်
သံဃာတော်များမှ ဘုရားအနေကဇာတင်နေပုံ လေးပါ။
အရှင်မိမလဝံသမှ မိသားစုဝင်များနှင့် ကြွရောက်လာတဲ့ ဓမ္မမိတ်ဆွေများကို တရားတော်ချီးမြင့်ဟောကြားခဲ့ပုံ
မိသားစုဝင်များနှင့် ကြွရောက်တရားနာယူသူများ
ဖေဖေ+မေမေတို့မှလှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းနေပုံ
ဖေဖေ+မေမေတို့မှသံဃာတော် အရှင်သူမြတ်များအား ဆွမ်းကပ်နေစဉ်
သံဃာတော်အရှင်သူမြတ်များမှဆွမ်းဘုဉ်းပေးနေစဉ်(အာရုံဆွမ်းနှင့် နေ့ဆွမ်း)
နောက်ဆုံးကတော့ အချိုပွဲလေးပါဘဲ။
ဓါတ်ပုံကတော့ အများကြီးပါ။ဒါပေမဲ့ ဒီလောက်လေးနဲ့ ပြည့်စုံနေပြီမို့ ဒီပုံလေးတွေသာ တင်ပေးလိုက်ပါတယ်။ လည်ရောက်လည်ပတ်သော မောင်နှမများလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
စာဖတ်သူများကိုအစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး
11 comments:
ဓာတ်ပုံတွေကြည့်ပြီး သာဓုခေါ်သွားပါတယ်မမလွမ်း..
ပြုပြုသမျှ ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုအတွက် သာဓု သာဓု သာဓု။
အလွမ်းကိုမတွေ့ပါလား လိုက်ရှာနေတာ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အလည်လာရင်း အာဇာနည်သီချင်းသံကြားတော့ နည်းနည်းတော့ လန့်သွားတယ် :P
မကြီးလွမ်းပျောက်နေတာကြာပြီနော်
လက်စသက်တော့ အလုပ်တွေများနေတာကိုး
ပုံလေးတွေကိုကြည့်ပြိး ပီတိဖြစ်မိပါတယ်
မကြီးလွမ်းပုံတော့ မပါဘူး လူလည်ကျတာ ဟိဟိ
အားပေးသွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
ဒီတခါတော့ ကန်ဒီဓာတ်ပုံကြည့်အလှည့်ပေါ့နော်... ကန်ဒီ့ဆီလာတိုင်းမကြီးလွမ်းက ဓာတ်ပုံကြည့်ကြည့်ပြန်သွားတတ်တာ... ဒီတခေါက်တော့ ကန်ဒီလည်း ကြည့်ရပြီ... :D :D
အလှူပုံလေးတွေကြည့်ပြီး
အလွမ်းတို့မိသားစု နောင်လဲ ဒီထက်လှူနိုင်ပါစေလို့
ပုံတွေအတွက်လဲ ပီတိဖြစ်ရတယ်
ပုံတွေလည်းကြည့်သွားတယ်မကြီးလွမ်း..
အလှုထမင်းဟင်းလည်း သရေကျသွားတယ်
မကြီးလွမ်းပုံဘာလို့မပါတာလဲ။ မကြီးလွမ်းပါလဲဘယ်သိပါ့မလဲ။ မြင်မှမမြင်ဖူးတာ။
ကိုယ့်ဓာတ်ပုံကိုယ်ကြည့်သွားပါတယ်။ ကျန်းမာချမ်းသာပါစေ။
သာဓု သာဓု သာဓု :)
အလှူအတွက် ကြည်နူးစိတ်နဲ့ သာဓုခေါ်သွားပါတယ် အစ်မ..။
ကြည်နူးမိတယ် မရေ....နောက်များမှာ ဒိထက်မက
လှူနိုင်တန်းနိုင်ပါစေ..မ..ဆုမွန်ချွေခဲ့တယ်နော်..
ခင်မင်နေတဲ့..ညီမလေးမိုးနတ်
Post a Comment